ကယားပြည်နယ် ဒီးမော့ဆိုတွင် စိတ်ကြွဆေးပြား သယ်လာသူ နှစ်ဦးကို ဖမ်းမိ

ကယားပြည်နယ် ဒီးမော့ဆိုတွင် စိတ်ကြွဆေးပြား သယ်လာသူ နှစ်ဦးကို ဖမ်းမိ
အောက်တိုဘာ 8, 2019
By Tachileik News Agency

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ည (၈)နာရီခွဲဝန်းကျင်က ဒီးမော့ဆို - တောင်ငူလမ်း၌ မူးယစ်သတင်းအရ ပိတ်ဆို့စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်ထောင်ပြား သယ်လာသည့် အမျိုးသားနှစ်ဦးကို ဖမ်းမိကြောင်း သိရသည်။

ဒီးမော့ဆို - တောင်ငူလမ်း လိုပူကျေးရွာလမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်တစ်စီး စီးနင်းလာသည့် ဘော်ရယ်နှင့် လူရယ်တို့အား စစ်ဆေးရာ လူရယ်ဝတ်ဆင်ထားသော အင်္ကျီအတွင်းမှ စိတ်ကြွဆေးပြား (၁၀၀၀) ပြားအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် လူရယ်နှင့် ဘော်ရယ်တို့နှစ်ဦးအား ဒီးမော့ဆိုမြို့မရဲစခန်းတွင် မယ(ပ)၁၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ - ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ကယားျပည္နယ္ ဒီးေမာ့ဆိုတြင္ စိတ္ၾကြေဆးျပား သယ္လာသူ ႏွစ္ဦးကို ဖမ္းမိ

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕တြင္ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၇) ရက္ေန႔  ည (၈)နာရီခြဲဝန္းက်င္က  ဒီးေမာ့ဆို - ေတာင္ငူလမ္း၌ မူးယစ္သတင္းအရ ပိတ္ဆို႔စစ္ေဆးရာမွ စိတ္ၾကြရူးသြပ္ေဆးျပား တစ္ေထာင္ျပား သယ္လာသည့္ အမ်ိဳးသားႏွစ္ဦးကို ဖမ္းမိေၾကာင္း သိရသည္။

ဒီးေမာ့ဆို - ေတာင္ငူလမ္း လိုပူေက်းရြာလမ္းဆုံတြင္ ေစာင့္ဆိုင္းေနစဥ္ ဆုိင္ကယ္တစ္စီး စီးနင္းလာသည့္ ေဘာ္ရယ္ႏွင့္  လူရယ္တို႔အား စစ္ေဆးရာ လူရယ္ ဝတ္ဆင္ထားေသာ အက်ႌအတြင္းမွ စိတ္ၾကြေဆးျပား (၁၀၀၀) ျပားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့့္ လူရယ္ႏွင့္ ေဘာ္ရယ္တို႔ႏွစ္ဦးအား ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၈/၂၀၁၉ ၊ မူး/စိတ္ပုဒ္မ - ၁၉(က)/ ၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္ဟု သိရသည္။

Tachileik News Agency
သတင္း  - ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net