တာချီလိတ်တွင် မူးယစ်ဆေးဖြင့် ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၅)ဦးအနက် (၂)ဦး ပြစ်ဒဏ်စေ့၍ ပြည်နှင်

တာချီလိတ်တွင် မူးယစ်ဆေးဖြင့် ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၅)ဦးအနက် (၂)ဦး ပြစ်ဒဏ်စေ့၍ ပြည်နှင်
နိုဝင်ဘာ 7, 2019
By Tachileik News Agency

တာချီလိတ်တွင် မူးယစ်ဆေးဖြင့် ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၅)ဦးအနက် (၂)ဦး ပြစ်ဒဏ်စေ့၍ ပြည်နှင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား (၅) ဦးအနက် မူးယစ်ဆေးနှင့်ပတ်သက်မှုမရှိသည့် ထိုင်းနိုင်ငံသား (၂)ဦးကို လဝကအက်ဥပဒဖြေင့် အရေးယူပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် ပြည်နှင်ဒဏ်ပေးလိုက်ပြီဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် တိမ်းရှောင်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုပြည်နယ်ရဲတပ်ဖွဲ့ဦးဆောင်သည့် ရဲတပ်ဖွဲ့က လိုက်လံ စစ်ဆေးမှုအတွင်း ဆန်ဆိုင်း(က)ရပ်ကွက်၊ စန္နကူးလမ်းအတွင်းရှိ လုံးချင်း(၃)ထပ်တိုက်နေအိမ်၌ ထိုင်းနိုင်ငံသား(၅)ဦးအား စိတ်ကြွဆေးပြား (၁၈)ပြား၊ အိုက်စ် (ဝ.၈)ဂရမ်နှင့်အတူ ဖမ်းမိထားခြင်းဖြစ်သည်။

ဖမ်းဆီးရမိစဉ်က

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား Jaroemrit Ulotok၊ Samran Downkrajay၊ Suree Phromrat၊ Chaiya နှင့် Mo တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူး/စိတ်ဥပဒေပုဒ်မ ၁၆(၈)/၂၁ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရာ Chaiya နှင့် Mo တို့နှစ်ဦးသည် မူးယစ်ဆေးဝါးမှုနှင့် မပတ်သက်သဖြင့် မူးယစ်မှုမှ လွတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိစဉ်က

နိုင်ငံတွင်း ခိုးဝင်သည့် Chaiya နှင့် Mo တို့အား ဒဏ်ငွေ ကျပ် (၅)သိန်းစီ သို့မဟုတ် ထောင်ဒဏ် (၆)လစီ အမိန့်ချမှတ်ခဲ့ရာ တရားခံများက ဒဏ်ငွေပေးဆောင်ခဲ့ပြီး ပြစ်ဒဏ်ငွေကျခံပြီးဖြစ်သဖြင့် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)မှနေ၍ ပြည်နှင်ဒဏ်အသီးသီးပေးလိုက်ခြင်းဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း
တာချီလိတ်မြို့တွင် တိမ်းရှောင်တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆေးစစ်မှုများ ပြုလုပ်စဉ် ထိုင်းနိုင်ငံသား(၅)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net