ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ႏွင့္ ကယားျပည္နယ္ ဘီပီ-၁၃ နယ္စပ္ကုန္သြယ္ေရးလမ္း စက္တင္ဘာလ ကုန္တြင္ ၿပီးစီးႏုိင္ဖြယ္ရိွ

ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ႏွင့္ ကယားျပည္နယ္ ဘီပီ-၁၃ နယ္စပ္ကုန္သြယ္ေရးလမ္း စက္တင္ဘာလ ကုန္တြင္ ၿပီးစီးႏုိင္ဖြယ္ရိွ
စက်တင်ဘာ 5, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံ၊ မယ္ေဟာင္ေဆာင္ခရုိင္ႏွင့္ ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္ ဘီပီ-  ၁၃ တို႔အၾကား ဆက္သြယ္ထားေသာ နယ္စပ္ကုန္သြယ္ေရးလမ္းတြင္ ၿပီးစီးရန္က်န္ရွိေနသည့္ ထိုင္ႏိုင္ငံဖက္မွ လမ္းပိုင္းကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလကုန္တြင္ ၿပီးစီးေအာင္ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္ေသာ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံ၊ မယ္ေဟာင္ေဆာင္ခရုိင္ဝန္ Mr.Sirirat Chumupakarn ဦးေဆာင္ေသာအဖြဲ႕တို႔ စက္တင္ဘာလ (၄) ရက္ေန႔က  ျပည္နယ္အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

"အရင္က မျပင္ရေသးတဲ့ လမ္းေလ။ ထိုင္းဖက္က သြားရခက္ခဲေနေသးတဲ့လမ္းက စက္တင္ဘာ အကုန္မွာ ၿပီးေတာ့မယ္ေပါ့။ အဲဒီလိုၿပီးရင္ လမ္းဖြင့္ပြဲလုပ္ဖို႔  ဒီဖက္ကဘယ္သူေတြတက္မလဲ ဟိုဖက္က ဘယ္သူေတြတက္မလဲ အႀကိဳလာၿပီး ဂါရဝျပဳေဆြးေႏြးတဲ့သေဘာပါ။ ေနာက္ေရွ႕ဆက္ၿပီး ဒါကိုထပ္ေတြ႕ ဆုံသြားဖို႔ ရွိတယ္။ လမ္းကၿပီးသြားၿပီ။ ၿပီးသြားေသာ္လည္း ေနာက္ႏွစ္ေတြက်ရင္ ကတၱရာလမ္းကို ဒီထက္ေကာင္းေအာင္ ဆက္လုပ္မယ္ဆိုတာေတြ ေဆြးေႏြးတာပါ "ဟု ေဆြးေႏြးပြဲတက္ေရာက္ခဲ့သည့္ ကယားျပည္နယ္ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီ အတြင္းေရးမွဴး ေဒၚေမမ်ိဳးေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္ ႏွင့္ မယ္ေဟာင္ခ႐ိုင္အၾကား လမ္းပိုင္းကို စက္တင္ဘာလကုန္တြင္ ၿပီးစီးေအာင္ ေဆာင္ရြက္ၿပီးပါက ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးစခန္းအား  ႏိုဝင္ဘာလ သို႔မဟုတ္ ဒီဇင္ဘာလ တြင္ ဖြင့္လွစ္ႏိုင္ရန္ လ်ာထားေၾကာင္း သိရသည္။

ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္ ဘီပီ-၁၃ နယ္စပ္ဂိတ္တြင္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးအတြက္ လိုအပ္သည့္ အေျခခံအေဆာက္အအုံမ်ားႏွင့္ ဆက္စပ္လုပ္ငန္းမ်ားအတြက္ ႀကိဳတင္ ျပင္ဆင္ေဆာင္႐ြက္မႈမ်ား ၿပီးစီးသြားၿပီး အျပည္ျပည္ဆုိင္ရာ ဝင္ထြက္ေပါက္အျဖစ္ပါ အသံုးျပဳႏုိင္ေရး ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္အစိုးရအဖြဲ႕ႏွင့္ မယ္ေဟာင္ေဆာင္ခရုိင္ဝန္ ဦးေဆာင္ေသာ အဖြဲ႕တို႔ေတြ႕ဆုံခဲ့ရာတြင္ Border Pass ျဖင့္ ႏွစ္ႏိုင္ငံကူးသန္းသြားလာျခင္း ကိစၥရပ္မ်ား ၊ (၆)ညအိပ္ (၇) ရက္ ခရီးစဥ္ အစီအစဥ္ေဖာ္ေဆာင္ႏိုင္ေရး ကိစၥရပ္မ်ား၊ ကုန္သြယ္ေရး တိုးျမွင့္ေဆာင္ရြက္ေရး ကိစၥရပ္မ်ား၊ မူဝါဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္ ႏွစ္ႏိုင္ငံအၾကား ေအာင္ျမင္သည့္ နယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္လာေရး ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း ( Tachileik News Agency )
ဓါတ္ပံု - ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နှင့် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ဘီပီ- ၁၃ တို့အကြား ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ်ရေးလမ်းတွင် ပြီးစီးရန်ကျန်ရှိနေသည့် ထိုင်နိုင်ငံဖက်မှ လမ်းပိုင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြီးစီးအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ဝန် Mr.Sirirat Chumupakarn ဦးဆောင်သောအဖွဲ့တို့ စက်တင်ဘာလ (၄) ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

"အရင်က မပြင်ရသေးတဲ့ လမ်းလေ။ ထိုင်းဖက်က သွားရခက်ခဲနေသေးတဲ့လမ်းက စက်တင်ဘာ အကုန်မှာ ပြီးတော့မယ်ပေါ့။ အဲဒီလိုပြီးရင် လမ်းဖွင့်ပွဲလုပ်ဖို့ ဒီဖက်ကဘယ်သူတွေတက်မလဲ ဟိုဖက်က ဘယ်သူတွေတက်မလဲ အကြိုလာပြီး ဂါရဝပြုဆွေးနွေးတဲ့သဘောပါ။ နောက်ရှေ့ဆက်ပြီး ဒါကိုထပ်တွေ့ ဆုံသွားဖို့ ရှိတယ်။ လမ်းကပြီးသွားပြီ။ ပြီးသွားသော်လည်း နောက်နှစ်တွေကျရင် ကတ္တရာလမ်းကို ဒီထက်ကောင်းအောင် ဆက်လုပ်မယ်ဆိုတာတွေ ဆွေးနွေးတာပါ "ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်မေမျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ် နှင့် မယ်ဟောင်ခရိုင်အကြား လမ်းပိုင်းကို စက်တင်ဘာလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်ပြီးပါက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းအား နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလ တွင် ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း သိရသည်။

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ဘီပီ-၁၃ နယ်စပ်ဂိတ်တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် ဆက်စပ်လုပ်ငန်းများအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုများ ပြီးစီးသွားပြီး အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ်ပါ အသုံးပြုနိုင်ရေး ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် မယ်ဟောင်ဆောင်ခရိုင်ဝန် ဦးဆောင်သော အဖွဲ့တို့တွေ့ဆုံခဲ့ရာတွင် Border Pass ဖြင့် နှစ်နိုင်ငံကူးသန်းသွားလာခြင်း ကိစ္စရပ်များ၊ (၆)ညအိပ် (၇) ရက် ခရီးစဉ် အစီအစဉ်ဖော်ဆောင်နိုင်ရေး ကိစ္စရပ်များ၊ ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့် နှစ်နိုင်ငံအကြား အောင်မြင်သည့် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်လာရေး ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း ( Tachileik News Agency )
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net