တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၁) တွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းထားသော်လည်း လျော့ကျသွားခြင်းမရှိသေး

တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၁) တွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းထားသော်လည်း လျော့ကျသွားခြင်းမရှိသေး
အောက်တိုဘာ 24, 2019
By 🌸
တာချီလိတ်မြို့ရှိ  မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၁) တွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းထားသော်လည်း လျော့ကျသွားခြင်းမရှိသေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် နှစ်နိုင်ငံညှိနှိုင်းပြီး အမှတ် (၂)တံတားမှ မော်တော်ယာဉ်အချို့ ဖြတ်သန်းခွင့်ပေးလိုက်သော်လည်း တံတားအမှတ် (၁)တွင် ယာဉ်ကြောပိတ်ဆို့မှု ရှိနေဆဲဖြစ်သည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် မြန်မာ၊ ထိုင်းနှစ်နိုင်ငံသဘောတူညီချက်ဖြင့် လူနာတင်ယာဉ်နှင့် ကျောင်းကြိုပို့ယာဉ်များအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့မှစ၍ ကုန်စည်ပို့ဆောင်ရေးအတွက် သီးသန့်အသုံးပြုနေသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) မှ ဖြတ်သန်းခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

 မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)ကို ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက်သာ အသုံးပြုနေခြင်းဖြစ်သော်လည်း တစ်နိုင်တစ်ပိုင် ကုန်စည်သယ်သည့်ယာဉ်များကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် အသုံးပြုနေသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) မှ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။

ချစ်ကြည်ရေးတံတားအမှတ် (၁)တွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးအတွက် ကျောင်းကြိုပို့နှင့် လူနာတင်ယာဉ်များကို အမှတ်(၂)တံတားသို့ ပြောင်းလဲ ဖြတ်သန်းခွင့်ပေးလိုက်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၌ နံနက် (၁၁)နာရီမှ  ညနေ (၁)နာရီခွဲကျော်အထိ ယာဉ်ကြောပိတ်ဆို့နေခဲ့ခြင်းဖြစ်သည်။

ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပွားနေသည့် တံတားအမှတ် (၁)တွင် သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း အောက်တိုဘာလ (၁၁)ရက်နေ့က နံနက် (၈)နာရီမှ ညနေ (၃)နာရီခွဲအထိ စံချိန်တင် ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ရိွ  ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရး တံတားအမွတ္ (၁) တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈ ေလွ်ာ့ခ်ေရး ႏွစ္ႏုိင္ငံညိႇႏိႈင္းေျဖရွင္းထားေသာ္လည္း ေလ်ာ့က်သြားျခင္းမရိွေသး

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁) တြင္ အခ်ိန္ၾကာျမင့္စြာ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖရွင္းရန္ ႏွစ္ႏုိင္ငံညိႇႏိႈင္းၿပီး အမွတ္ (၂)တံတားမွ ေမာ္ေတာ္ယာဥ္အခ်ိဳ႕ ျဖတ္သန္းခြင့္ေပးလုိက္ေသာ္လည္း တံတားအမွတ္ (၁)တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈ ရိွေနဆဲျဖစ္သည္။

ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁)တြင္ အခ်ိန္ၾကာျမင့္စြာ ယာဥ္ေၾကာပိတ္ဆုိ႔မႈကို ေျဖရွင္းရန္ ျမန္မာ၊ ထုိင္းႏွစ္ႏုိင္ငံသေဘာတူညီခ်က္ျဖင့္ လူနာတင္ယာဥ္ႏွင့္ ေက်ာင္းႀကိဳပို႔ယာဥ္မ်ားအား ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၉)ရက္ေန႔မွစ၍ ကုန္စည္ပို႔ေဆာင္ေရးအတြက္ သီးသန္႔အသံုးျပဳေနသည့္ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) မွ ျဖတ္သန္းခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

 ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၂)ကို ကုန္စည္သယ္ယူပို႔ေဆာင္ေရးအတြက္သာ အသံုးျပဳေနျခင္းျဖစ္ေသာ္လည္း တစ္ႏုိင္တစ္ပိုင္ ကုန္စည္သယ္သည့္ယာဥ္မ်ားကို အျပည္ျပည္ဆုိင္ရာ ဝင္ထြက္ေပါက္အျဖစ္ အသံုးျပဳေနသည့္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၁) မွ ျဖတ္သန္းခြင့္ျပဳထားျခင္းျဖစ္သည္။

ခ်စ္ၾကည္ေရးတံတားအမွတ္ (၁)တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈ ေလွ်ာ့ခ်ေရးအတြက္ ေက်ာင္းႀကိဳပို႔ႏွင့္ လူနာတင္ယာဥ္မ်ားကို အမွတ္(၂)တံတားသို႔ ေျပာင္းလဲ ျဖတ္သန္းခြင့္ေပးလုိက္ေသာ္လည္း ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖရွင္းႏုိင္ျခင္းမရိွေသးဘဲ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔၌ နံနက္ (၁၁)နာရီမွ  ညေန (၁)နာရီခြဲေက်ာ္အထိ ယာဥ္ေၾကာပိတ္ဆို႔ေနခဲ့ျခင္းျဖစ္သည္။

ယာဥ္ေၾကာပိတ္ဆုိ႔မႈ မၾကာခဏျဖစ္ပြားေနသည့္ တံတားအမွတ္ (၁)တြင္ သီတင္းကၽြတ္ပိတ္ရက္ကာလအတြင္း ေအာက္တိုဘာလ (၁၁)ရက္ေန႔က နံနက္ (၈)နာရီမွ ညေန (၃)နာရီခြဲအထိ စံခ်ိန္တင္ ၾကာျမင့္စြာ ယာဥ္ေၾကာပိတ္ဆုိ႔ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net