တောင်ကြီးမြို့နယ် အေးသာယာ - ရွှေညောင်သွား လမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ်ပေါ်က ပိုင်ရှင်မဲ့ သစ်များ သိမ်းဆည်းရမိ

တောင်ကြီးမြို့နယ် အေးသာယာ - ရွှေညောင်သွား လမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ်ပေါ်က ပိုင်ရှင်မဲ့ သစ်များ သိမ်းဆည်းရမိ
ဒီဇင်ဘာ 12, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာ - ရွှေညောင်သွား ကားလမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ်ပေါ်က တရားမဝင်သစ်များကို ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

တောင်ကြီးမြို့နယ် အေးသာယာ - ရွှေညောင်သွား ကားလမ်းဘေးတွင် ရပ်တန့်၌ထားသည့် HINO အမျိုးအစား (၆)ဘီးယာဉ်အား ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့က သက်ဆိုင်ရာများမှ သွားရောက်စစ်ဆေးရာမှ တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်မှ အင်သစ် အမျိုးအစား (၃၆)လုံးကို တွေ့ရှိရာ စုစုပေါင်း အလေးချိန်မှာ (၆.၄၂၂၀)တန်ရှိပြီး တရားမဝင်သစ်များ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ ပိုင်ရှင် နှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - သစ်တောဦးစီးဌာန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~