တာခ်ီလိတ္ၿမိဳ႕တြင္ တိမ္းေရွာင္တရားခံမ်ား ဖမ္းဆီးရမိေရးအတြက္ စံုစမ္းေဆးစစ္မႈမ်ား ျပဳလုပ္စဥ္ ထိုင္းႏုိင္ငံသား(၅)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ တိမ္းေရွာင္တရားခံမ်ား ဖမ္းဆီးရမိေရးအတြက္ စံုစမ္းေဆးစစ္မႈမ်ား ျပဳလုပ္စဥ္ ထိုင္းႏုိင္ငံသား(၅)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းမိ
ဇူလိုင် 10, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ တိမ္းေရွာင္တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ သတင္းရေနအိမ္မ်ားအား ရဲတပ္ဖြဲ႔မွ လိုက္လံစစ္ေဆးမႈမ်ား ျပဳလုပ္ေနရာတြင္ ဆန္ဆိုင္း(က)ရပ္ကြက္အတြင္းရွိ ေနအိမ္တြင္ ထိုင္းႏုိင္ငံသား(၅)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဇူလိုင္လ(၁၀)ရက္ေန႔ ညေနပိုင္းက ဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳ႕ရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

 တာခ်ီလိတ္ၿမိဳ႕တြင္ တိမ္းေရွာင္တရားခံမ်ားအား ဖမ္းဆီးရမိေရးႏွင့္ ဒုစရိုက္မႈမ်ားေလ်ာ့ပါေရးအတြက္   ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ဒုျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီးမင္းေအာင္၊ ဒုခရိုင္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးအုန္းလြင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦး ႏွင့္ ၿမိဳ႕မစခန္းမွဴးဒုရဲမွဴးသန္းထြန္းေအာင္တို႔ အနီးကပ္ႀကီးၾကပ္ကာ သတင္းရရွိသည့္ ေနအိမ္မ်ားအား ခရိုင္(မႈ/ႏွိမ္)မွ ရဲအုပ္ႏိုင္ေဇာ္ ႏွင့္အဖြဲ႔၊  ျပည္နယ္(မႈ/ကူ)မွ ရဲအုပ္ေမာင္မ်ဳိး ႏွင့္ ရဲတပ္ၾကပ္ ထြန္း၀င္းေဇာ္ အပါအ၀င္ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္ေဆာင္ ဒုရဲအုပ္ေက်ာ္ေဇယ် ႏွင့္ တပ္ဖြ႔ဲ၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(က)ရပ္ကြက္၊ စႏၷကူးလမ္းအတြင္းရွိ လံုးခ်င္း(၃)ထပ္တိုက္ေနအိမ္တြင္ ထိုင္းႏုိင္ငံသား (၅)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ အဆိုပါ ေနအိမ္အား ၀င္ေရာက္ စစ္ေဆးရွာေဖြရာ ထိုင္းႏုိင္ငံမ်ားျဖစ္သည့္ အသက္(၃၃)ႏွစ္ရွိ Jaroemrit Ulotok ၊ အသက္ (၃၇)ႏွစ္ရွိ Samran Downkrajay ၊ အသက္ (၄၅)ႏွစ္ရွိ Suree Phromrat  ၊ အသက္(၃၃)ႏွစ္ရွိ Chaiya ႏွင့္ အသက္(၄၆)ႏွစ္ရွိ Mo တို႔အား ေတြ႔ရွိရၿပီး ေနအိမ္၏ ဒုတိယထပ္ အိပ္ခန္းအတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၁၈)ျပားႏွင့္ အိုက္စ္(ေရခဲ) (၀.၈)ဂရမ္ ႏွင့္ မူးယစ္ေဆး၀ါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား ရွာေဖြေတြ႔ရွိ သိ္မ္းဆည္းရမိေၾကာင္း သိရသည္။

 "ကြ်န္ေတာ္တို႔ ပိတ္ဆို႔ရွာေဖြစစ္ေဆးရင္းနဲ႔ သတင္းရတာေပါ့။ အဲဒီေနရာသြားစစ္ေတာ့ ယိုးဒယား (၅) ေယာက္မိတယ္။ ေဆးျပား (၁၈) ျပားနဲ႔ အိုက္စ္ေတြနဲ႔မိတယ္။ ခုေတာ့စစ္ေနတုန္း"ဟု တာခ်ီလိတ္ၿမို႕မရဲစခန္းမွ ရဲအရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၎တို႔သည္ တာခ်ီလိတ္သို႔ တရား၀င္ ၀င္ေရာက္ကာ ေနထိုင္ျခင္း ဟုတ္မဟုတ္ ကို စစ္ေဆးေနလ်က္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် တိမ်းရှောင်တရားခံများအား ဖမ်းဆီးရမိရေးအတွက် သတင်းရနေအိမ်များအား ရဲတပ်ဖွဲ့မှ လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေရာတွင် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နေအိမ်တွင် ထိုင်းနိုင်ငံသား(၅)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဇူလိုင်လ(၁၀)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိ၍ တာချီလိတ်မြို့ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 တာချီလိတ်မြို့တွင် တိမ်းရှောင်တရားခံများအား ဖမ်းဆီးရမိရေးနှင့် ဒုစရိုက်မှုများလျော့ပါရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး နှင့် မြို့မစခန်းမှူးဒုရဲမှူးသန်းထွန်းအောင်တို့ အနီးကပ်ကြီးကြပ်ကာ သတင်းရရှိသည့် နေအိမ်များအား ခရိုင်(မှု/နှိမ်)မှ ရဲအုပ်နိုင်ဇော် နှင့်အဖွဲ့၊ ပြည်နယ်(မှု/ကူ)မှ ရဲအုပ်မောင်မျိုး နှင့် ရဲတပ်ကြပ် ထွန်းဝင်းဇော် အပါအဝင် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ကျော်ဇေယျ နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ စန္နကူးလမ်းအတွင်းရှိ လုံးချင်း(၃)ထပ်တိုက်နေအိမ်တွင် ထိုင်းနိုင်ငံသား (၅)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ အဆိုပါ နေအိမ်အား ဝင်ရောက် စစ်ဆေးရှာဖွေရာ ထိုင်းနိုင်ငံများဖြစ်သည့် အသက်(၃၃)နှစ်ရှိ Jaroemrit Ulotok၊ အသက် (၃၇)နှစ်ရှိ Samran Downkrajay၊ အသက် (၄၅)နှစ်ရှိ Suree Phromrat၊ အသက်(၃၃)နှစ်ရှိ Chaiya နှင့် အသက်(၄၆)နှစ်ရှိ Mo တို့အား တွေ့ရှိရပြီး နေအိမ်၏ ဒုတိယထပ် အိပ်ခန်းအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၈)ပြားနှင့် အိုက်စ်(ရေခဲ) (ဝ.၈)ဂရမ် နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိ်မ်းဆည်းရမိကြောင်း သိရသည်။

 "ကျွန်တော်တို့ ပိတ်ဆို့ရှာဖွေစစ်ဆေးရင်းနဲ့ သတင်းရတာပေါ့။ အဲဒီနေရာသွားစစ်တော့ ယိုးဒယား (၅) ယောက်မိတယ်။ ဆေးပြား (၁၈) ပြားနဲ့ အိုက်စ်တွေနဲ့မိတယ်။ ခုတော့စစ်နေတုန်း"ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍၎င်းတို့သည် တာချီလိတ်သို့ တရားဝင် ဝင်ရောက်ကာ နေထိုင်ခြင်း ဟုတ်မဟုတ် ကို စစ်ဆေးနေလျက်ရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net