တာချီလိတ်တွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)က အသည်းရောဂါအကြောင်း ဟောပြောဆွေးနွေး

တာချီလိတ်တွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)က အသည်းရောဂါအကြောင်း ဟောပြောဆွေးနွေး
အောက်တိုဘာ 21, 2019
By 🌸
တာချီလိတ်တွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)က အသည်းရောဂါအကြောင်း ဟောပြောဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ နေ့လယ်ပိုင်းတွင် အသည်းရောဂါအကြောင်း ဟောပြောဆွေးနွေးပြီး ဘီပိုး၊ စီပိုး အခမဲ့စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို အောက်တိုဘာလ (၂၂)ရက်နေ့၌ နောက်ဆုံးနေ့အဖြစ် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်။

နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ် ရောက်ရှိနေသည့် အဆိုပါဖောင်ဒေးရှင်းက အသည်းရောင်အသားဝါရောဂါအကြောင်း ဟောပြောဆွေးနွေးပွဲကို အောင်မြတ်ခန်းမ၌ ကျင်းပရာ ဖောင်ဒေးရှင်း၏ ဂုဏ်ထူးဆောင် နာယက ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ အောင်သန်းထွဋ်၊ ဖောင်ဒေးရှင်း ဥက္ကဌ တပ်မတော်ဆေးတက္ကသိုလ် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဆေးပညာဌာန၊ ဂုဏ်ထူးဆောင် ပါမောက္ခ၊ ပါမောက္ခ ဒုတိယဗိုလ်မှူးကြီး ကျော်စိုးထွန်း (ငြိမ်း)၊ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ဆေးတက္ကသိုလ် (၁) အသည်းရောဂါဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဦးဝင်းနိုင်၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ အသည်းရောဂါအကြောင်း စိတ်ဝင်စားသူများ တက်ရောက်ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် အဆိုပါဖောင်ဒေးရှင်းက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဝင်းအတွင်း၌ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး အခမဲ့ စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးတစ်ကြိမ် အခမဲ့ထိုးနှံပေးခြင်းကို အောက်တိုဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များ၌ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

နှစ်ရက်တာကာလအတွင်း လူပေါင်း (၁၀၀၀)ကို အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိ၊ မရှိ SD Rapid Test ဖြင့် အခမဲ့စစ်ဆေးပေးပြီး ဘီပိုး၊ စီပိုးမရှိသူများကို ကာကွယ်ဆေးတစ်ကြိမ် အခမဲ့ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးကို (၃)ကြိမ်ထိုးနှံရမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံသူများအနေဖြင့် နောက်ထပ် (၂)ကြိမ်ကို မိမိအစီအစဉ်ဖြင့် ထိုးနှံကြရမည်ဖြစ်ကာ ကာကွယ်ဆေးအကြိမ်ရေပြည့်အောင်ထိုးနှံပြီး (၂) လအကြာတွင် ကာကွယ်ဆေးအောင်၊ မအောင် ပြန်လည်စစ်ဆေးရမည်ဖြစ်ပြီး ကာကွယ်ဆေးအောင်မှသာ ဘီပိုးကူးစက်စေခြင်းမှ ကာကွယ်တားဆီးပေးနိုင်မည်ဖြစ်သည်။

စမ်းသပ်မှုအတွင်း ဘီပိုး၊ စီပိုးရှိကြောင်း အဖြေထွက်ပါက ဆေးခန်းကြီးများတွင် ELISA စက်ဖြင့် ဆက်လက်စစ်ဆေးအတည်ပြုခြင်းကို မိမိအစီအစဉ်ဖြင့် ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်သည်။
အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)၏ ဘီပိုး၊စီပိုး အခမဲ့စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးတစ်ကြိမ် အခမဲ့ထိုးနှံပေးခြင်းအစီအစဉ်တွင် ကျိုင်းတုံမြို့ ကုတင် (၃၀၀) ဆံ့ တပ်မတော်ဆေးရုံမှ ကုသရေးအဖွဲ့ကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

ဖေါင်ဒေးရှင်းက လူဦးရေ (၅၀၀)ကို အခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်းဖြစ်ပြီး ဝစီပိတ်ဆရာတော်၊ ဦးတင်လှိုင်နှင့် ဦးစိုင်းပွတ်တို့၏ လှူဒါန်းမှုဖြင့် လူဦးရေ (၅၀၀) စုစုပေါင်း လူဦးရေ (၁၀၀၀)ကို အခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးတစ်ကြိမ် အခမဲ့ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးကြမည်ဖြစ်သည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ)၏ ဘီပိုး၊စီပိုး အခမဲ့စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးတစ်ကြိမ် အခမဲ့ထိုးနှံပေးခြင်းအစီအစဉ်တွင် တာချီလိတ်မှ ဌာနဆိုင်ရာများကလည်း လိုအပ်သည်များ ပံ့ပိုးကူညီပေးနေပြီး ဝစီပိတ်ဆရာတော်၊ ဦးချစ်ထူ၊ ဦးထွန်းနေဦး၊ ဦးအားမဲ၊ ဦးလောတာ၊ ဦးအားပြာ၊ ဦးအားရင်၊ ဦးဝီလ်ဆင်မိုး၊ ဦးစိုင်းပွတ်၊ ဦးဇော်မြင့်၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအဖွဲ့တို့က ရန်ကုန်မြို့ အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ)အတွက် အလှူငွေ ကျပ် (၁၁၅) သိန်းကိုလည်း လှူဒါန်းခဲ့ကြသည်ကို တွေ့ရသည်။

ဖေါင်ဒေးရှင်း၏ နယ်လှည့်ဆေးကုသမှုအစီအစဉ်နှင့်အတူ ဆေးကုမ္ပဏီ (၁၅)ခုလည်း လိုက်ပါလာခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ အစာအိမ္၊ အူလမ္းေၾကာင္းနွင့္ အသည္းေရာဂါေဖာင္ေဒးရွင္း (ျမန္မာ)က အသည္းေရာဂါအေၾကာင္း ေဟာေျပာေဆြးေႏြး

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အစာအိမ္၊ အူလမ္းေၾကာင္းနွင့္ အသည္းေရာဂါေဖာင္ေဒးရွင္း (ျမန္မာ)က ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ အသည္းေရာဂါအေၾကာင္း ေဟာေျပာေဆြးေႏြးၿပီး ဘီပိုး၊ စီပိုး အခမဲ့စစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆးထိုးျခင္းကို ေအာက္တုိဘာလ (၂၂)ရက္ေန႔၌ ေနာက္ဆံုးေန႔အျဖစ္ ဆက္လက္ေဆာင္ရြက္ေပးမည္ျဖစ္သည္။

နယ္လွည့္က်န္းမာေရးေစာင့္ေရွာက္မႈခရီးစဥ္ ေရာက္ရိွေနသည့္ အဆိုပါေဖာင္ေဒးရွင္းက အသည္းေရာင္အသားဝါေရာဂါအေၾကာင္း ေဟာေျပာေဆြးေႏြးပြဲကို ေအာင္ျမတ္ခန္းမ၌ က်င္းပရာ ေဖာင္ေဒးရွင္း၏ ဂုဏ္ထူးေဆာင္ နာယက ဒုတိယဗိုလ္ခ်ဳပ္ႀကီး သီရိပ်ံခ်ီ ေအာင္သန္းထြဋ္၊ ေဖာင္ေဒးရွင္း ဥကၠဌ တပ္မေတာ္ေဆးတကၠသိုလ္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါေဆးပညာဌာန၊ ဂုဏ္ထူးေဆာင္ ပါေမာကၡ၊ ပါေမာကၡ ဒုတိယဗိုလ္မွဴးႀကီး ေက်ာ္စိုးထြန္း (ၿငိမ္း)၊ ေဖာင္ေဒးရွင္း ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္၊ ေဆးတကၠသိုလ္ (၁) အသည္းေရာဂါေဆးပညာဌာန၊ ပါေမာကၡ/ဌာနမွဴး ပါေမာကၡ ဦးဝင္းႏုိင္၊ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္း၊ ခရိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ တာဝန္ရိွသူမ်ား၊ အသည္းေရာဂါအေၾကာင္း စိတ္ဝင္စားသူမ်ား တက္ေရာက္ၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပူေဇာ္သည့္အေနျဖင့္ အဆိုပါေဖာင္ေဒးရွင္းက မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ဝင္းအတြင္း၌ အသည္းေရာင္အသားဝါ ဘီပိုး၊ စီပိုး အခမဲ့ စစ္ေဆးေပးျခင္းႏွင့္ ကာကြယ္ေဆးတစ္ႀကိမ္ အခမဲ့ထိုးႏွံေပးျခင္းကို ေအာက္တိုဘာလ (၂၁)ရက္နွင့္ (၂၂)ရက္ေန႔မ်ား၌ ေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

ႏွစ္ရက္တာကာလအတြင္း လူေပါင္း (၁၀၀၀)ကို အသည္းေရာင္ အသား၀ါ ဘီပိုး၊ စီပိုး ရိွ၊ မရိွ SD Rapid Test ျဖင့္ အခမဲ့စစ္ေဆးေပးၿပီး ဘီပိုး၊ စီပိုးမရိွသူမ်ားကို ကာကြယ္ေဆးတစ္ႀကိမ္ အခမဲ့ထုိးႏွံေပးျခင္းျဖစ္သည္။

ကာကြယ္ေဆးကို (၃)ႀကိမ္ထိုးႏွံရမည္ျဖစ္ရာ ကာကြယ္ေဆးထုိးႏွံသူမ်ားအေနျဖင့္ ေနာက္ထပ္ (၂)ႀကိမ္ကို မိမိအစီအစဥ္ျဖင့္ ထိုးႏွံၾကရမည္ျဖစ္ကာ ကာကြယ္ေဆးအႀကိမ္ေရျပည့္ေအာင္ထိုးႏွံၿပီး (၂) လအၾကာတြင္ ကာကြယ္ေဆးေအာင္၊ မေအာင္ ျပန္လည္စစ္ေဆးရမည္ျဖစ္ၿပီး ကာကြယ္ေဆးေအာင္မွသာ ဘီပိုးကူးစက္ေစျခင္းမွ ကာကြယ္တားဆီးေပးႏိုင္မည္ျဖစ္သည္။

စမ္းသပ္မႈအတြင္း ဘီပိုး၊ စီပိုးရိွေၾကာင္း အေျဖထြက္ပါက ေဆးခန္းႀကီးမ်ားတြင္ ELISA စက္ျဖင့္ ဆက္လက္စစ္ေဆးအတည္ျပဳျခင္းကို မိမိအစီအစဥ္ျဖင့္ ဆက္လက္လုပ္ေဆာင္ၾကရမည္ျဖစ္သည္။

အစာအိမ္၊ အူလမ္းေၾကာင္းနွင့္ အသည္းေရာဂါေဖာင္ေဒးရွင္း (ျမန္မာ)၏ ဘီပိုး၊စီပိုး အခမဲ့စစ္ေဆးေပးျခင္းႏွင့္ ကာကြယ္ေဆးတစ္ႀကိမ္ အခမဲ့ထုိးႏွံေပးျခင္းအစီအစဥ္တြင္ က်ိဳင္းတံုၿမိဳ႕ ကုတင္ (၃၀၀) ဆံ့ တပ္မေတာ္ေဆးရံုမွ ကုသေရးအဖြဲ႕ကလည္း ပူးေပါင္းကူညီေဆာင္ရြက္ေပးေနသည္ကို ေတြ႔ရသည္။

ေဖါင္ေဒးရွင္းက လူဦးေရ (၅၀၀)ကို အခမဲ့ စမ္းသပ္စစ္ေဆးေပးျခင္းျဖစ္ၿပီး ဝစီပိတ္ဆရာေတာ္၊ ဦးတင္လိႈင္ႏွင့္ ဦးစိုင္းပြတ္တို႔၏ လွဴဒါန္းမႈျဖင့္ လူဦးေရ (၅၀၀) စုစုေပါင္း လူဦးေရ (၁၀၀၀)ကို အခမဲ့ စမ္းသပ္စစ္ေဆးေပးျခင္းႏွင့္ ကာကြယ္ေဆးတစ္ႀကိမ္ အခမဲ့ထုိးႏွံေပးျခင္းကို ေဆာင္ရြက္ေပးၾကမည္ျဖစ္သည္။

အစာအိမ္၊ အူလမ္းေၾကာင္းနွင့္ အသည္းေရာဂါေဖာင္ေဒးရွင္း (ျမန္မာ)၏ ဘီပိုး၊စီပိုး အခမဲ့စစ္ေဆးေပးျခင္းႏွင့္ ကာကြယ္ေဆးတစ္ႀကိမ္ အခမဲ့ထုိးႏွံေပးျခင္းအစီအစဥ္တြင္ တာခ်ီလိတ္မွ ဌာနဆိုင္ရာမ်ားကလည္း လုိအပ္သည္မ်ား ပံ့ပိုးကူညီေပးေနၿပီး ၀စီပိတ္ဆရာေတာ္၊ ဦးခ်စ္ထူ၊ ဦးထြန္းေနဦး၊ ဦးအားမဲ၊ ဦးေလာတာ၊ ဦးအားျပာ၊ ဦးအားရင္၊ ဦးဝီလ္ဆင္မိုး၊ ဦးစိုင္းပြတ္၊ ဦးေဇာ္ျမင့္၊ ကိုးကန္႔လူမႈဖြံ႕ၿဖိဳးေရးအဖြဲ႕တို႔က ရန္ကုန္ၿမိဳ႕ အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ)အတြက္ အလွဴေငြ က်ပ္ (၁၁၅) သိန္းကိုလည္း လွဴဒါန္းခဲ့ၾကသည္ကို ေတြ႔ရသည္။

ေဖါင္ေဒးရွင္း၏ နယ္လွည့္ေဆးကုသမႈအစီအစဥ္ႏွင့္အတူ ေဆးကုမၸဏီ (၁၅)ခုလည္း လုိက္ပါလာျခင္းျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net