တာခ်ီလိတ္ၿမိဳ႕နယ္မွ လူကုန္ကူးခံရသူမ်ား ျပန္လည္ထူေထာင္ေရးအစီအစဥ္ျဖင့္ ၂၀၁၉ ခုႏွစ္အတြင္း (၁)ဦး အကူအညီေပးထား

တာခ်ီလိတ္ၿမိဳ႕နယ္မွ လူကုန္ကူးခံရသူမ်ား ျပန္လည္ထူေထာင္ေရးအစီအစဥ္ျဖင့္ ၂၀၁၉ ခုႏွစ္အတြင္း (၁)ဦး အကူအညီေပးထား
စက်တင်ဘာ 28, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွ လူကုန္ကူးခံရသူမ်ားကို ျပန္လည္ထူေထာင္ေရး ကူညီမႈအျဖစ္ ရဲတပ္ဖြဲ႕ႏွင့္ INGO အဖြဲ႕တုိ႔က ၂၀၁၉ ခုႏွစ္အတြင္း အမ်ိဳးသမီး (၁)ဦးကို အကူအညီ ေပးထားေၾကာင္း သိရသည္။

"၂၀၁၉ ခုႏွစ္မွာ (၁) ေယာက္ပဲရိွတယ္။ အဲဒါက ၂၀၁၈ မွာၿပီးသြားတဲ့အမႈေပါ့။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကေန ေထာက္ပံ့တာပါ။ INGO အဖြဲ႕တစ္ခုက ဝက္ (၁၀) ေကာင္နဲ႔ အစာ (၆) လစာေပါ့ ေထာက္ပံ့ေပးတယ္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကေန ေငြ (၁၀) သိန္းထုတ္ေပးတယ္။ လူကုန္ကူးခံရတဲ့သူေတြက အမႈၿပီးျပတ္ၿပီးသြားမွ ေထာက္ပံ့တာေပါ့"ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ တပ္ဖြဲ႕စု (၁) မွ ရဲမွဴးယဥ္ယဥ္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူကုန္ကူးခံရသူမ်ားအနက္ ျပန္လည္လြတ္ေျမာက္လာသူမ်ားတြင္ အမ်ိဳးသမီးမ်ားပါဝင္ပါက ျပန္လည္ထူေထာင္ေရးအျဖစ္ လူမႈဝန္ထမ္းဦးစီးဌာနက ေဆာင္ရြက္ေပးရမည္ျဖစ္ရာ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ မိတ္ဖက္အဖြဲ႕မ်ားျဖင့္ ပူးေပါင္းကူညီေပးေနေၾကာင္း သိရသည္။

"လူကုန္ကူးခံရၿပီး ျပန္ေရာက္လာတဲ့အခ်ိန္မွာ ပထမအႀကိမ္အေနနဲ႔ မိသားစုကို ျပန္လည္အပ္ႏွံေပးတယ္။ ေနာက္ဆက္တြဲ ေစာင့္ေရွာက္ေရးလုပ္ေပးတယ္။ တစ္ပိုင္တစ္ႏုိင္အေနနဲ႔ အိမ္ဆိုင္ဖြင့္မလား၊ စက္ခ်ဳပ္သင္ခ်င္ သလား၊ တိရိစၦာန္ေတြ ေမြးခ်င္သလား၊ အဲလိုမ်ိဳးဆိုရင္ ေငြသားေတာ့ မေထာက္ပံ့ဘူး။ ပစၥည္းကို လူမႈ ဝန္ထမ္း၊ လူတားႏွိမ္ရဲတပ္ဖြဲ႕၊ INGO ေတြနဲ႔ပူးေပါင္းၿပီးေတာ့ သူတို႔လိုခ်င္တဲ့ပစၥည္းကိုေပးပါတယ္။ အဓိက တစ္ဖက္ႏိုင္ငံကိုျပန္မသြားေအာင္၊ ကိုယ့္ႏိုင္ငံကိုယ့္ရပ္ရြာမွာ အေျခခ်ၿပီး ေနႏိုင္ေအာင္လို႔ မတည္ၿပီးေတာ့ ေဆာင္ရြက္ေနပါတယ္" ဟု က်ဳိင္းတံုခရိုင္ လူမႈ၀န္ထမ္းဦးစီးဌာနရံုးမွ ဒုတိယညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ျမင့္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေက်းရြာမ်ားမွ အမ်ိဳးသမီးငယ္မ်ားကို တရုတ္ႏုိင္ငံတြင္ လက္ထပ္ထိမ္းျမားရန္ လိမ္လည္ပို႔ေဆာင္မႈမ်ားရိွေနသျဖင့္ လူကုန္ကူးမႈျဖစ္ပြားတတ္သည့္အေျခအေနမ်ားကို အသိပညာေပးေဟာေျပာေနရေၾကာင္း သိရသည္။

ျမန္မာတစ္ႏိုင္ငံလံုးတြင္ လူကုန္ကူးခံရသူမ်ား ယာယီေစာင့္ေရွာက္ေရးေဂဟာကို မႏၱေလး၊ မူဆယ္၊ ေကာ့ေသာင္း ႏွင့္ ျမဝတီတို့တြင္ ဖြင့္လွစ္ထားၿပီး ရန္ကုန္တိုင္းေဒသၾကီး၊ ေရႊျပည္သာျမိဳ႕နယ္တြင္လည္း (၅)ခုေျမာက္ ေဂဟာကို တည္ေဆာက္ေနျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်မှ လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေးအစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ်အတွင်း (၁)ဦး အကူအညီပေးထား
************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေး ကူညီမှုအဖြစ် ရဲတပ်ဖွဲ့နှင့် INGO အဖွဲ့တို့က ၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီး (၁)ဦးကို အကူအညီ ပေးထားကြောင်း သိရသည်။

"၂၀၁၉ ခုနှစ်မှာ (၁) ယောက်ပဲရှိတယ်။ အဲဒါက ၂၀၁၈ မှာပြီးသွားတဲ့အမှုပေါ့။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ထောက်ပံ့တာပါ။ INGO အဖွဲ့တစ်ခုက ဝက် (၁၀) ကောင်နဲ့ အစာ (၆) လစာပေါ့ ထောက်ပံ့ပေးတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ငွေ (၁၀) သိန်းထုတ်ပေးတယ်။ လူကုန်ကူးခံရတဲ့သူတွေက အမှုပြီးပြတ်ပြီးသွားမှ ထောက်ပံ့တာပေါ့"ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁) မှ ရဲမှူးယဉ်ယဉ်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူကုန်ကူးခံရသူများအနက် ပြန်လည်လွတ်မြောက်လာသူများတွင် အမျိုးသမီးများပါဝင်ပါက ပြန်လည်ထူထောင်ရေးအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးရမည်ဖြစ်ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့များဖြင့် ပူးပေါင်းကူညီပေးနေကြောင်း သိရသည်။

"လူကုန်ကူးခံရပြီး ပြန်ရောက်လာတဲ့အချိန်မှာ ပထမအကြိမ်အနေနဲ့ မိသားစုကို ပြန်လည်အပ်နှံပေးတယ်။ နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ပေးတယ်။ တစ်ပိုင်တစ်နိုင်အနေနဲ့ အိမ်ဆိုင်ဖွင့်မလား၊ စက်ချုပ်သင်ချင် သလား၊ တိရိစ္ဆာန်တွေ မွေးချင်သလား၊ အဲလိုမျိုးဆိုရင် ငွေသားတော့ မထောက်ပံ့ဘူး။ ပစ္စည်းကို လူမှု ဝန်ထမ်း၊ လူတားနှိမ်ရဲတပ်ဖွဲ့၊ INGO တွေနဲ့ပူးပေါင်းပြီးတော့ သူတို့လိုချင်တဲ့ပစ္စည်းကိုပေးပါတယ်။ အဓိက တစ်ဖက်နိုင်ငံကိုပြန်မသွားအောင်၊ ကိုယ့်နိုင်ငံကိုယ့်ရပ်ရွာမှာ အခြေချပြီး နေနိုင်အောင်လို့ မတည်ပြီးတော့ ဆောင်ရွက်နေပါတယ်" ဟု ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများမှ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံတွင် လက်ထပ်ထိမ်းမြားရန် လိမ်လည်ပို့ဆောင်မှုများရှိနေသဖြင့် လူကုန်ကူးမှုဖြစ်ပွားတတ်သည့်အခြေအနေများကို အသိပညာပေးဟောပြောနေရကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာကို မန္တလေး၊ မူဆယ်၊ ကော့သောင်း နှင့် မြဝတီတို့တွင် ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်လည်း (၅)ခုမြောက် ဂေဟာကို တည်ဆောက်နေခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net