အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဒုရဲမှူးတစ်ဦးနှင့် ပျူစောထီးများ လိုက်ပါလာသည့်ကား ခင်ဦးမြို့နယ်တွင်း တိုက်ခိုက်ခံရ

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဒုရဲမှူးတစ်ဦးနှင့် ပျူစောထီးများ လိုက်ပါလာသည့်ကား ခင်ဦးမြို့နယ်တွင်း တိုက်ခိုက်ခံရ
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဒုရဲမှူးတစ်ဦးနှင့် ပျူစောထီးများ လိုက်ပါလာသည့် ကားတစ်စီး ၂၀၂၂ ခုနှစ် ဇွန်လ (၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှထွက်လာစဉ် တိုက်ခိုက်ခံရပြီး ဒုရဲမှူးအပါအဝင် (၁၄)ဦး သေဆုံးကြောင်း N.L.G.R.F တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ခင်ဦးမြိုမှ ထွက်လာသည့်အဆိုပါကားကို စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့များဖြစ်ကြသည့် N.L.G.R.F အဖွဲ့ ၊ရောင်နီပျောက်ကြားအဖွဲ့၊ မြိုနယ် ပ.က.ဖ အဖွဲ့အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဒုရဲမှူးအပါအဝင် ကားပေါ်လိုက်ပါလာသူ (၁၄)ဦး သေဆုံးပြီး ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ (၂)ဦး ဒဏ်ရာရသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကားပေါ်တွင် လိုက်ပါလာသူများမှာ အာဏာသိမ်းစစ်တပ်က စစ်အာဏာရှင်တော်လှန်သည့်အင်အားစုများအား တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည့် ပျူစောထီးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။