လားရှိုးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြားထားခြင်းမရှိ

လားရှိုးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြားထားခြင်းမရှိ
အောက်တိုဘာ 10, 2019
By 🌸
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူမည့် စီမံချက် ညွှန်ကြားထားခြင်းမရှိကြောင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် အမှတ် (၁၂၁ ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး( လားရှိုး )ရုံးမှ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။

"လိုင်စင်မဲ့ယာဉ်တွေကို ဦးတည်ပြီး စစ်ဆေးဖမ်းဆီးတာမျိုးလုပ်ဖို့ စီမံချက်မပေးထားသေးပါဘူး။ လစဉ် လုပ်ဆောင်ရမယ့် စီမံချက်တွေတော့ ရှိတယ်။ လတ်တလောယာဉ်စစ်တာတွေ လုပ်တယ်ဆိုတာက ယာဉ်/ လမ်း စည်းကမ်း၊ ယာဉ်မောင်းလိုင်စင် စတာတွေကို စစ်ဆေးကြပ်မတ်နေတာ ဖြစ်ပါတယ်။
လားရှိုးမြို့တွင်းမှာက ဆိုင်ကယ်ကို (၃) ယောက်စီးပြီး လုယက်တာတွေ အဖြစ်များလာတဲ့အတွက်လည်း ဆိုင်ကယ်တွေကိုလည်း စစ်ဆေး ကြပ်မတ်တာ လုပ်နေပါတယ်။ ဖမ်းဆီးဖို့ စီမံချက် မရှိသေးဘူးဆိုပေမဲ့ ဥပဒေအရဆိုရင် လိုင်စင်မဲ့ယာဉ်တွေကို စီးနင်းခွင့်မရှိပါဘူး" ဟု အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်း-မြောက်)၊ အမှတ် ( ၁၂၁ ) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး(လားရှိုး)မှ ရဲမှူး မျိုးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့၌ အောက်တိုဘာလအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူသွားမည်ဟု လူမှုကွန်ယက်တွင် ရေးသားဖြန့်ဝေမှုများကိုလည်း တွေ့နေရသော်လည်း အဆိုပါသတင်းမှာ မှားယွင်းနေကြောင်း ရဲမှူး မျိုးမင်းအောင်က ဆိုသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ပုံမှန် လုပ်ဆောင်ချက်ဖြစ်သည့် မော်တော်ယာဉ် မောင်းနှင်စီးနင်းသူများ ထိုင်ခုံခါးပတ် ပတ်ထားခြင်းရှိမရှိ၊ မော်တော်ယာဉ်မောင်းနှင်သူများ ယာဉ်မောင်းလိုင်စင် ရှိမရှိ၊ ယာဉ်/လမ်း စည်းကမ်းလိုက်နာမှုရှိမရှိ နှင့် မော်တော်ဆိုင်ကယ်စီးနင်းသူများကိုလည်း ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားခြင်း ရှိမရှိ၊ မော်တော်ဆိုင်ကယ်တစ်စီးကိုနှစ်ဦးထက်ပို၍ စီးနင်းသူများအား တားမြစ်စစ်ဆေး သတိပေးခြင်း စသည်တို့ ကိုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

" ကိုယ်တွေက တစ်ပိုင်တစ်နိုင်စီးပွားရှာစားနေရတဲ့အတွက် လိုင်စင်မဲ့မော်တော်ယာဉ်ကို လုပ်ငန်း လိုအပ်ချက်အရ ဝယ်စီးနေရတာဆိုတော့ စိုးရိမ်နေရတယ်။ တစ်မြို့လုံးမှာလည်း လိုင်စင်မဲ့ယာဉ်ကို လိုင်စင်ရှိသလို အယောင်ဆောင်ပြီး စီးနေတဲ့သူတွေအများသားပဲ။ အခုအဲဒီလိုသတင်းထွက်နေတော့ တစ်ချို့ တွေက ဖမ်းခံရမှာကြောက်လို့ ပြန်ရောင်းနေတာတောင်ရှိတယ်" ဟု လားရှိုးမှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးခံရပြီးနောက် လားရှိုးတွင်လည်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

လားရိႈးတြင္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို စီမံခ်က္ျဖင့္ ဖမ္းဆီးအေရးယူရန္ ညႊန္ၾကားထားျခင္းမရိွ
***************
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးအေရးယူမည့္ စီမံခ်က္ ညႊန္ၾကားထားျခင္းမရိွေၾကာင္း ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀)ရက္ေန႔တြင္ အမွတ္ (၁၂၁ ) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွဴးရံုး( လားရိႈး )ရံုးမွ တာဝန္ရိွသူက အတည္ျပဳေျပာၾကားသည္။

"လိုင္စင္မဲ့ယာဥ္ေတြကို ဦးတည္ၿပီး စစ္ေဆးဖမ္းဆီးတာမ်ိဳးလုပ္ဖို႔ စီမံခ်က္မေပးထားေသးပါဘူး။ လစဥ္ လုပ္ေဆာင္ရမယ့္ စီမံခ်က္ေတြေတာ့ ရွိတယ္။ လတ္တေလာယာဥ္စစ္တာေတြ လုပ္တယ္ဆိုတာက ယာဥ္/ လမ္း စည္းကမ္း၊ ယာဥ္ေမာင္းလိုင္စင္ စတာေတြကို စစ္ေဆးၾကပ္မတ္ေနတာ ျဖစ္ပါတယ္။ လားရိႈးၿမိဳ႕တြင္းမွာက ဆိုင္ကယ္ကို (၃) ေယာက္စီးၿပီး လုယက္တာေတြ အျဖစ္မ်ားလာတဲ့အတြက္လည္း ဆိုင္ကယ္ေတြကိုလည္း စစ္ေဆး ၾကပ္မတ္တာ လုပ္ေနပါတယ္။ ဖမ္းဆီးဖို႔ စီမံခ်က္ မရွိေသးဘူးဆိုေပမဲ့ ဥပေဒအရဆိုရင္ လိုင္စင္မဲ့ယာဥ္ေတြကို စီးနင္းခြင့္မရွိပါဘူး " ဟု အမွတ္ (၂၀) ယာဥ္ထိန္းရဲဒုတပ္ဖြဲ႔ခြဲ(ရွမ္း-ေျမာက္)၊ အမွတ္ ( ၁၂၁ ) ယာဥ္ထိန္း ရဲတပ္ဖြဲ႔စုမွဴးရံုး(လားရိႈး)မွ ရဲမွဴး မ်ိဳးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕၌ ေအာက္တိုဘာလအတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးအေရးယူသြားမည္ဟု လူမႈကြန္ယက္တြင္ ေရးသားျဖန္႔ေဝမႈမ်ားကိုလည္း ေတြ႔ေနရေသာ္လည္း အဆိုပါသတင္းမွာ မွားယြင္းေနေၾကာင္း ရဲမွဴး မ်ိဳးမင္းေအာင္က ဆိုသည္။

ယာဥ္ထိန္းရဲတပ္ဖြဲ႔၏ ပံုမွန္ လုပ္ေဆာင္ခ်က္ျဖစ္သည့္ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္စီးနင္းသူမ်ား ထိုင္ခံုခါးပတ္ ပတ္ထားျခင္းရွိမရွိ၊ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူမ်ား ယာဥ္ေမာင္းလိုင္စင္ ရွိမရွိ၊ ယာဥ္/လမ္း စည္းကမ္းလိုက္နာမႈရွိမရွိ ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္စီးနင္းသူမ်ားကိုလည္း ဆိုင္ကယ္စီးဦးထုပ္ ေဆာင္းထားျခင္း ရွိမရွိ၊ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးကိုႏွစ္ဦးထက္ပို၍ စီးနင္းသူမ်ားအား တားျမစ္စစ္ေဆး သတိေပးျခင္း စသည္တို႔ ကိုလုပ္ေဆာင္ေနျခင္းျဖစ္သည္ဟု သိရသည္။

" ကိုယ္ေတြက တစ္ပိုင္တစ္ႏိုင္စီးပြားရွာစားေနရတဲ့အတြက္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ကို လုပ္ငန္း လိုအပ္ခ်က္အရ ဝယ္စီးေနရတာဆိုေတာ့ စိုးရိမ္ေနရတယ္။ တစ္ၿမိဳ႕လံုးမွာလည္း လိုင္စင္မဲ့ယာဥ္ကို လိုင္စင္ရွိသလို အေယာင္ေဆာင္ၿပီး စီးေနတဲ့သူေတြအမ်ားသားပဲ။ အခုအဲဒီလိုသတင္းထြက္ေနေတာ့ တစ္ခ်ိဳ႕ ေတြက ဖမ္းခံရမွာေၾကာက္လို႔ ျပန္ေရာင္းေနတာေတာင္ရွိတယ္" ဟု လားရိႈးမွ လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။

မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕အၾကား ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ စက္တင္ဘာလႏွင့္ ေအာက္တိုဘာလမ်ားအတြင္း လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးခံရၿပီးေနာက္ လားရိႈးတြင္လည္း လုိင္စင္မဲ့ယာဥ္မ်ား ဖမ္းဆီးမည္ဟု သတင္းမ်ားထြက္ေပၚေနခဲ့ျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net