တာချီလိတ်မြို့ ပုန်းထွန်-လွယ်တော်ခမ်းသွားရာ မယ်ဆိုင်ချောင်းဘေး ကျူးကျော်သူများ ရွာမြေသတ်မှတ်မည့်နေရာတွင် နေထိုင်ခွင့်အတွက် လျှောက်ထားရယူရန် အကြံပြုထား

တာချီလိတ်မြို့ ပုန်းထွန်-လွယ်တော်ခမ်းသွားရာ မယ်ဆိုင်ချောင်းဘေး ကျူးကျော်သူများ ရွာမြေသတ်မှတ်မည့်နေရာတွင် နေထိုင်ခွင့်အတွက် လျှောက်ထားရယူရန် အကြံပြုထား
စက်တင်ဘာ 9, 2019
By Tachileik News Agency


 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ပုန်ထွန်း - လွယ်တော်ခမ်းသွားရာလမ်း၊ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်နေထိုင်သူများအနဖြေင့် ကျူးကျော်ထားသည့်နေရာမှ ဖယ်ရှားပြီး ရွာမြေအဖြစ် သတ်မှတ်ပေးမည့်နေရာတွင် နေထိုင်ခွင့် ရရှိရန်အတွက် လျှောက်ထားကြရန် အကြံပြုထားကြောင်း သိရသည်။

 "ချောင်းဘေးကတော့ နိုင်ငံတော်စီမံကိန်းဖြစ်တဲ့အတွက် ဖယ်ပေးရမှာပါ။ သူတို့နေထိုင်မှု စနစ်တကျ ဖြစ်ဖို့အတွက် စီမံဆောင်ရွက်ပေးမှာပါ။ အစိုးရနဲ့ ညှိနှိုင်းပေးမယ်။ အထက်ဌာနတွေနဲ့ ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ပေးမှာပါ။ စွန့်လွှတ်မြေ ဧက (၆၀၀) နဲ့ ဟိုဘက်က (၁၄၅) ဧကရှိတယ်။ သူတို့ကို အဲဒီမှာ စနစ်တကျ နေထိုင်လို့ရအောင် စီမံပေးမှာပါ။ အဲဒါတွေကိုရွာမြဖြေစ်အောင် လျှောက်ခိုင်းနေတယ်။ ရွာမြေအဖြစ်ကျတာနဲ့ ဒါကိုစီမံပေးမှာပေါ့"ဟု ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများ ရွှေ့ပြောင်းပေးရေးအတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့က လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက ကျူးကျော်နေထိုင်သူများအား ခေါ်ယူတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး မယ်ဆိုင်ချောင်းဘေး တလျှောက် ကျူးကျော်ထားသည့် နေအိမ်၊ ခြံဝန်း၊ အဆောက်အဦပေါင်း (၆၄) ခု တွေ့ရသော်လည်း (၅၇) နေရာအတွက်သာ ပိုင်ရှင်စာရင်းကောက်ယူရရှိထားပြီး ကျန် (၇)နေရာ၏ ပိုင်ရှင်ကို စုံစမ်းသိရှိရခြင်းမရှိကြောင်း သိရသည်။

စာရင်းကောက်ယူရရှိထားသည့် မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများတွင် ကာလကြာရှည်နေထိုင်ပြီး လက်ဆင့်ကမ်း ရောင်းချသူများထံမှ မြေနေရာဝယ်ယူနေထိုင်သူများလည်း ပါဝင်သဖြင့် မြေနေရာအစားပြန်ပေးရန် တောင်းဆိုမှုများလည်း ရှိနေကြောင်း သိရသည်။

"လတ်တလောမှာတော့ မြပြေန်ပေးဖို့ဆိုပြီး ရှာခိုင်းထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ပြည်သူတွေကတော့ တွေ့ဆုံတဲ့အခေါက်တိုင်းမှာ သူတို့တွေအနေနဲ့ နစ်နာတဲ့အတွက် နေဖို့မြေအစားပြန်ပေးဖို့ တောင်းဆိုတာတွေတော့ ရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့အနေနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဆက်လက် တင်ပြပေးမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုကြားရှိ မြေနေရာကို ရွာမြေအဖြစ် သတ်မှတ်ပေးရန်ရှိသဖြင့် စာရင်းကောက်ယူရရှိထားသည့် မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများကို ပေ (၃၀) x (၆၀) ပေ (သို့မဟုတ်) (၂၅) ပေ x (၆၀) ပေ မြေနေရာများ ချထားပေးရန် စီစဉ်ထားသော်လည်း အဆိုပါမြေနေရာကို လက်လွှဲရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net