မဟာမြတ်မုနိ ဆရာတော်၏ ပူဇော်သည့်အနေဖြင့် အောက်တိုဘာလ (၂၈)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ရွှေတိဂုံရင်ပြင်တော်ပေါ်၌ ဆီမီးထွန်းခြင်းများ လုပ်ဆောင်မည်

မဟာမြတ်မုနိ ဆရာတော်၏ ပူဇော်သည့်အနေဖြင့် အောက်တိုဘာလ (၂၈)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ရွှေတိဂုံရင်ပြင်တော်ပေါ်၌ ဆီမီးထွန်းခြင်းများ လုပ်ဆောင်မည်
အောက်တိုဘာ 27, 2019
By 🌸
မဟာမြတ်မုနိ ဆရာတော်၏ ပူဇော်သည့်အနေဖြင့် အောက်တိုဘာလ (၂၈)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ရွှေတိဂုံရင်ပြင်တော်ပေါ်၌ ဆီမီးထွန်းခြင်းများ လုပ်ဆောင်မည်
*********

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ  မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအကြို ပူဇော်သောအားဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၈) ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ရွှေတိဂုံရင်ပြင်တော်ပေါ်တွင် ဆီမီးထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

"မနက်ဖြန် မနက် (၇) နာရီကို မိုင်းဖုန်း(က) မိုင်းဖုန်းဆရာတော်ဘုရားကြီးကျောင်းရှေ့က ပါခါရွာမှာ ငါးလွှတ်မယ်။ ညနေ (၅) နာရီမှာ ရွှေတိဂုံစေတီတော်ရင်ပြင်တော်အပြည့် ဆီမီးပူဇော်မှာပေါ့။ ဝစီပိတ်ဆရာတော်က မဟာမြတ်မုနိဆရာတော်ဘုရားကြီးကို ပူဇော်တဲ့အနေနဲ့ ပူဇော်မှာပေါ့။ ဘယ်သူမဆို လာရောက်ထွန်းညှိ ပူဇော်နိုင်တယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မဟာျမတ္မုနိ ဆရာေတာ္၏ ပူေဇာ္သည့္အေနျဖင့္ ေအာက္တိုဘာလ (၂၈)ရက္ေန႔တြင္ ဇီဝိတဒါန ငါးလႊတ္ျခင္းႏွင့္ ေရႊတိဂံုရင္ျပင္ေတာ္ေပၚ၌ ဆီမီးထြန္းျခင္းမ်ား လုပ္ေဆာင္မည္
*********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္ရိွ  မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနအႀကိဳ ပူေဇာ္ေသာအားျဖင့္ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာ (၂၈) ရက္ေန႔တြင္ ဇီဝိတဒါန ငါးလႊတ္ျခင္းႏွင့္ ေရႊတိဂံုရင္ျပင္ေတာ္ေပၚတြင္ ဆီမီးထြန္းညိႇပူေဇာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"မနက္ျဖန္ မနက္ (၇) နာရီကို မိုင္းဖုန္း(က) မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးေက်ာင္းေရွ႕က ပါခါရြာမွာ ငါးလႊတ္မယ္။ ညေန (၅) နာရီမွာ ေရႊတိဂံုေစတီေတာ္ရင္ျပင္ေတာ္အျပည့္ ဆီမီးပူေဇာ္မွာေပါ့။ ဝစီပိတ္ဆရာေတာ္က မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီးကို ပူေဇာ္တဲ့အေနနဲ႔ ပူေဇာ္မွာေပါ့။ ဘယ္သူမဆို လာေရာက္ထြန္းညိႇ ပူေဇာ္ႏိုင္တယ္"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပနအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၀) ရက္ေန႔၌ က်င္းပမည္ ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net