လားရိႈးၿမိဳ႕တြင္ တိုင္းရင္းသားယဥ္ေက်းမႈမဟာသႀကၤန္ဖြင့္ပြဲကို သႀကၤန္အက်ေန႔တြင္ က်င္းပ

လားရိႈးၿမိဳ႕တြင္ တိုင္းရင္းသားယဥ္ေက်းမႈမဟာသႀကၤန္ဖြင့္ပြဲကို သႀကၤန္အက်ေန႔တြင္ က်င္းပ
ဧပြီ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ တိုင္းရင္းသားယဥ္ေက်းမႈမဟာသႀကၤန္ဖြင့္ပြဲကို ယဥ္ေက်းမႈကြင္းတြင္ သႀကၤန္အက်ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၄) ရက္ေန႔ နံနက္ပိုင္းက က်င္းပသည္။

တိုင္းရင္းသားေပါင္းစံုရိုးရာသႀကၤန္ပြဲတြင္ လားရိႈးၿမိဳ႕ရွိ ကိုးကန္႔၊ ရွမ္း၊ လီဆူ၊ ဝ၊ မံုးဝန္း၊ လားဟူ၊ ဗမာ၊ ကခ်င္၊ ပေလာင္၊ ေျမာင္ဇီး(ခ)မႈန္႔ စသည့္ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔မ်ားက ပါဝင္ေဖ်ာ္ေျဖခဲ့ၾကၿပီး စတုဒီသာ မ႑ပ္မ်ားကလည္း ဧၿပီလ (၁၆)ရက္ေန႔အထိ ေန႔စဥ္ေကၽြးေမြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

မဟာသႀကၤန္ဖြင့္ပြဲအခမ္းအနားသို႔ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး၊ ျပည္နယ္ဒုတိယအေထြေထြအုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာ တာဝန္ရိွသူမ်ား တက္ေရာက္ၾကသည္။

သႀကၤန္ကာလတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ျပည္သူ႔စစ္တပ္ဖြဲ႔ဝင္မ်ားက လံုၿခံဳေရး ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တိုင်းရင်းသားယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲကို ယဉ်ကျေးမှုကွင်းတွင် သင်္ကြန်အကျနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

တိုင်းရင်းသားပေါင်းစုံရိုးရာသင်္ကြန်ပွဲတွင် လားရှိုးမြို့ရှိ ကိုးကန့်၊ ရှမ်း၊ လီဆူ၊ ဝ၊ မုံးဝန်း၊ လားဟူ၊ ဗမာ၊ ကချင်၊ ပလောင်၊ မြောင်ဇီး(ခ)မှုန့် စသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ပါဝင်ဖျော်ဖြေခဲ့ကြပြီး စတုဒီသာ မဏ္ဍပ်များကလည်း ဧပြီလ (၁၆)ရက်နေ့အထိ နေ့စဉ်ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သင်္ကြန်ကာလတွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net