တာချီလိတ်တွင် ဟုန်ပန်းကုမ္ပဏီက မြေဧက (၁၀၀)၌ ခြံစည်းရိုးခတ်ခွင့်တောင်းခံစဉ်က ထောက်ခံစာများ ပြည့်စုံ၍ စည်ပင်က ခွင့်ပြုခြင်းဖြစ်သည်ဟုဆို

တာချီလိတ်တွင် ဟုန်ပန်းကုမ္ပဏီက မြေဧက (၁၀၀)၌ ခြံစည်းရိုးခတ်ခွင့်တောင်းခံစဉ်က ထောက်ခံစာများ ပြည့်စုံ၍ စည်ပင်က ခွင့်ပြုခြင်းဖြစ်သည်ဟုဆို
အောက်တိုဘာ 27, 2019
By 🌸
တာချီလိတ်တွင် ဟုန်ပန်းကုမ္ပဏီက မြေဧက (၁၀၀)၌ ခြံစည်းရိုးခတ်ခွင့်တောင်းခံစဉ်က ထောက်ခံစာများ ပြည့်စုံ၍ စည်ပင်က ခွင့်ပြုခြင်းဖြစ်သည်ဟုဆို
************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြေဧက (၁၀၀) ၌ ဟုန်ပန်းကုမ္ပဏီက စက်ရုံဆောက်လုပ်ရန် အစိုးရခွင့်ပြုချက်၊ လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ထောက်ခံစာများဖြင့် တင်ပြလာသဖြင့် စည်ပင်သာယာရေးဌာနက ခြံစည်းရိုးခတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"သူတို့က အောက်တိုဘာလ (၁၆) ရက်နေ့မှာ တင်တယ်။ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုစာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံစာတွေ၊ မြို့နယ်ထောက်ခံချက်၊ ခရိုင်ထောက်ခံချက်တွေ အကုန်ပါလာတယ်။ စက်ရုံဆောက်ဖို့ ခြံစည်းရိုးကာချင်တယ်ဆိုပြီး လျှောက်ထားတာပေါ့။ သူတို့ရဲ့ပိုင်ဆိုင်မှုက ခိုင်မာတော့ ခြံစည်းရိုးကာရံခွင့် ပြုထားတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ စက်မှုဇုန် - ဝမ်ပုံသွားလမ်း ဦးထွန်းအောင်တိုးဂိတ်အနီးရှိ ဧက (၁၀၀) ပေါ်တွင် ရော်ဘာသန့်စင်စက်ရုံ၊ မဂ္ဂနီးစ်သတ္တုသန့်စင်စက်ရုံနှင့် ဝန်ထမ်းအိမ်ယာများ အကောင်အထည်ဖော်မည့် စီမံကိန်းအတွက် ခြံစည်းရိုးကာရံနေခြင်းအား ၂၀၁၉ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ ညနေပိုင်းတွင် တောင်သူများက လာရောက်ကန့်ကွက်ကာ အသိပေးဆိုင်းဘုတ်များစိုက်ထူခဲ့ကြသဖြင့်  ခြံစည်းရိုးခတ်ခြင်းအား ရပ်ဆိုင်းထားရန် သက်ဆိုင်ရာတာဝန်ရှိသူများက ညွှန်ကြားထားခြင်းဖြစ်သည်။

"ကျွန်တော်တို့က ဥပဒေအတိုင်း ဆောင်ရွက်မှာပေါ့။ နှစ်ဖက်စလုံးက စာတင်ထားတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးလာမှ ညှိနှိုင်းဆောင်ရွက်မှာပေါ့။ ဟိုဘက်လည်းမလုပ်နဲ့ ဒီဘက်လည်းမလုပ်နဲ့လို့ တားထားတာပါ။ ခရိုင်အုပ်ချုပ်ရေးမှူးလာရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှာပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဟုန်ပန်းကုမ္ပဏီက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ ခွင့်ပြုချက်ဖြင့် ခြံစည်းရိုးလာကာနေသည့် မြေနေရာမှာ တောင်သူများ၏ အမည်ပေါက်လယ်မြေများဖြစ်နေ၍ တောင်သူများက လာရောက်ကန့်ကွက်သည်ဟု သိရသည်။

"သူတို့က စည်ပင်ကခြံစည်းရိုးကာခွင့်ရတယ်ဆိုပြီး လာကာလို့ ကျွန်တော်တို့က သူတို့ဟာလည်းမဖျက်ဘူး။ ကျွန်တော်တို့ဘာသာ ဆိုင်းဘုတ်လာထောင်တာ။ လယ်တွေက အကုန်လုံးအမည်ပေါက်ရှိတယ်။ မြေခွန်ပြေစာတွေလည်း ရှိတယ်"ဟု တောင်သ ူဦးနန်ပင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြေဧက (၁၀၀) ကို ၁၉၉၉ ခုနှစ်၊ သြဂုတ် (၁၉)  ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြေပေးမိန့်အမှတ် (၉၉/၉၉) ဖြင့် ဟုန်ပန်းကုမ္ပဏီကို ချထားပေးခဲ့ခြင်းဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ပလက်စတစ်ပိုက် စက်ရုံ၊ ၂၀၀၂ ခုနှစ်တွင် တိရိစ္ဆာန်အစာစပ်စက်ရုံများတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေနေရာတွင် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စာအမှတ် ၁၂၇၆၉/ ၇-၂၁၆/ အစရ(ရှမ်း)ဖြင့် ခွင့်ပြုပေးထားခြင်းဖြစ်သည်ဟု သိရသည်။

ဟုန်ပန်းကုမ္ပဏီက အကောင်အထည်ဖေါ်မည့် မြေနေရာတွင် လက်ရှိစပါးစိုက်ပျိုးထားသည့် လယ်ယာမြေ (၃၃) ဧကရှိနေပြီး ကုမ္ပဏီက တောင်သူများကို လျော်ကြေးငွေ တစ်ဧက ကျပ်သိန်း (၁၅၀) ပေးချေရန် ကမ်းလှမ်းထားသော်လည်း တောင်သူများက တစ်ဧက ဘတ် (၁၅) သိန်း (ကျပ်သိန်း ၇၅၀)နှင့် ဘတ်သိန်း (၂၀) (ကျပ်သိန်း ၁၀၀၀) ကြာ း လျော်ကြေးပေးရန် တောင်းခံထားကြောင်း သိရသည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - TYK

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ ဟုန္ပန္းကုမၸဏီက ေျမဧက (၁၀၀)၌ ၿခံစည္းရိုးခတ္ခြင့္ေတာင္းခံစဥ္က ေထာက္ခံစာမ်ား ျပည့္စံု၍ စည္ပင္က ခြင့္ျပဳျခင္းျဖစ္သည္ဟုဆို
************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေျမဧက (၁၀၀) ၌ ဟုန္ပန္းကုမၸဏီက စက္ရံုေဆာက္လုပ္ရန္ အစိုးရခြင့္ျပဳခ်က္၊ လႊတ္ေတာ္ကိုယ္စားလွယ္၊ ခရိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ေထာက္ခံစာမ်ားျဖင့္ တင္ျပလာသျဖင့္ စည္ပင္သာယာေရးဌာနက ၿခံစည္းရိုးခတ္ခြင့္ေပးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

"သူတို႔က ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာ တင္တယ္။ အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳစာေတြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ေထာက္ခံစာေတြ၊ ၿမိဳ႕နယ္ေထာက္ခံခ်က္၊ ခရိုင္ေထာက္ခံခ်က္ေတြ အကုန္ပါလာတယ္။ စက္ရံုေဆာက္ဖို႔ ၿခံစည္းရိုးကာခ်င္တယ္ဆိုၿပီး ေလွ်ာက္ထားတာေပါ့။ သူတို႔ရဲ႕ပိုင္ဆိုင္မႈက ခိုင္မာေတာ့ ၿခံစည္းရိုးကာရံခြင့္ ျပဳထားတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၇)ရက္ေန႔တြင္ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ စက္မႈဇုန္ - ဝမ္ပံုသြားလမ္း ဦးထြန္းေအာင္တိုးဂိတ္အနီးရိွ ဧက (၁၀၀) ေပၚတြင္ ေရာ္ဘာသန္႔စင္စက္႐ံု၊ မဂၢနီးစ္သတၱဳသန္႔စင္စက္႐ံုႏွင့္ ဝန္ထမ္းအိမ္ယာမ်ား အေကာင္အထည္ေဖာ္မည့္ စီမံကိန္းအတြက္ ၿခံစည္းရိုးကာရံေနျခင္းအား ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ (၂၆) ရက္ေန႔ ညေနပိုင္းတြင္ ေတာင္သူမ်ားက လာေရာက္ကန္႔ကြက္ကာ အသိေပးဆိုင္းဘုတ္မ်ားစိုက္ထူခဲ့ၾကသျဖင့္  ၿခံစည္းရိုးခတ္ျခင္းအား ရပ္ဆုိင္းထားရန္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားက ညႊန္ၾကားထားျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔က ဥပေဒအတိုင္း ေဆာင္ရြက္မွာေပါ့။ ႏွစ္ဖက္စလံုးက စာတင္ထားတယ္။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးလာမွ ညိႇႏိႈင္းေဆာင္ရြက္မွာေပါ့။ ဟိုဘက္လည္းမလုပ္နဲ႔ ဒီဘက္လည္းမလုပ္နဲ႔လို႔ တားထားတာပါ။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးလာရင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ညိႇႏိႈင္းေဆာင္ရြက္မွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဟုန္ပန္းကုမၸဏီက တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန၏ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၉)ရက္ေန႔ ခြင့္ျပဳခ်က္ျဖင့္ ၿခံစည္းရိုးလာကာေနသည့္ ေျမေနရာမွာ ေတာင္သူမ်ား၏ အမည္ေပါက္လယ္ေျမမ်ားျဖစ္ေန၍ ေတာင္သူမ်ားက လာေရာက္ကန္႔ကြက္သည္ဟု သိရသည္။

"သူတို႔က စည္ပင္ကၿခံစည္းရိုးကာခြင့္ရတယ္ဆိုၿပီး လာကာလို႔ ကၽြန္ေတာ္တို႔က သူတို႔ဟာလည္းမဖ်က္ဘူး။ ကၽြန္ေတာ္တို႔ဘာသာ ဆိုင္းဘုတ္လာေထာင္တာ။ လယ္ေတြက အကုန္လံုးအမည္ေပါက္ရိွတယ္။ ေျမခြန္ေျပစာေတြလည္း ရိွတယ္"ဟု ေတာင္သ ူဦးနန္ပင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ေျမဧက (၁၀၀) ကို ၁၉၉၉ ခုႏွစ္၊ ၾသဂုတ္ (၁၉)  ရက္ေန႔တြင္ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ေျမေပးမိန္႔အမွတ္ (၉၉/၉၉) ျဖင့္ ဟုန္ပန္းကုမၸဏီကို ခ်ထားေပးခဲ့ျခင္းျဖစ္ၿပီး ၂၀၀၀ ခုႏွစ္တြင္ ပလက္စတစ္ပိုက္ စက္႐ံု၊ ၂၀၀၂ ခုႏွစ္တြင္ တိရိစၦာန္အစာစပ္စက္႐ံုမ်ားတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျမေနရာတြင္ လုပ္ငန္းမ်ား ဆက္လက္လုပ္ကိုင္ခြင့္ကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာ (၁၂)ရက္ေန႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ စာအမွတ္ ၁၂၇၆၉/ ၇-၂၁၆/ အစရ(ရွမ္း)ျဖင့္ ခြင့္ျပဳေပးထားျခင္းျဖစ္သည္ဟု သိရသည္။

ဟုန္ပန္းကုမၸဏီက အေကာင္အထည္ေဖၚမည့္ ေျမေနရာတြင္ လက္ရိွစပါးစိုက္ပ်ိဳးထားသည့္ လယ္ယာေျမ (၃၃) ဧကရိွေနၿပီး ကုမၸဏီက ေတာင္သူမ်ားကို ေလ်ာ္ေၾကးေငြ တစ္ဧက က်ပ္သိန္း (၁၅၀) ေပးေခ်ရန္ ကမ္းလွမ္းထားေသာ္လည္း ေတာင္သူမ်ားက တစ္ဧက ဘတ္ (၁၅) သိန္း (က်ပ္သိန္း ၇၅၀)ႏွင့္ ဘတ္သိန္း (၂၀) (က်ပ္သိန္း ၁၀၀၀) ၾကာ း ေလ်ာ္ေၾကးေပးရန္ ေတာင္းခံထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - TYK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net