သင်္ဃန်းကျွန်းမြို့နယ်အတွင်း နို့မှုန့်နှင့်ငှက်သိုက်ဘူးများ ခိုးယူသူဟု ဆိုသူကို (၂)လအကြာတွင် ဖမ်းမိ

သင်္ဃန်းကျွန်းမြို့နယ်အတွင်း နို့မှုန့်နှင့်ငှက်သိုက်ဘူးများ ခိုးယူသူဟု ဆိုသူကို (၂)လအကြာတွင် ဖမ်းမိ
အောက်တိုဘာ 9, 2019
By Tachileik News Agency

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ AKK City Mart ဆိုင်အတွင်းမှ နို့မှုန့်ဘူး နှင့် ငှက်သိုက်ဘူးများ ပျောက်ဆုံးနေမှုများနှင့် ပတ်သက်၍ ကျူးလွန်သူအား ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ AKK City Mart အတွင်းမှ ၂၀၁၉ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့ ည(၇)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က စုစုပေါင်း တန်ဖိုးငွေ ကျပ်(၃၁၈၀၀၀)ကျပ် တန်ဖိုးရှိ Ensure နို့မှုန့်ဘူး နှင့် Brand ငှက်သိုက်ဘူးများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိရာမှ ကျူးလွန်သူအား (၂)လအကြာတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်ဆုံး ဖမ်းဆီးရမိရန် ညွှန်ကြားချက်အရ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်း ဖော်ထုတ်ရာက ပြစ်မှုကျူးလွန်သူမှာ သန်လျင်မြို့၊ အမှုထမ်းရပ်ကွက်တွင် နေထိုင်သူ အောင်ကျော်သိန်း ဖြစ်ကြောင်း သိရှိရ၍ သက်သေခံပစ္စည်းများအား သိမ်းဆည်းကာ ပြစ်မှုကျူးလွန်သူအား ဥပဒေအရ အမြန်ဆုံး တရားစွဲတင်ပို့နိုင်ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ရန္ကုန္တုိင္းေဒသႀကီး၊ သဃၤန္းကြ်န္းၿမိဳ႕နယ္တြင္းရွိ AKK City Mart ဆိုင္အတြင္းမွ ႏို႔မႈန္႔ဘူး ႏွင့္ ငွက္သိုက္ဘူးမ်ား ေပ်ာက္ဆံုးေနမႈမ်ားႏွင့္ ပတ္သက္၍ က်ဴးလြန္သူအား ဖမ္းဆီးရမိေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႔က ေအာက္တိုဘာလ(၉)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားရွိသည္။

သဃၤန္းကြ်န္းၿမိဳ႕နယ္ ေလးေထာင့္ကန္လမ္းမႀကီးေပၚရွိ AKK City Mart အတြင္းမွ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၂)ရက္ေန႔ ည(၇)နာရီ (၄၅)မိနစ္၀န္းက်င္အခ်ိန္က စုစုေပါင္း တန္ဖိုးေငြ က်ပ္(၃၁၈၀၀၀)က်ပ္ တန္ဖိုးရွိ Ensure ႏို႔မႈန္႔ဘူး ႏွင့္ Brand ငွက္သိုက္ဘူးမ်ား ေပ်ာက္ဆံုးမႈႏွင့္ ပတ္သက္၍ သဃၤန္းကြ်န္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားရွိရာမွ က်ဴးလြန္သူအား (၂)လအၾကာတြင္ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားျခင္း ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႔မွဴးရံုးမွ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အျမန္ဆံုး ဖမ္းဆီးရမိရန္ ညႊန္ၾကားခ်က္အရ သဃၤန္းကြ်န္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ားက အေသးစိတ္စံုစမ္း ေဖာ္ထုတ္ရာက ျပစ္မႈက်ဴးလြန္သူမွာ သန္လ်င္ၿမိဳ႕၊ အမႈထမ္းရပ္ကြက္တြင္ ေနထိုင္သူ ေအာင္ေက်ာ္သိန္း ျဖစ္ေၾကာင္း သိရွိရ၍ သက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းကာ ျပစ္မႈက်ဴးလြန္သူအား ဥပေဒအရ အျမန္ဆံုး တရားစြဲတင္ပို႔ႏိုင္ရန္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ရန္ကုန္တိုင္းရဲတပ္ဖြဲ႔

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net