တာချီလိတ်မြို့ (ဆ) မြေကွက်သစ်အတွင်း ကျူးကျော်နေထိုင်သူများ အောက်တိုဘာ (၃၁) ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးထား

တာချီလိတ်မြို့ (ဆ) မြေကွက်သစ်အတွင်း ကျူးကျော်နေထိုင်သူများ အောက်တိုဘာ (၃၁) ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးထား
အောက်တိုဘာ 21, 2019
By 🌸
တာချီလိတ်မြို့ (ဆ) မြေကွက်သစ်အတွင်း ကျူးကျော်နေထိုင်သူများ အောက်တိုဘာ (၃၁) ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၀၅ ခုနှစ်ကတည်းက (ဆ)  မြေကွက်သစ်အဖြစ် မြေကွက်ပေါင်း (၁၆၀)ကျော် ချထားပေးရာ လူနေထိုင်ခြင်းမရှိဘဲ ခြုံနွယ်ထူထပ်သည့်နေရာဖြစ်နေ၍ မြေကွက်ပြန်လည်ဖေါ်ဆောင်နေပြီး ကျူးကျော်နေထိုင်သူများကိုလည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ပေးရန် သတိပေးထားသည်။

ဝိန်းကျောက်ရပ်ကွက်အတွင်း (ဆ) မြေကွက်သစ်အဖြစ် ၂၀၀၅ ခုနှစ်၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ရှမ်းပြည်နယ်အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ခင်ဇော်လက်ထက်က ခွင့်ပြုပေးခဲ့ပြီး ပေ (၄၀ x ၆၀)  မြေကွက်ပေါင်း (၁၆၀) ကျော်ချထားပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ လူနေထိုင်ခြင်းမရှိဘဲ ခြုံနွယ်ထူထပ်သည့်နေရာဖြစ်နေ၍ ဝင်ရောက်နေထိုင်သူအချို့ ရှိလာခြင်းဖြစ်သည်။

"မြေကွက်ဖော်တဲ့နေရာမှာလည်း ဆိုင်းဘုတ်တွေထောင်မယ်။ ကျူးကျော်နေတဲ့သူတွေက အောက်တိုဘာ (၃၁) ရက်နေ့ နောက်ဆုံးထားရွှေ့ပြောင်းပေးဖို့ နောက်ဆုံးနို့တစ်စာပို့ထားတယ်။ ထွက်မပေးရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခြုံနွယ်ထူထပ်နေသည့် (ဆ) မြေကွက်သစ်နေရာတွင် မြေကွက်များ ပြန်လည်ဖေါ်ဆောင်ခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့တွင် သက်ဆိုင်ရာဌာနများနှင့် မြေကွက်ပိုင်ရှင်များက ဆောင်ရွက်နေကြခြင်းဖြစ်သည်။

အဆိုပါမြေကွက်သစ်နေရာတွင် ကျူးကျော်နေထိုင်သည့် နေအိမ် (၈) လုံးကို ဖယ်ရှားပေးရန်အတွက် ရပ်ကျေး၊ မြို့နယ်များမှ အကြောင်းကြားစာ (၃) ကြိမ်ပို့ဆောင်ထားပြီး နောက်ဆုံးအကြိမ် အကြောင်းကြားစာကို အောက်တိုဘာ (၂၀) ရက်နေ့တွင် ပေးပို့ထားကာ လိုက်နာမှုမရှိပါက တရားဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ၿမိဳ႕ (ဆ) ေျမကြက္သစ္အတြင္း က်ဴးေက်ာ္ေနထိုင္သူမ်ား ေအာက္တိုဘာ (၃၁) ရက္ေန႔ ေနာက္ဆံုးထား ဖယ္ရွားေပးရန္ သတိေပးထား
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၀၅ ခုႏွစ္ကတည္းက (ဆ)  ေျမကြက္သစ္အျဖစ္ ေျမကြက္ေပါင္း (၁၆၀)ေက်ာ္ ခ်ထားေပးရာ လူေနထုိင္ျခင္းမရိွဘဲ ၿခံဳႏြယ္ထူထပ္သည့္ေနရာျဖစ္ေန၍ ေျမကြက္ျပန္လည္ေဖၚေဆာင္ေနၿပီး က်ဴးေက်ာ္ေနထုိင္သူမ်ားကိုလည္း ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၁)ရက္ေန႔ ေနာက္ဆံုးထား၍ ဖယ္ေပးရန္ သတိေပးထားသည္။

ဝိန္းေက်ာက္ရပ္ကြက္အတြင္း (ဆ) ေျမကြက္သစ္အျဖစ္ ၂၀၀၅ ခုႏွစ္၊ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ရွမ္းျပည္နယ္အေရွ႕ပိုင္း ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳးေရးေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္ခင္ေဇာ္လက္ထက္က ခြင့္ျပဳေပးခဲ့ၿပီး ေပ (၄၀ x ၆၀)  ေျမကြက္ေပါင္း (၁၆၀) ေက်ာ္ခ်ထားေပးခဲ့ျခင္းျဖစ္ၿပီး လက္ရိွအခ်ိန္ထိ လူေနထုိင္ျခင္းမရိွဘဲ ၿခံဳႏြယ္ထူထပ္သည့္ေနရာျဖစ္ေန၍ ဝင္ေရာက္ေနထုိင္သူအခ်ိဳ႕ ရိွလာျခင္းျဖစ္သည္။

"ေျမကြက္ေဖာ္တဲ့ေနရာမွာလည္း ဆိုင္းဘုတ္ေတြေထာင္မယ္။ က်ဴးေက်ာ္ေနတဲ့သူေတြက ေအာက္တိုဘာ (၃၁) ရက္ေန႔ ေနာက္ဆံုးထားေရႊ႕ေျပာင္းေပးဖို႔ ေနာက္ဆံုးႏို႔တစ္စာပို႔ထားတယ္။ ထြက္မေပးရင္ ဥပေဒအရ အေရးယူေဆာင္ရြက္သြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿခံဳႏြယ္ထူထပ္ေနသည့္ (ဆ) ေျမကြက္သစ္ေနရာတြင္ ေျမကြက္မ်ား ျပန္လည္ေဖၚေဆာင္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ သက္ဆုိင္ရာဌာနမ်ားႏွင့္ ေျမကြက္ပိုင္ရွင္မ်ားက ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

အဆိုပါေျမကြက္သစ္ေနရာတြင္ က်ဴးေက်ာ္ေနထိုင္သည့္ ေနအိမ္ (၈) လံုးကို ဖယ္ရွားေပးရန္အတြက္ ရပ္ေက်း၊ ၿမို႕နယ္မ်ားမွ အေၾကာင္းၾကားစာ (၃) ႀကိမ္ပို႔ေဆာင္ထားၿပီး ေနာက္ဆံုးအႀကိမ္ အေၾကာင္းၾကားစာကို ေအာက္တိုဘာ (၂၀) ရက္ေန႔တြင္ ေပးပို႔ထားကာ လိုက္နာမႈမရိွပါက တရားဥပေဒႏွင့္အညီ ဖယ္ရွားရွင္းလင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net