ကျောက်မဲမြို့တွင် လနှင့်ချီ၍ တိုက်ပွဲရှောင်နေရသူများထဲက အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် လိုအပ်သူများကို စိစစ်ထုတ်ပေး

ကျောက်မဲမြို့တွင် လနှင့်ချီ၍ တိုက်ပွဲရှောင်နေရသူများထဲက အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် လိုအပ်သူများကို စိစစ်ထုတ်ပေး
ဇန်နဝါရီ 28, 2021 | ရှမ်းမြောက်

ကျောက်မဲမြို့တွင် လနှင့်ချီ၍ တိုက်ပွဲရှောင်နေရသူမျာရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် လနှင့်ချီ၍ တိုက်ပွဲရှောင်နေသည့် လွယ်အံ(တင်း)ဒေသမှ ဒေသခံများမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား စိစစ်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့၌ ထုတ်ပေးသည်။ 

ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ (၂၈) ရက်နေ့၌ ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်း (၄) ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၉၇) စုတို့အတွက် ပိန္နဲကုန်းကျေးရွာအုပ်စု၊ ဝါဆိုကျောင်းတိုက်သို့  အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သွားရောက်ပေးအပ်ခြင်းဖြစ်သည်။



အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၏  ကျောက်မဲမြို့နယ်ဦးစီးရုံးမှ တိုက်ပွဲရှောင်ပြည်သူများထဲမှ အိမ်ထောင်စုစာရင်းမရှိသေးသည့် အိမ်ထောင်စု (၉၇) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ဒေသခံ (၆၉) ဦးတို့ကို နိုင်ငံသားစိစစ်ပြီးနောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ၊  မွေး/ တိုး၊ သေဆုံး/ ပယ်ဖျက်ခြင်း စသည့်လုပ်ငန်းများကို  ဇန်နဝါရီ ၅ ရက်နေ့မှ စ၍ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ၊ လွယ်အံတင်း ကျေးရွာအုပ်စုတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့မှစတင်၍ RCSS နှင့် TNLA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်း (၄) နေရာ၌ လွယ်အံတင်းကျေးရွာအုပ်စုရှိ ကျေးရွာ (၆) ရွာမှ ဒေသခံ (၁၀၄၂) ဦး၊ အိမ်ထောင်စု (၂၇၁) စုတို့ လာရောက်တိမ်းရှောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...