တောင်သူများအတွက် ယခုနှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမည့် သီးနှံ (၁၆)မျိုး ထပ်တိုးပေးထား

တောင်သူများအတွက် ယခုနှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမည့် သီးနှံ (၁၆)မျိုး ထပ်တိုးပေးထား
အောက်တိုဘာ 11, 2019
By Tachileik News Agency
တောင်သူများအတွက် ယခုနှစ်မှစ၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမည့် သီးနှံ 
(၁၆)မျိုး ထပ်တိုးပေးထား

တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစ၍ ထုတ်ချေးပေးနပြေီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်က ချေးငွေထုတ်ချေးပေးနေသည့် သီးနှံ (၁၄)မျိုးအပြင် ပြည်ပပို့ကုန် သီးနှံ (၈)မျိုးနှင့် ပြည်တွင်းသီးနှံ (၈)မျိုးတို့ကို ထပ်တိုးပေးထားသည်။

ပြည်ပပို့ကုန်ဖြစ်သည့် ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်းနှင့် စားတော်ပဲ၊ ဆီးထွက်သီးနှံများဖြစ်သည့် ပန်းနှမ်းနှင့် နကြော၊ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်တို့အပြင် ပြည်တွင်းစားသုံးမှုများသည့် အခြားသီးနှံ (၈)မျိုး စုစုပေါင်း သီးနှံ (၁၆)မျိုး ထပ်တိုးလာရာ ချေးငွေထုတ်ပေးသည့် သီးနှံအမျိုးအစားပေါင်း (၃၀)ဖြစ်လာသည်။

စိုက်ပျိုးရေးချေးငွေများအဖြစ် ဆောင်းချေးငွေများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလဆန်းမှ ဒီဇင်ဘာလကုန် အထိ လည်းကောင်း၊ မိုးကြိုချေးငွေများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းမှ မတ်လကုန်အထိ လည်းကောင်း၊ မိုးချေးငွေများကို ၂၀၂၀ ပြည့်နှစ် မေလဆန်းမှ စက်တင်ဘာလကုန်အထိလည်းကောင်း ချေးငွေထုတ်ပေးနေကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေရယူလိုသည့် တောင်သူများအနဖြေင့် ကိုယ်တိုင်အာမခံစနစ်အဖြစ် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)မူရင်းကို ဘဏ်တွင် အပေါင်အဖြစ်ထားရမည်ဖြစ်ကြောင်း သိရသည်။

တောင်သူများအနဖြေင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ်အလိုက် ဘဏ်ခွဲများသို့ ဆက်သွယ်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားသည်။

တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံများနှင့် ချက်ကြံကို တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စီမံကန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးနခြေင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~


တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစ၍ ထုတ်ချေးပေးနေပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင်  ယခင်က ချေးငွေထုတ်ချေးပေးနေသည့် သီးနှံ (၁၄)မျိုးအပြင် ပြည်ပပို့ကုန် သီးနှံ (၈)မျိုးနှင့် ပြည်တွင်းသီးနှံ (၈)မျိုးတို့ကို ထပ်တိုးပေးထားသည်။

ပြည်ပပို့ကုန်ဖြစ်သည့် ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်းနှင့် စားတော်ပဲ၊ ဆီးထွက်သီးနှံများဖြစ်သည့် ပန်းနှမ်းနှင့် နေကြာ၊ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်တို့အပြင် ပြည်တွင်းစားသုံးမှုများသည့် အခြားသီးနှံ (၈)မျိုး စုစုပေါင်း သီးနှံ (၁၆)မျိုး ထပ်တိုးလာရာ ချေးငွေထုတ်ပေးသည့် သီးနှံအမျိုးအစားပေါင်း (၃၀)ဖြစ်လာသည်။


စိုက်ပျိုးစရိတ်ချေးငွေရယူလိုသည့် တောင်သူများအနေဖြင့် ကိုယ်တိုင်အာမခံစနစ်အဖြစ် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)မူရင်းကို ဘဏ်တွင် အပေါင်အဖြစ်ထားရမည်ဖြစ်ကြောင်း သိရသည်။
တောင်သူများအနေဖြင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ်အလိုက် ဘဏ်ခွဲများသို့ ဆက်သွယ်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားသည်။

တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံများနှင့် ချက်ကြံကို တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် စီမံကန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးနေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net