တာချီလိတ်တွင် ၂၀၀၅ ကတည်းကစတင်နေသည့် မြေကွက်သစ်စီမံကိန်းတွင် မြေကွက်ပြန်ဖေါ်ရန် စတင်လုပ်ဆောင်

တာချီလိတ်တွင် ၂၀၀၅ ကတည်းကစတင်နေသည့် မြေကွက်သစ်စီမံကိန်းတွင် မြေကွက်ပြန်ဖေါ်ရန် စတင်လုပ်ဆောင်
အောက်တိုဘာ 20, 2019
By 🌸
တာချီလိတ်တွင် ၂၀၀၅ ကတည်းကစတင်နေသည့် မြေကွက်သစ်စီမံကိန်းတွင် မြေကွက်ပြန်ဖေါ်ရန် စတင်လုပ်ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၀၅ ခုနှစ်ကတည်းက မြေကွက်များ ချထားပေးခဲ့သည့် ဝိန်းကျောက်ရပ်ကွက်အတွင်းမှ မြေကွက်သစ် (ဆ) စီမံကိန်းတွင် ခြုံနွယ်များရှင်းလင်းခြင်းနှင့် မြေပြင်ခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

" တာချီလိတ်မြို့ ဝိန်းကျောက်ရပ် မြေကွက်သစ် အပိုင်း(ဆ)ကို မြေပြင်ညှိတာတွေ၊ ခြုံရှင်းတာတွေ စလုပ်နေတာပေါ့။ အကွက်တွေ ပြန်ရိုက်မယ်။ မြေကွက်ပိုင်ရှင်တွေကို မကြာခင်မှာ လက်ရောက် အပ်နှံသွားမှာပေါ့။ ခြုံတွေရှင်း၊ မြေညှိပြီးရင် မြေစာရင်းနဲ့ မြေတိုင်းပြီး အကွက်ဖော်မယ်။ အမှန်တကယ် စာရွက်စာတမ်းတွေ အထောက်အထားပြနိုင်တဲ့သူတွေကို ခြံခတ်တာ၊ နေအိမ်ဆောက်တာတွေ ခွင့်ပြုပေးမယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ မြေကွက်သစ် (ဆ) ကို တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ခင်ဇော်က ၂၀၀၅ ခုနှစ်တွင် ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်ပြီး ပေ (၄၀ x ၆၀) မြေကွက်ပေါင်း (၁၆၀) ကျော် ချထားပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါမြေကွက်များ ပြန်လည်ဖော်ဆောင်ရေး စတင်လုပ်ဆောင်ရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စော၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြေကွက်ပိုင်ရှင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း၊ ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~