နမ့်နိန်းကျေးရွာ အနောက်ဘက်ရှိ တောင်ကျောကို အာဏာသိမ်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ပြင်းထန်

Photo: KRU
Photo: KRU
နမ့်နိန်းကျေးရွာ အနောက်ဘက်ရှိ တောင်ကျောကို အာဏာသိမ်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ပြင်းထန်
မတ် 16, 2023 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ‌အနောက်ဘက်ရှိ တောင်ကျောအား ၂၀၂၃ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသဖြင့် ဒေသကာကွယ် ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု (KRU)က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၂၀)ကျော်သေပြီး ဒေသကာကွယ်ရေးတပ်များဘက်တွင် KRU မှ (၂)ဦး၊ တပ်ရင်း(၈၀၄) မှ (၁)ဦး၊ တပ်ရင်း(၈၀၅)မှ (၁)ဦး၊ စစ်တောင်းပြောက်ကျားမှ (၁)ဦး စုစုပေါင်း (၅)ဦးမှာ မစိုးရိမ်သည့်  ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)၊ KNDF BO 11၊ PNDF(KK)၊ အလယ်ပိုင်းတိုင်းတပ်ရင်း(၈၀၄)၊ တပ်ရင်း(၈၀၅)၊ တပ်ရင်း(၁၁၀၂)၊ စစ်တောင်းပျောက်ကျားအဖွဲ့တို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ဖမ်းဆီးခေါပြီး စစ်သုံ့ပန်သဖွယ် ပြုမူနေသောကြောင့် ဒေသကာ ကွယ်ရေးအဖွဲ့များ ထုတ်ပြန်ထားသော တိုက်ပွဲဖြစ်ပွားနေသည့်စစ်မျက်နှာနှင့် ဝေးသောနေရာဒေသများအား ပြောင်းရွှေ့နေထိုင်ပေးကြရန် တိုက်တွန်းနိူးဆော်ထားသည်။

စစ်ကောင်စီတပ်များသည် ရှမ်း - ကယားနယ်စပ်နှင့် ကယားပြည် နယ်ကို အင်အားအများအပြားဖြင့် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကစတင်ကာ ထိုးစစ်ဆင်နေရာ ယနေ့မတ်လ (၁၆)ရက်အထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။