တာချီလိတ်မြို့ရှောင်လမ်းအတွက်‌ မြေယာလျော်ကြေးပေးအပ်ရန် ကျန်သူများနှင့် ဆက်လက်ညှိနှိုင်းမည်

တာချီလိတ်မြို့ရှောင်လမ်းအတွက်‌ မြေယာလျော်ကြေးပေးအပ်ရန် ကျန်သူများနှင့် ဆက်လက်ညှိနှိုင်းမည်
သြဂုတ် 14, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှောင်လမ်းအတွက်‌ မြေယာလျော်ကြေးပေးအပ်ရန် ကျန်သူများနှင့် ဆက်လက်ညှိနှိုင်းမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အရှေ့မြို့ရှောင်လမ်းဖောက်လုပ်ရာမှာ ပါဝင်သွားတဲ့ မြေယာပိုင်ရှင်တွေကို မြေယာလျော်ကြေးတွေပေးအပ်ခဲ့ပြီးနောက် ကျန်ရှိနေတဲ့ တောင်သူ (၁၄) ဦး နဲ့ ပတ်သက်ပြီး ကွင်းဆင်းတိုင်းတာမှုတွေ လုပ်ဆောင်ပေးပြီး သူတို့နဲ့ညှိနှိုင်းမှုတွေလုပ်ဆောင်သွားမယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)အနီးမှနေ၍ မယ်ဆိုင်ချောင်းတလျှောက် စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်းအထိ ဖောက်လုပ်နေတာဖြစ်ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့မှာတော့ တာချီလိတ်မြို့ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမမှာ လျော်ကြေးပေးဖို့ကျန်ရှိနေတဲ့ တောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~