ဆွစ်ဇာလန်၊ အိန္ဒိယ၊ စပိန်၊ ရုရှား၊ ပြင်သစ်နှင့် ဆော်အာရေးဗီးယား ဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

ဆွစ်ဇာလန်၊ အိန္ဒိယ၊ စပိန်၊ ရုရှား၊ ပြင်သစ်နှင့် ဆော်အာရေးဗီးယား ဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ
အောက်တိုဘာ 22, 2019
By 🌸
ဆွစ်ဇာလန်၊ အိန္ဒိယ၊ စပိန်၊ ရုရှား၊ ပြင်သစ်နှင့် ဆော်အာရေးဗီးယား ဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

ဆွစ်ဇာလန်၊ အိန္ဒိယ၊ စပိန်၊ ရုရှား၊ ပြင်သစ်နှင့် ဆော်အာရေးဗီးယားနိုင်ငံသား (၇)ဦးပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့က မြန်မာနိုင်ငံ တမူးနယ်စပ်ဖြတ်သန်းပြီး (၅)ရက်အကြာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)မှနေ၍ ထွက်ခွာသွားကြသည်။

မော်တော်ယာဉ် (၁)စီးနှင့် ဆိုင်ကယ် (၅)စီးပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် မြန်မာနိုင်ငံတွင်းသို့ တမူးနယ်စပ်မှ ဖြတ်သန်းဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

ဆိုင်ကယ်စီးနိုင်ငံခြားသားအဖွဲ့များက မြန်မာနိုင်ငံတွင်းသို့ တမူးနယ်စပ်မှဝင်ပြီး တာချီလိတ်နယ်စပ်မှ ပြန်ထွက်သည့် တမူး - ဂန့်ဂေါ - ပုဂံ - နမ့်စန် - ကျိုင်းတုံ - တာချီလိတ် (၅)ရက်ကြာ ဆိုင်ကယ်ခရီးလမ်းကြောင်းဖြင့် လာရောက်လည်ပတ်လေ့ရှိကြခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ဆြစ္ဇာလန္၊ အိႏၵိယ၊ စပိန္၊ ရုရွား၊ ျပင္သစ္ႏွင့္ ေဆာ္အာေရးဗီးယား ဆုိင္ကယ္စီးအဖြဲ႔ တာခ်ီလိတ္မွတစ္ဆင့္ ထုိင္းႏုိင္ငံသို႔ ထြက္ခြာ

ဆြစ္ဇာလန္၊ အိႏၵိယ၊ စပိန္၊ ရုရွား၊ ျပင္သစ္ႏွင့္ ေဆာ္အာေရးဗီးယားႏုိင္ငံသား (၇)ဦးပါဝင္သည့္ ဆုိင္ကယ္စီးအဖြဲ႔က ျမန္မာႏုိင္ငံ တမူးနယ္စပ္ျဖတ္သန္းၿပီး (၅)ရက္အၾကာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၂)ရက္ေန႔၌ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၁)မွေန၍ ထြက္ခြာသြားၾကသည္။

ေမာ္ေတာ္ယာဥ္ (၁)စီးႏွင့္ ဆုိင္ကယ္ (၅)စီးပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔တြင္ ျမန္မာႏုိင္ငံတြင္းသို႔ တမူးနယ္စပ္မွ ျဖတ္သန္းဝင္ေရာက္လာျခင္းျဖစ္သည္ဟု သိရသည္။

ဆုိင္ကယ္စီးႏုိင္ငံျခားသားအဖြဲ႕မ်ားက ျမန္မာႏုိင္ငံတြင္းသို႔ တမူးနယ္စပ္မွဝင္ၿပီး တာခ်ီလိတ္နယ္စပ္မွ ျပန္ထြက္သည့္ တမူး - ဂန္႔ေဂါ - ပုဂံ - နမ့္စန္ - က်ိဳင္းတံု - တာခ်ီလိတ္ (၅)ရက္ၾကာ ဆုိင္ကယ္ခရီးလမ္းေၾကာင္းျဖင့္ လာေရာက္လည္ပတ္ေလ့ရိွၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net