မိုးကုတ်မြို့တွင် ရေထဲမျှောပါသွားသည့် ကိုရင်တစ်ပါး၏ ရုပ်အလောင်း ရှာတွေ့

ပုံအညွှန်း - မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့မှ ရုပ်အလောင်းအား သယ်ယူလာစဉ် [Photo:CJ]
ပုံအညွှန်း - မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့မှ ရုပ်အလောင်းအား သယ်ယူလာစဉ် [Photo:CJ]
မိုးကုတ်မြို့တွင် ရေထဲမျှောပါသွားသည့် ကိုရင်တစ်ပါး၏ ရုပ်အလောင်း ရှာတွေ့

မိုးကုတ်မြို့တွင် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်မှုကြောင့် ရေမြောင်းမှ တဆင့် ရေချောင်းထဲသို့ မျှောပါသွားသည့် ကိုရင်တစ်ပါးအား အသက်မဲ့စွာဖြင့်  ပြန်ရှာတွေ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်အစောပိုင်းက   ရေမြောင်းအတွင်း ဆင်းရာမှ မျှောပါသွားရာ ရေချောင်းအထိ မျှောပါသွားခြင်း ဖြစ်ကြောင်း နှင့် ရေထဲမျှောပါသွားသည့် ကိုရင်ကို မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့ နှင့် လူမှုကူညီရေးအသင်းတို့က လိုက်လံရှာဖွေရာ သေဆုံးလျှက်ဖြင့် ပြန်တွေ့ကြောင်း သိရသည်။

အဆိုပါ ကိုရင်လေးသည် သက်တော် (၁၂)နှစ်ရှိ ရှင်ဆန္ဒဖြစ်ပြီး ကမ္မဌာန်းကျောင်းကဟု သိရသည်။