ကျောက်မဲတွင် စားသောက်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီး (၂)ဦးတို့ သေဆုံး

ကျောက်မဲတွင် စားသောက်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီး (၂)ဦးတို့ သေဆုံး
နိုဝင်ဘာ 3, 2019
By 🌸
ကျောက်မဲတွင် စားသောက်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီး (၂)ဦးတို့ သေဆုံး
************

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ မုံလာခြံရပ်ကွက်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ  (၃) ရက်နေ့ နေ့လယ်ပိုင်းက စားသောက်ဆိုင်အတွင်း သေနတ်ဖြင့်ဝင်ပစ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီး (၂)ဦးတို့ သေဆုံးသွားသည်။

ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ မုံလာခြံရပ်ရှိ "နမ့်ခုံး" စားသောက်ဆိုင်အတွင်း ထိုင်နေသူ အမျိုးသား (၃) ဦးမှာ နေ့လယ် (၂)နာရီခွဲဝန်းကျင်က သေနတ်ဖြင့်ပစ်ခံရပြီး (၂)ဦးမှာ နေရာတွင်သေဆုံးသွားကာ ဒဏ်ရာရထားသူတစ်ဦးမှာ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ ကျောက်မဲမြို့နှင့် (၅) မိုင်ခန့်ဝေးကွာသည့် မိုင်းတင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းရင်၊ ကျေးရွာ ရွာသူကြီးဟောင်း ဦးစိုင်းဆုဇေယျနှင့် မိုင်းတင်းကျေးရွာအုပ်စု နားမွန်းကျေးရွာမှ နားမွန်းရွာသူကြီး ဦးစိုင်းအိုက်တင်းတို့ဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသူများနှင့် ဒဏ်ရာရသူကို နမ့်ခုံးရှမ်းများလူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့်အတူ နယ်မြေတပ်မတော်က စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ကျောက်မဲခရိုင် သီပေါမြို့တွင်လည်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက လက်တောက်ဇယ်ခုံ၌ ကစား နေသူတစ်ဦးအား ဆိုင်ကယ်စီးလာသူတစ်ဦးက နာမည်မေးကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူမှာ ဆေးကုသမှုအချိန်မီခံယူနိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေက်ာက္မဲတြင္ စားေသာက္ဆုိင္အတြင္း ဝင္ေရာက္ပစ္ခတ္၍ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရြာသူႀကီး (၂)ဦးတုိ႔ ေသဆံုး
************

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ မံုလာၿခံရပ္ကြက္တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ  (၃) ရက္ေန႔ ေန႔လယ္ပိုင္းက စားေသာက္ဆိုင္အတြင္း ေသနတ္ျဖင့္ဝင္ပစ္၍ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရြာသူႀကီး (၂)ဦးတုိ႔ ေသဆံုးသြားသည္။

ေက်ာက္မဲၿမိဳ႕၊ အမွတ္ (၈) ရပ္ကြက္၊ မံုလာၿခံရပ္ရွိ "နမ့္ခံုး" စားေသာက္ဆိုင္အတြင္း ထိုင္ေနသူ အမ်ိဳးသား (၃) ဦးမွာ ေန႔လယ္ (၂)နာရီခြဲဝန္းက်င္က ေသနတ္ျဖင့္ပစ္ခံရၿပီး (၂)ဦးမွာ ေနရာတြင္ေသဆံုးသြားကာ ဒဏ္ရာရထားသူတစ္ဦးမွာ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စဥ္ ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။

ေသဆံုးသူမ်ားမွာ ေက်ာက္မဲၿမိဳ႕ႏွင့္ (၅) မိုင္ခန္႔ေဝးကြာသည့္ မိုင္းတင္းေက်းရြာမွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး စိုင္းထြန္းရင္၊ ေက်းရြာ ရြာသူႀကီးေဟာင္း ဦးစိုင္းဆုေဇယ်ႏွင့္ မိုင္းတင္းေက်းရြာအုပ္စု နားမြန္းေက်းရြာမွ နားမြန္းရြာသူႀကီး ဦးစိုင္းအိုက္တင္းတို႔ျဖစ္သည္ဟု သိရသည္။

ေသဆံုးသြားသူမ်ားႏွင့္ ဒဏ္ရာရသူကို နမ့္ခံုးရွမ္းမ်ားလူမႈကူညီေရးအသင္းက ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

အဆိုပါပစ္ခတ္မႈႏွင့္ပတ္သက္၍ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕ႏွင့္အတူ နယ္ေျမတပ္မေတာ္က စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု သိရသည္။

ေက်ာက္မဲခရိုင္ သီေပါၿမိဳ႕တြင္လည္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလအတြင္းက လက္ေတာက္ဇယ္ခံု၌ ကစား ေနသူတစ္ဦးအား ဆိုင္ကယ္စီးလာသူတစ္ဦးက နာမည္ေမးကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့မႈျဖစ္ပြားခဲ့ၿပီး ပစ္ခတ္ခံရသူမွာ ေဆးကုသမႈအခ်ိန္မီခံယူႏိုင္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net