တာချီလိတ် ရွှေတိဂုံစေတီရင်ပြင်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်

တာချီလိတ် ရွှေတိဂုံစေတီရင်ပြင်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်
အောက်တိုဘာ 28, 2019
By 🌸
တာချီလိတ် မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီရင်ပြင်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်
************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သောအားဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၈) ရက်နေ့ ညနေ (၅)နာရီက ရွှေတိဂုံစေတီရင်ပြင်၌ ဆီမီးတစ်သောင်းထွန်းညှိပူဇော်ကြသည်။

ဆီမီးထွန်းညှိပူဇော်ခြင်းအား ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ် ဆရာတော်)က ဦးဆောင်ပြီး တြိဂံတိုင်းစစ်ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ဒေသခံများက စုပေါင်းလှူဒါန်းကြခြင်းဖြစ်သည်။
ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကိုပူဇော်သည့်အနေဖြင့် နံနက်ပိုင်းကလည်း ပါခါကျေးရွာရှိ မိုင်းဖုန်းဆရာတော်၏ ကျောင်းရှေ့ မဲခေါင်မြစ်အတွင်း ငါးကောင်ရေတစ်သောင်းကို ဘေးမဲ့လွှတ်ပေးကြခြင်းဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့၌ ပုံလို့ရှိ မြို့မသုဿန်သစ်တွင် ကျင်းပမည် ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ- ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္  ေရႊတိဂံုေစတီရင္ျပင္၌ ဆီမီးတစ္ေသာင္း ထြန္းညိႇပူေဇာ္
************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပူေဇာ္ေသာအားျဖင့္ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာ (၂၈) ရက္ေန႔ ညေန (၅)နာရီက ေရႊတိဂံုေစတီရင္ျပင္၌ ဆီမီးတစ္ေသာင္းထြန္းညိႇပူေဇာ္ၾကသည္။

ဆီမီးထြန္းညိႇပူေဇာ္ျခင္းအား က်ဳိင္းတံုၿမိဳ႕၊ သီလဓမၼကုန္းသာေတာရေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၱေကာဝိဒ (ဝစီပိတ္ ဆရာေတာ္)က ဦးေဆာင္ၿပီး ႀတိဂံတုိင္းစစ္ဌာနခ်ဳပ္ႏွင့္ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာမ်ား၊ အသင္းအဖြဲ႕မ်ားႏွင့္ ေဒသခံမ်ားက စုေပါင္းလွဴဒါန္းၾကျခင္းျဖစ္သည္။

ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကိုပူေဇာ္သည့္အေနျဖင့္ နံနက္ပိုင္းကလည္း ပါခါေက်းရြာရိွ မိုင္းဖုန္းဆရာေတာ္၏ ေက်ာင္းေရွ႕ မဲေခါင္ျမစ္အတြင္း ငါးေကာင္ေရတစ္ေသာင္းကို ေဘးမဲ့လႊတ္ေပးၾကျခင္းျဖစ္သည္။
မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပနအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၀) ရက္ေန႔၌ ပံုလို႔ရိွ ၿမိဳ႕မသုႆန္သစ္တြင္ က်င္းပမည္ ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု- ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net