တာချီလိတ် ရေပူစမ်းကျေးရွာတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ကွင်းဆင်းဆောင်ရွက်ပေးမှု နှစ်ရက်တာအတွင်း ၁၂၅ ဦးကို လိုင်စင်ထုတ်ပေးထား

တာချီလိတ် ရေပူစမ်းကျေးရွာတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ကွင်းဆင်းဆောင်ရွက်ပေးမှု နှစ်ရက်တာအတွင်း ၁၂၅ ဦးကို လိုင်စင်ထုတ်ပေးထား
အောက်တိုဘာ 28, 2019
By 🌸
တာချီလိတ် ရေပူစမ်းကျေးရွာတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ကွင်းဆင်းဆောင်ရွက်ပေးမှု နှစ်ရက်တာအတွင်း  ၁၂၅ ဦးကို လိုင်စင်ထုတ်ပေးထား
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာ၌ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်း ဆောင်ရွက်ပေးသည့် (၂)ရက်တာကာလအတွင်း ယာဉ်မောင်းလိုင်စင်လျှောက်ထားသူ စုစုပေါင်း (၁၂၅) ဦးရှိကြောင်း သိရသည်။
ရေပူစမ်းကျေးရွာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံး (တာချီလိတ်)မှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နှင့် (၂၇)ရက်နေ့များတွင် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးမှုအတွင်း လျှောက်ထားလာသူ (၁၂၅)ဦးကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးဟောပြောပြီး ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချသတ်မှတ်ပေးထားသဖြင့် ပုံမှန်အတိုင်းယာဉ်မောင်းလိုင်စင်ပြုလုပ်သည်ထက် ငွေကျပ် (၄၀၀၀) လျော့နည်းခြင်းဖြစ်သည်။
ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့်အတူ လာရောက်လုပ်ဆောင်နိုင်ပြီး အသက် (၁၈)နှစ်အောက်အတွက် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက်အတွက် ကျပ်နှစ်သောင်းခွဲ ပေးသွင်းရမည်ဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည် စီမံချက်ဖြင့် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ ေရပူစမ္းေက်းရြာတြင္ ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္ ကြင္းဆင္းေဆာင္ရြက္ေပးမႈ ႏွစ္ရက္တာအတြင္း  ၁၂၅ ဦးကို လုိင္စင္ထုတ္ေပးထား
***********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ေရပူစမ္းေက်းရြာ၌ ဆိုင္ကယ္ယာဥ္ေမာင္းလုိင္စင္မ်ား ကြင္းဆင္း ေဆာင္ရြက္ေပးသည့္ (၂)ရက္တာကာလအတြင္း ယာဥ္ေမာင္းလုိင္စင္ေလွ်ာက္ထားသူ စုစုေပါင္း (၁၂၅) ဦးရိွေၾကာင္း သိရသည္။

ေရပူစမ္းေက်းရြာတြင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနခရိုင္ရံုး (တာခ်ီလိတ္)မွ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၆)ရက္ႏွင့္ (၂၇)ရက္ေန႔မ်ားတြင္ ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးမႈအတြင္း ေလွ်ာက္ထားလာသူ (၁၂၅)ဦးကို ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းပညာေပးေဟာေျပာၿပီး ယာဥ္ေမာင္းလုိင္စင္မ်ား ထုတ္ေပးခဲ့ျခင္းျဖစ္သည္။

ယာဥ္ေမာင္းလိုင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ စစ္ေဆးခ (၃) ႀကိမ္အစား (၁) ႀကိမ္သို႔ ေလွ်ာ့ခ်သတ္မွတ္ေပးထားသျဖင့္ ပံုမွန္အတုိင္းယာဥ္ေမာင္းလိုင္စင္ျပဳလုပ္သည္ထက္ ေငြက်ပ္ (၄၀၀၀) ေလ်ာ့နည္းျခင္းျဖစ္သည္။

ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္ ျပဳလုပ္လိုသူမ်ားအေနျဖင့္ မွတ္ပံုတင္မိတၱဴ၊ လိုင္စင္ဓါတ္ပံု (၃)ပံုႏွင့္အတူ လာေရာက္လုပ္ေဆာင္ႏုိင္ၿပီး အသက္ (၁၈)ႏွစ္ေအာက္အတြက္ က်ပ္တစ္ေသာင္းခြဲ၊ အသက္ (၁၈)ႏွစ္အထက္အတြက္ က်ပ္ႏွစ္ေသာင္းခြဲ ေပးသြင္းရမည္ျဖစ္သည္။

၂၀၂၀ ခုႏွစ္တြင္ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမည္ စီမံခ်က္ျဖင့္ ဆိုင္ကယ္ေမာင္းလုိင္စင္မ်ား ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ယာဥ္ထိန္းတပ္ဖြဲ႕ႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net