မန္တလေးက ပြန်လာ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်သပြေ Quarantine တွင် ထားရှိသည့် အမျိုးသမီးတစ်ဦး၌ Covid-19 ပိုးတွေ့

မန္တလေးက ပြန်လာ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်သပြေ Quarantine တွင် ထားရှိသည့် အမျိုးသမီးတစ်ဦး၌ Covid-19 ပိုးတွေ့
စက်တင်ဘာ 25, 2020
By Tachileik News Agency
မန္တလေးက ပြန်လာ၍ ရှမ်းပြည်(တောင်ပိုင်း) အောင်သပြေ  Quarantine တွင် ထားရှိသည့် အမျိုးသမီးတစ်ဦး၌  Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် မန္တလေးမှပြန်လာသူ (၁)ဦးကို COVID 19 အတည်ပြုလူနာအဖြစ် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် အဆိုပါအတည်ပြုလူနာနှင့်အတူ မန္တလေး -တောင်ကြီး ကားအတူစီးလာသူ (၅)ဦးကို အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သူက (၂၀)ရက်နေ့က မန္တလေးကပြန်လာတယ်။ quarantine ထဲမှာနေသူဖြစ်တယ်။ quarantine ထဲမှာနေရင်း (၂၄)ရက်နေ့က မန္တလေးမှာ သူနဲ့အတူနေခဲ့သူထဲက သူငယ်ချင်းတစ်ဦးက positive လူနာဖြစ်တယ်လို့ သူက သတင်းပေးလာတယ်။ သတင်းပို့တော့မှ ချက်ချင်းစစ်လိုက်တယ်ပေါ့နော်။ စစ်လိုက်တော့ တွေ့တာ။ သူကလည်း quarantine ထဲကို ချက်ချင်းရောက်တာဆိုတော့ တခြားထိတွေ့တော့ မရှိဘူး။ သူက မန္တလေးကနေ တောင်ကြီးကို ကားနဲ့လာတယ်။ အဲဒီကားက ယာဉ်မောင်းရယ်၊ ခရီးသည် (၄)ဦးရယ် စုစုပေါင်း (၅)ဦးကိုတော့ contact လို့ သတ်မှတ်ပြီး quarantine ထားလိုက်ပြီဖြစ်တယ်။ အခု အဲဒီ (၅)ယောက်ကို ဓာတ်ခွဲယူစစ်သွားမှာပေါ့”ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အတည်ပြုလူနာဖြစ်သွားသည့် အသက် (၂၈)နှစ်အရွယ် အမျိုးသမီးကို အောင်သပြေ Facility Quarantine တွင် ထားရှိရာမှ ပိုးတွေ့၍ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းနှင့်အတူ မန္တလေးမှ ကားအတူစီးလာသူ (၁)ဦးနှင့် ယာဉ်မောင်းမှာ တောင်ကြီးမြို့၌ အသွားအလာကန့်သတ်ထားပြီး ကျန် (၃)ဦးကို ညောင်ရွှေမြို့နယ်၌ အသွားအလာကန့်သတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၌ COVID 19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း စက်တင်ဘာလ (၂၅)ရက်နေ့၌ ထပ်တိုးလာသည့် အတည်ပြုလူနာ အပါအဝင် စုစုပေါင်း COVID 19 အတည်ပြုလူနာ (၁၄)ဦးရှိသွားပြီဖြစ်ပြီး ကုသမှုခံယူနေဆဲမှာ (၅)ဦးရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~