တာချီလိတ်မြို့နယ် ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်ထဲ ပါဝင်နေသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို စံပြအနေဖြင့် စတင်ဖယ်ရှားမည်

တာချီလိတ်မြို့နယ် ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်ထဲ ပါဝင်နေသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို စံပြအနေဖြင့် စတင်ဖယ်ရှားမည်
စက်တင်ဘာ 9, 2019
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအပိုင်း၊ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်းပေါ် မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အဦးများတွင် လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးလည်း ပါဝင်နေ၍ ဖယ်ရှားရှင်းလင်းရေးအတွက် စံပြအနဖြေင့် အဆိုပါရုံးအား ကနဦး ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
"ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ခရီးစဉ်မှာ ပြောခဲ့တာရှိပါတယ်။ ချောင်းဘေးနားကကျူးတွေဖယ်ရှားဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စာထုတ်ထားပြီးဖြစ်ပါတယ်။ ဒီပြည်သူတွေကိုဆင်းတွေ့ရင်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကပါ ချောင်းဘေးက ကျူးတွေထဲမှာပါနေတာဖြစ်တယ်။ သင့်တော်တဲ့နေရာမှာအစားထိုးမြေကိုပြန်ရှာပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အတည်ပြုတာနဲ့အုပ်ချုပ်ရေးမှူးရုံးကို စတင်ဖယ်ရှားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
လွယ်တော်ခမ်းကျေးရွာအုပ်စုကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် အာခါတိုင်းရင်းသားများ အများစုနေထိုင်သည့် ကျေးရွာ (၃၁) ရွာ၊ မြေဧရိယာ (၁၁၈၁၇၉.၈၄) ဧကဖြင့် ဖွဲ့စည်းခဲ့ပြီး တပ်မတော်မှသိမ်းယူထားသည့်မြေနေရာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအား ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအချိန်က အုပ်ချုပ်ရေးမှူးရုံးလုံခြုံရေးအတွက် နေအိမ် (၄) လုံးခန့်ကို အနီးပတ်ဝန်းကျင်တွင် နေထိုင်စေခဲ့ပြီး ၂၀၁၀ ခုနှစ်အထိ အိမ်ခြေ (၁၀) အိမ်ခန့်သာရှိကြောင်း စာရင်းများအရသိရသည်။
"အုပ်ချုပ်ရေးမှူးရုံးကို ကျွန်တော့်အရင် အုပ်ချုပ်ရေးမှူးတွေ ဥက္ကဌတွေဆောက်ခဲ့တာဖြစ်တယ်။ အဲဒီတုန်းက (၃၁၆) သိမ်းထားတဲ့မြေဧက (၆၀၀) ထဲမှာပါနေပါတယ်။ လွယ်တော်ခမ်းရုံးက မရှိမဖြစ်လိုလာတဲ့အတွက် တပ်နဲ့အပြန်အလှန်ဆွေးနွေးပြီးတော့ ဆောက်ထားပါတယ်။"ဟု လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်ဂျေ့က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ မယ်ဆိုင်ချောင်းဘေးနေထိုင်သည့် ကျူးကျော်အဆောက်အဦးများဖယ်ရှားရေးဆောင်ရွက်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်မြို့ လူထုတွေ့ဆုံပွဲတွင် လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးကို ကျူးကျော်အဖြစ် မသတ်မှတ်ဘဲ ပြည်သူများနေထိုင်သည့်အိမ်များကို ကျူးကျော်အဖြစ်သတ်မှတ်ဖျက်သိမ်းခိုင်းနခြေင်းမှာ ဥပဒေညီမျှမှုမရှိကြောင်း ပြည်သူတစ်ဦးမှတင်ပြခဲ့သဖြင့် အုပ်ချုပ်ရေးမှူးရုံးကို စံပြနမှုနာအနဖြေင့် ဖယ်ရှားမည်ဖြစ်ကြောင်း သိနရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက် 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net