AA စစ်ဦးစီးချုပ်၏ဇနီးနှင့် ကလေးများကို လုပ်ထုံးလုပ်နည်းအရ ခွဲထားပြီး စစ်ဆေးနေသော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုမရှိဟု ထိုင်းရဲတပ်ဖွဲ့ ပြောကြား

AA စစ်ဦးစီးချုပ်၏ဇနီးနှင့် ကလေးများကို လုပ်ထုံးလုပ်နည်းအရ ခွဲထားပြီး စစ်ဆေးနေသော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုမရှိဟု ထိုင်းရဲတပ်ဖွဲ့ ပြောကြား
ဒီဇင်ဘာ 14, 2019
By Tachileik News Agency
AA စစ်ဦးစီးချုပ်၏ဇနီးနှင့် ကလေးများကို လုပ်ထုံးလုပ်နည်းအရ ခွဲထားပြီး စစ်ဆေးနေသော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုမရှိဟု ထိုင်းရဲတပ်ဖွဲ့ ပြောကြား

AA စစ်ဦးချုပ်၏ ဇနီးနှင့်ကလေး (၂) ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖေါက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း အရေးယူခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖေါက်မှု မရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက မီဒီယာများကို ပြောကြားလိုက်သည်ကို  ဘန်ကောက်ပို့စ်သတင်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့က ဖေါ်ပြထားသည်။

တာဝန်ရှိသူများ အနေဖြင့် ခရီးသွားများ၏ အခြေအနေနှင့် အနေအထားကိုလိုက်၍ အရေးယူခြင်းမဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

AA စစ်ဦးစီးချုပ်၏ ဇနီး နှင်းဇာဖြူနှင့် ကလေး (၂)ဦးကို ခွဲထားပြီး စစ်ဆေးနေသဖြင့် ဝေဖန်ခံနေရသဖြင့် ရဲတပ်ဖွဲ့က ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းမှာ နိုင်ငံတကာက လက်ခံထားသည့် လူ့အခွင့်အရေးစံနှုန်းများအတိုင်း ဆောင်ရွက်နေပါသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

နှင်းဇာဖြူက တတိယနိုင်ငံတစ်ခုတွင် UN တွင် တောင်းဆိုထားသည့်အတိုင်း တတိယနိုင်ငံတစ်ခုသို့ သွားရောက်ခွင့် ပေးခြင်း သို့မဟုတ် နေရပ်ပြန်ပို့ခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောဆိုထားခြင်းမရှိကြောင်း သိရသည်။

နှင်းဇာဖြူသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနတွင် ကလေး (၂)ဦးနှင့်အတူ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် သွားရောက်စဉ် မြန်မာအစိုးရက အဆိုပါ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းထားပြီးဖြစ်၍ တရားမဝင် ဝင်ရောက်မှုဖြင့် ထိန်းသိမ်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ကနဦးတွင် ၎င်းတို့အား မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည်ဟု သတင်းများထွက်လာသော်လည်း ထိုင်းနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဥပဒေအရ စစ်ဆေးမှုများ လုပ်ဆောင်ဆဲဖြစ်၍ လွှဲပြောင်းခြင်းကိစ္စကို မဆုံးဖြတ်ရသေးကြောင်း သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

AA သည် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့များက သံသယရှိခံရသည့် အရပ်သားများကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~