ေတာင္ႀကီး တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္တြင္ မေတာ္တဆမႈေလ်ာ့နည္းေစေရး ယမ္းအသံုးျပဳမႈ စနစ္က်ေစရန္ ကြင္းဆင္းစစ္ေဆးေန

ေတာင္ႀကီး တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္တြင္ မေတာ္တဆမႈေလ်ာ့နည္းေစေရး ယမ္းအသံုးျပဳမႈ စနစ္က်ေစရန္ ကြင္းဆင္းစစ္ေဆးေန
စက်တင်ဘာ 23, 2019
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္အတြင္း က်င္းပမည့္ တန္ေဆာင္တုိင္ မီးပံုးပ်ံပြဲေတာ္၌ ယခင္ႏွစ္မ်ားကဲ့သို႔ မီးပံုးပ်ံမေတာ္တဆမႈမ်ား မျဖစ္ပြားေစေရးအတြက္ မီးပံုးပ်ံျပဳလုပ္သည့္ ေနရာမ်ားသို႔ ကြင္းဆင္းအဖြဲ႕ျဖင့္ ယမ္းအသံုးျပဳမႈစနစ္တက်ရိွေစေရး ႀကီးၾကပ္ေနေၾကာင္း သိရသည္။

“ပထမအႀကိမ္ အစည္းအေဝးၿပီးကတည္းက ရဲတပ္ဖြဲ႔ရယ္၊ မီးပံုးပ်ံပညာရွင္မ်ားရယ္၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနတာဝန္ရိွသူေတြရယ္ ပါဝင္တဲ့အဖြဲ႕နဲ႔ မီးပံုးပ်ံလုပ္တဲ့ေနရာေတြမွာ တစ္ခါတည္း ကြင္းဆင္းၿပီးေတာ့မွ လံုၿခံဳေရးအစီအမံေတြကို ေဆာင္ရြက္ေနပါတယ္။ ဆိုလိုတာက ယမ္းကိုစနစ္တက်သံုးဖို႔၊ ေနာက္ သတ္မွတ္ထားတဲ့ယမ္းထက္ပိုၿပီး မသံုးဖို႔၊  ညမီးႀကီးဆို မႏွစ္က ယမ္း (၃၅)ပိႆ သတ္မွတ္ေပးတယ္။ သတ္မွတ္တာမွာ တစ္ခ်ိဳ႕ကလည္း ေက်ာ္တာေတြ ရိွေကာင္းရိွလာမွာေပါ့။ အဲဒီလိုမျဖစ္ေအာင္ ဒီႏွစ္ကေတာ့ စက္တင္ဘာ (၃)ရက္အစည္းအေဝးလုပ္ၿပီးကတည္းက ခုနေကာ္မတီက ကြင္းဆင္းစီမံေနပါၿပီ”ဟု ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္က်င္းပေရး ဦးစီးေကာ္မတီ ဥကၠဌ ျဖစ္သူ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၃)ရက္ေန႔တြင္ ေျပာသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္ကို ျပည္တြင္းျပည္ပမွ လာေရာက္ဆင္ႏႊဲသူအမ်ားအျပား လာေရာက္ေလ့ရိွၿပီး မီးပံုးပ်ံလႊတ္တင္ခ်ိန္တြင္ မေတာ္တဆေပါက္ကြဲမႈအခ်ိဳ႕ ရံဖန္ရံခါျဖစ္ပြားကာ ထိခုိက္ဒဏ္ရာရမႈႏွင့္ ေသဆံုးမႈမ်ား ျဖစ္တတ္သျဖင့္ ယမ္းအသံုးျပဳမႈကို စနစ္က်ေစေရး မီးပံုးပ်ံပညာရွင္မ်ားပါဝင္သည့္အဖြဲ႕ျဖင့္ စစ္ေဆးေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္ကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၄) ရက္ေန႔မွ (၁၂) ရက္ေန႔အထိ က်င္းပရန္ စီစဥ္ထားရာ မီးပံုးပ်ံပညာရွင္မ်ားက မီးပံုမ်ား အကုန္လႊတ္တင္ႏိုင္ျခင္းမရိွမည္ကို စိုးရိမ္သျဖင့္ ရက္ထပ္တိုးေပးရန္ ေတာင္းဆိုမႈမ်ားရိွေနၿပီး ၿပိဳင္ပြဲဝင္မီးပံုးပ်ံအေရအတြက္ (၁၂၈) လံုးထက္မေက်ာ္ပါက ရက္ထပ္မံတိုးေပးရန္ မရိွႏိုင္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

ဓါတ္ပံု - ႐ွမ္းျပည္နယ္႐ိုးရာမီးပံုးပ်ံပညာ႐ွင္မ်ားအသင္း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် မတော်တဆမှုလျော့နည်းစေရေး ယမ်းအသုံးပြုမှု စနစ်ကျစေရန် ကွင်းဆင်းစစ်ဆေးနေ
************
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ယခင်နှစ်များကဲ့သို့ မီးပုံးပျံမတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် မီးပုံးပျံပြုလုပ်သည့် နေရာများသို့ ကွင်းဆင်းအဖွဲ့ဖြင့် ယမ်းအသုံးပြုမှုစနစ်တကျရှိစေရေး ကြီးကြပ်နေကြောင်း သိရသည်။

“ပထမအကြိမ် အစည်းအဝေးပြီးကတည်းက ရဲတပ်ဖွဲ့ရယ်၊ မီးပုံးပျံပညာရှင်များရယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတာဝန်ရှိသူတွေရယ် ပါဝင်တဲ့အဖွဲ့နဲ့ မီးပုံးပျံလုပ်တဲ့နေရာတွေမှာ တစ်ခါတည်း ကွင်းဆင်းပြီးတော့မှ လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်နေပါတယ်။ ဆိုလိုတာက ယမ်းကိုစနစ်တကျသုံးဖို့၊ နောက် သတ်မှတ်ထားတဲ့ယမ်းထက်ပိုပြီး မသုံးဖို့၊  ညမီးကြီးဆို မနှစ်က ယမ်း (၃၅)ပိဿ သတ်မှတ်ပေးတယ်။ သတ်မှတ်တာမှာ တစ်ချို့ကလည်း ကျော်တာတွေ ရှိကောင်းရှိလာမှာပေါ့။ အဲဒီလိုမဖြစ်အောင် ဒီနှစ်ကတော့ စက်တင်ဘာ (၃)ရက်အစည်းအဝေးလုပ်ပြီးကတည်းက ခုနကော်မတီက ကွင်းဆင်းစီမံနေပါပြီ”ဟု တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ပြည်တွင်းပြည်ပမှ လာရောက်ဆင်နွှဲသူအများအပြား လာရောက်လေ့ရှိပြီး မီးပုံးပျံလွှတ်တင်ချိန်တွင် မတော်တဆပေါက်ကွဲမှုအချို့ ရံဖန်ရံခါဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ ဖြစ်တတ်သဖြင့် ယမ်းအသုံးပြုမှုကို စနစ်ကျစေရေး မီးပုံးပျံပညာရှင်များပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားရာ မီးပုံးပျံပညာရှင်များက မီးပုံများ အကုန်လွှတ်တင်နိုင်ခြင်းမရှိမည်ကို စိုးရိမ်သဖြင့် ရက်ထပ်တိုးပေးရန် တောင်းဆိုမှုများရှိနေပြီး ပြိုင်ပွဲဝင်မီးပုံးပျံအရေအတွက် (၁၂၈) လုံးထက်မကျော်ပါက ရက်ထပ်မံတိုးပေးရန် မရှိနိုင်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net