ပြည်နယ်ဝန်ကြီးချုပ်ဖလား ၂၁ နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲများ ကျိုင်းတုံနှင့် တာချီလိတ်တွင် ကျင်းပ

ပြည်နယ်ဝန်ကြီးချုပ်ဖလား ၂၁ နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲများ ကျိုင်းတုံနှင့် တာချီလိတ်တွင် ကျင်းပ
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
ပြည်နယ်ဝန်ကြီးချုပ်ဖလား ( ၂၁ )နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲများ
ကျိုင်းတုံနှင့် တာချီလိတ်တွင် ကျင်းပ

၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စတင်ဖွင့်လှစ်လိုက်ပြီး အုပ်စုပွဲများကို ကျိုင်းတုံနှင့် တာချီလိတ်တို့၌ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။

“ဖွင့်ပွဲကတော့ ကျိုင်းတုံမှာဖွင့်မှာပါ။ အဲဒီထဲကမှ တာချီလိတ်ဇုံမှာ ယှဉ်ပြိုင်ကြမယ့်အသင်းတွေက ညနေမှာ တာချီလိတ်ရောက်ကြမယ်။ ဒီမှာတော့ ဖွင့်ပွဲမလုပ်တော့ဘူး။ မနက်ဖြန်ကစပြီး ပြိုင်ပွဲတွေရှိသွားမယ်။ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ကတော့ ကျိုင်းတုံမှာ ကစားမှာပါ”ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာချီလိတ်ခရိုင်  လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု(က)တွင်ပါဝင်သည့် တောင်ကြီးခရိုင်၊ မိုးမိတ်ခရိုင်၊ ကျောက်မဲခရိုင်နှင့် အုပ်စု(၈)တွင်ပါဝင်သည့် ကျိုင်းတုံခရိုင်၊ လားရှိုးခရိုင်၊ လင်းခေးခရိုင်အသင်းများက ကျိုင်းတုံမြို့တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အုပ်စု(ခ)တွင် ပါဝင်သည့် တာချီလိတ်ခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်နှင့် အုပ်စု(ဃ)တွင်ပါဝင်သည့် လွိုင်လင်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ ဟိုပန်ခရိုင်အသင်းများက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့မှစ၍ တာချီလိတ်မြို့တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~