ကုမ္ပဏီများ အချိန်ပိုစေခိုင်းခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က အသိပေးချက် ထုတ်ပြန်

ကုမ္ပဏီများ အချိန်ပိုစေခိုင်းခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က အသိပေးချက် ထုတ်ပြန်
အောက်တိုဘာ 3, 2019
By 🌸
ကုမ္ပဏီများတွင် အလုပ်သမားများ အချိန်ပိုစေခိုင်းခြင်းနှင့် ပတ်သက်သည့် အသိပေးကြေညာချက်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ထုတ်ပြန်လိုက်သည်။

အဆိုပါ အသိပေးကြေညာချက်မှာ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ရင်းနှီးမြှပ်နှံမှု ကော်မတီများမှ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္ပဏီများအားလုံးအတွက် အကျုံးဝင်မည်ဖြစ်သည်။

ကုမ္ပဏီများအနေဖြင့် အချိန်ပိုစေခိုင်းခြင်းကို အလုပ်သမား၊ အလုပ်ရုံဥပဒေစစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ရာ အချိန်ပိုစေခိုင်းခြင်းအား တနင်္လာနေ့မှ သောကြာနေ့အထိ (၁) ရက်လျှင် (၃) နာရီထက် မပိုစေရဘဲ စနေနေ့ဖြစ်ပါက (၅) နာရီထက် မပိုစေရဟု သတ်မှတ်ပေးထားပြီး ယင်းကဲ့သို့ အချိန်ပိုစေခိုင်းခြင်းနှင့်ပတ်သက်၍ အလုပ်သမားများ၏ သဘောတူ လက်မှတ်မူရင်း ပူးတွဲတင်ပြကြရမည်ဖြစ်သည်။

အများပြည်သူအလုပ်ပိတ်ရက် သို့မဟုတ် တနင်္ဂနွေနေ့များတွင် အချိန်ပိုစေခိုင်းလိုပါက အချိန်ပိုခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး အဖွဲ့အစည်း(သို့) အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ သိရှိကြောင်း လက်မှတ်မူရင်းနှင့် အလုပ်သမားများ၏ သဘောတူ လက်မှတ်မူရင်းများ ပူးတွဲတင်ပြရမည်ဖြစ်သည်။

တနင်္ဂနွေအချိန်ပိုစေခိုင်းခြင်းအား အလုပ်သမားတစ်ဦးလျှင် ရက်သတ္တပတ် (၄)ပတ်တွင် တစ်ကြိမ်သာ  ခွင့်ပြုမည်ဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကုမၸဏီမ်ား အခ်ိန္ပိုေစခိုင္းျခင္းႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္က အသိေပးခ်က္ ထုတ္ျပန္
********
ကုမၸဏီမ်ားတြင္ အလုပ္သမားမ်ား အခ်ိန္ပိုေစခိုင္းျခင္းႏွင့္ ပတ္သက္သည့္ အသိေပးေၾကညာခ်က္ကို ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ (၃) ရက္ေန႔တြင္ ျမန္မာႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္က ထုတ္ျပန္လိုက္သည္။

အဆိုပါ အသိေပးေၾကညာခ်က္မွာ ျမန္မာႏိုင္ငံရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ ရင္းနွီးျမႇပ္ႏွံမႈ ေကာ္မတီမ်ားမွ ခြင့္ျပဳမိန္႔၊ အတည္ျပဳမိန္႔မ်ားျဖင့္ လုပ္ငန္းမ်ားေဆာင္ရြက္ေနသည့္ ကုမၸဏီမ်ားအားလံုးအတြက္ အက်ံဳးဝင္မည္ျဖစ္သည္။

ကုမၸဏီမ်ားအေနျဖင့္ အခ်ိန္ပိုေစခုိင္းျခင္းကို အလုပ္သမား၊ အလုပ္ရံုဥပေဒစစ္ေဆးေရးဦးစီးဌာန၏ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္ၾကရမည္ျဖစ္ရာ အခ်ိန္ပိုေစခုိင္းျခင္းအား တနလၤာေန႔မွ ေသာၾကာေန႔အထိ (၁) ရက္လွ်င္ (၃) နာရီထက္ မပိုေစရဘဲ စေနေန႔ျဖစ္ပါက (၅) နာရီထက္ မပိုေစရဟု သတ္မွတ္ေပးထားၿပီး ယင္းကဲ့သို႔ အခ်ိန္ပိုေစခုိင္းျခင္းႏွင့္ပတ္သက္၍ အလုပ္သမားမ်ား၏ သေဘာတူ လက္မွတ္မူရင္း ပူးတြဲတင္ျပၾကရမည္ျဖစ္သည္။

အမ်ားျပည္သူအလုပ္ပိတ္ရက္ သို႔မဟုတ္ တနဂၤေႏြေန႔မ်ားတြင္ အခ်ိန္ပိုေစခိုင္းလုိပါက အခ်ိန္ပိုခြင့္ျပဳျခင္းႏွင့္ ပတ္သက္ၿပီး အဖြဲ႕အစည္း(သို႔) အလုပ္သမားေရးရာ လုပ္ငန္းညိႇႏိႈင္းေရးေကာ္မတီ၏ သိရိွေၾကာင္း လက္မွတ္မူရင္းႏွင့္ အလုပ္သမားမ်ား၏ သေဘာတူ လက္မွတ္မူရင္းမ်ား ပူးတြဲတင္ျပရမည္ျဖစ္သည္။

တနဂၤေႏြအခ်ိန္ပိုေစခုိင္းျခင္းအား အလုပ္သမားတစ္ဦးလွ်င္ ရက္သတၱပတ္ (၄)ပတ္တြင္ တစ္ႀကိမ္သာ  ခြင့္ျပဳမည္ျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net