တာချီလိတ်တွင် အသည်းရောင် ဘီနှင့်စီပိုး အခမဲ့ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးပေးမည့်ဦးရေ (၁၀၀၀)အထိ ထပ်တိုးဆောင်ရွက်ပေးမည်

တာချီလိတ်တွင် အသည်းရောင် ဘီနှင့်စီပိုး အခမဲ့ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးပေးမည့်ဦးရေ (၁၀၀၀)အထိ ထပ်တိုးဆောင်ရွက်ပေးမည်
အောက်တိုဘာ 21, 2019
By 🌸
တာချီလိတ်တွင် အသည်းရောင် ဘီနှင့်စီပိုး အခမဲ့ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးပေးမည့်ဦးရေ (၁၀၀၀)အထိ ထပ်တိုးဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များ၌ အသည်းရောင်ဘီပိုး၊ စီပိုး အခမဲ့စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို လူဦးရေ (၁၀၀၀)အထိ ထပ်တိုးဆောင်ရွက်ပေးသွားတော့မည်ဖြစ်သည်။

တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနကိုပူဇော်သည့်အနေဖြင့် ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ) က အသည်းရောင် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ (၅၀၀)အတွက် မဟာမြတ်မုနိ ကျောင်းဝင်းအတွင်း အခမဲ့လာရောက်ဆောင်ရွက်ပေးရာတွင် ဒေသခံအလှူရှင်များက နောက်ထပ် လူဦးရေ (၅၀၀)အတွက် ကာကွယ်ဆေးများ ထပ်မံလှူဒါန်းလာသဖြင့် လူဦးရေ (၁၀၀၀)အထိ အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်သည်ဟု သိရသည်။

"အခမ်းအနားပြင်ပြီးတော့ လူ (၅၀၀) ကနည်းတယ်။ အလှူရှင်တွေလည်းရှိတော့ နောက် (၅၀၀) ထပ်တိုးပြီး (၁၀၀၀) လုပ်လိုက်တာ" ဟု မြသဟာဆေးရုံပိုင်ရှင် ဦတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဝင်းတွင် အသည်းရောင်ဘီပိုး၊ စီပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များတွင် နေ့စဉ် နံနက် (၈)နာရီခွဲမှစ၍ ဆောင်ရွက်ပေးမည်ဖြစ်ပြီး တိုကင်နံပါတ်များကို နံနက် (၈)နာရီတွင် စတင်ရယူနိုင်ပြီဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အတူ အသည်းရောင် အသားဝါ B ပိုး၊ C ပိုးနှင့်ပတ်သက်သည့် ဟောပြောပွဲကိုလည်း အောက်တိုဘာလ (၂၁) ရက်နေ့ နေ့လယ် (၁)နာရီတွင် အောင်မြတ်ခန်းမ၌ ကျင်းပသွားမည်ဖြစ်၍ မည်သူမဆိုတက်ရောက်နိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ) က အသည်းရောင် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ (၅၀၀)အတွက် လှူဒါန်းပြီး နောက်ထပ်လူဦးရေ (၅၀၀)အတွက် ကာကွယ်ဆေးများကို  ဝစီပိတ်ဆရာတော်၊ ဦးချစ်ထူ၊ ဦးထွန်းနေဦး၊ ဦးအားမဲ၊ ဦးလောတာ၊ ဦးအားပြာ၊ ဦးအားရင်၊ ဦးဝီလ်ဆင်မိုး၊ ဦးစိုင်းပွတ်၊ ဦးဇော်မြင့်၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ဦးတင်လှိုင်နှင့် ကိုတိုးမိသားစုများက စုပေါင်းလှူဒါန်းပေးကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္တြင္ အသည္းေရာင္ ဘီႏွင့္စီပိုး အခမဲ့ စစ္ေဆးျခင္း၊ ကာကြယ္ေဆးထိုးေပးမည့္ဦးေရ (၁၀၀၀)အထိ ထပ္တိုးေဆာင္ရြက္ေပးမည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ႏွင့္ (၂၂)ရက္ေန႔မ်ား၌ အသည္းေရာင္ဘီပိုး၊ စီပိုး အခမဲ့စစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆးထုိးျခင္းကို လူဦးေရ (၁၀၀၀)အထိ ထပ္တိုးေဆာင္ရြက္ေပးသြားေတာ့မည္ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကိုပူေဇာ္သည့္အေနျဖင့္ ရန္ကုန္ၿမိဳ႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ) က အသည္းေရာင္ ဘီပိုး၊ စီပိုးစစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆး ထိုးႏွံေပးျခင္းကို လူဦးေရ (၅၀၀)အတြက္ မဟာျမတ္မုနိ ေက်ာင္းဝင္းအတြင္း အခမဲ့လာေရာက္ေဆာင္ရြက္ေပးရာတြင္ ေဒသခံအလွဴရွင္မ်ားက ေနာက္ထပ္ လူဦးေရ (၅၀၀)အတြက္ ကာကြယ္ေဆးမ်ား ထပ္မံလွဴဒါန္းလာသျဖင့္ လူဦးေရ (၁၀၀၀)အထိ အခမဲ့စစ္ေဆးေပးသြားမည္ျဖစ္သည္ဟု သိရသည္။

"အခမ္းအနားျပင္ၿပီးေတာ့ လူ (၅၀၀) ကနည္းတယ္။ အလွဴရွင္ေတြလည္းရိွေတာ့ ေနာက္ (၅၀၀) ထပ္တိုးၿပီး (၁၀၀၀) လုပ္လိုက္တာ" ဟု ျမသဟာေဆးရံုပိုင္ရွင္ ဦတင္လိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ဝင္းတြင္ အသည္းေရာင္ဘီပိုး၊ စီပိုး စစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆးထိုးႏွံေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္နွင့္ (၂၂)ရက္ေန႔မ်ားတြင္ ေန႔စဥ္ နံနက္ (၈)နာရီခြဲမွစ၍ ေဆာင္ရြက္ေပးမည္ျဖစ္ၿပီး တိုကင္နံပါတ္မ်ားကို နံနက္ (၈)နာရီတြင္ စတင္ရယူႏုိင္ၿပီျဖစ္သည္။

ကာကြယ္ေဆးထိုးႏွံေပးျခင္းႏွင့္အတူ အသည္းေရာင္ အသား၀ါ B ပိုး၊ C ပိုးႏွင့္ပတ္သက္သည့္ ေဟာေျပာပြဲကိုလည္း ေအာက္တိုဘာလ (၂၁) ရက္ေန႔ ေန႔လယ္ (၁)နာရီတြင္ ေအာင္ျမတ္ခန္းမ၌ က်င္းပသြားမည္ျဖစ္၍ မည္သူမဆိုတက္ေရာက္ႏုိင္မည္ျဖစ္သည္။

ရန္ကုန္ၿမိဳ႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ) က အသည္းေရာင္ ဘီပိုး၊ စီပိုးစစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆး ထိုးႏွံေပးျခင္းကို လူဦးေရ (၅၀၀)အတြက္ လွဴဒါန္းၿပီး ေနာက္ထပ္လူဦးေရ (၅၀၀)အတြက္ ကာကြယ္ေဆးမ်ားကို  ဝစီပိတ္ဆရာေတာ္၊ ဦးခ်စ္ထူ၊ ဦးထြန္းေနဦး၊ ဦးအားမဲ၊ ဦးေလာတာ၊ ဦးအားျပာ၊ ဦးအားရင္၊ ဦးဝီလ္ဆင္မိုး၊ ဦးစိုင္းပြတ္၊ ဦးေဇာ္ျမင့္၊ ကိုးကန္႔လူမႈဖြံ႕ၿဖိဳးေရးအဖြဲ႕၊ ဦးတင္လိႈင္နွင့္ ကိုတိုးမိသားစုမ်ားက စုေပါင္းလွဴဒါန္းေပးၾကျခင္းျဖစ္သည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net