Update News

နှစ်မိုင်အထက် လမ်းလျှောက်ကျောင်းတက်နေရသည့် ကလေးများကို စက်ဘီးအခမဲ့ပံ့ပိုးပေးနေသည့် Lesswalk ၏ အမည်ကိုသုံး၍ ငွေကြေးလိမ်ညာတောင်းခံမှုများရှိနေကြောင်း သတိပေးထား


Lesswalk အနေဖြင့် စက်ဘီးအကူအညီတောင်းခံသူများထံ ပေးပို့ရာတွင်ဖြစ်စေ၊ နေရပ်ဒေသအသီးသီးသို့ သွားရောက်ကြည့်ရှုရာတွင်ဖြစ်စေ မည်သည့်အကြောင်းကြောင့်မှ ငွေတောင်းခံခြင်းမရှိဘဲ စက်ဘီးများကို ကူညီပေးသည့် ဒေသများအရောက် အခမဲ့ပံ့ပိုးနေခြင်းဖြစ်သော်လည်း ကားဘီးပေါက်၍ ပစ္စည်းသယ်ရန် အခက်အခဲဖြစ်၍ စသည့်အကြောင်းပြချက်များဖြင့် Lesswalk အမည်သုံးပြီး ငွေလွှဲခိုင်းခြင်းများ ကြားသိနေရကြောင်း သိရသည်။



Lesswalk သည် မြန်မာလူငယ်လုပ်ငန်းရှင်တစ်ဦးက အခြားနိုင်ငံများရှိ စက်ဘီးစက်ရုံများမှ စက်ဘီးတင်ဒါများကို ဝယ်ယူပြီး သွားလာရခက်ခဲသည့်ဒေသများမှ ကျောင်းသားကျောင်းသူများအတွက် အခမဲ့ပံ့ပိုးပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

သွားလာရခက်ခဲသည့် ဒေသများမှ နှစ်မိုင်ခရီးထက်မနည်း လမ်းလျှောက်ကျောင်းတက်နေရသည့် ကလေးများအား စက်ဘီးအခမဲ့ပံ့ပိုးပေးနေသည့် Lesswalk ထံ စက်ဘီးအကူအညီရရန် လျှောက်ထားသူများထံ လိမ်ညာ၍ ငွေလွှဲခိုင်းသူများရှိနေကြောင်း Lesswalk က သတိပေးထားသည်။

Lesswalk အနဖြေင့် စက်ဘီးအကူအညီတောင်းခံသူများထံ ပေးပို့ရာတွင်ဖြစ်စေ၊ နေရပ်ဒေသအသီးသီးသို့ သွားရောက်ကြည့်ရှုရာတွင်ဖြစ်စေ မည်သည့်အကြောင်းကြောင့်မှ ငွေတောင်းခံခြင်းမရှိဘဲ စက်ဘီးများကို ကူညီပေးသည့် ဒေသများအရောက် အခမဲ့ပံ့ပိုးနခြေင်းဖြစ်သော်လည်း ကားဘီးပေါက်၍ ပစ္စည်းသယ်ရန် အခက်အခဲဖြစ်၍ စသည့်အကြောင်းပြချက်များဖြင့် Lesswalk အမည်သုံးပြီး ငွေလွှဲခိုင်းခြင်းများ ကြားသိနေရကြောင်း သိရသည်။

Lesswalk အမည်ဖြင့် ငွေလွှဲခိုင်းခြင်းများရှိပါက ငွေလွှဲပေးခြင်းမပြုကြရန် အထူးအသိပေးအပ်ပါသည်ဟု ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့က သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

သွားလာရခက်ခဲသည့်ဒေသများမှ နှစ်နာရီနှင့်အထက် လမ်းလျှောက်ကျောင်းတက်နေရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီးများလိုအပ်ပါက Lesswalk.org၏ facebook page၏ message box မှ ဆက်သွယ်လျှောက်ထားနိုင်ကြခြင်းဖြစ်သည်။

Lesswalk သည် မြန်မာလူငယ်လုပ်ငန်းရှင်တစ်ဦးက အခြားနိုင်ငံများရှိ စက်ဘီးစက်ရုံများမှ စက်ဘီးတင်ဒါများကို ဝယ်ယူပြီး သွားလာရခက်ခဲသည့်ဒေသများမှ ကျောင်းသားကျောင်းသူများအတွက် အခမဲ့ပံ့ပိုးပေးနခြေင်းဖြစ်သည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::