တာချီလိတ်ခရိုင်အတွင်း သားငှက်တိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းသည့်ဆိုင်များကို သစ်တောဦးစီးဌာနက ပညာပေးစည်းရုံးမှု လုပ်ဆောင်မည်

တာချီလိတ်ခရိုင်အတွင်း သားငှက်တိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းသည့်ဆိုင်များကို သစ်တောဦးစီးဌာနက ပညာပေးစည်းရုံးမှု လုပ်ဆောင်မည်
စကျတငျဘာ 25, 2019
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း သားငှက်တိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုဖြင့် ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိခြင်းမရှိသော်လည်း ဒေသတွင်း အရောင်းဆိုင်များအား အသိပညာပေးစည်းရုံးမှုများ လုပ်ဆောင်သွားမည်ဟု သစ်တောဦးစီးဌာနမှ  တာချီလိတ်ခရိုင်ဦးစီးမှူးက ဆိုသည်။


တောရိုင်းတိရစ္ဆာန်များနှင့် အစိတ်အပိုင်းများကို ရောင်းဝယ်ဖေါက်ကားခွင့် မရှိသော်လည်း ဒေသတွင်း ရောင်းဝယ်ဖေါက်ကားသည့် ဆိုင်များရှိနေသဖြင့် ယင်းကဲ့သို့ အသိပညာပေးလုပ်ငန်းများဖြင့် စည်းရုံးခြင်းကို လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ခရိုင်သစ်တောဦးစီးမှူးက ဆိုသည်။


တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာ ဘိနယ်များအလိုက် တာဝန်ယူထားသည့် ဝန်ထမ်းများဖြင့် လစဉ် စည်းရုံးရေး လုပ်ဆောင်နေသော်လည်း စည်းရုံးဟောပြောရသည့် ခေါင်းစဉ် များပြားသဖြင့် တောရိုင်းတိရစ္ဆာန်နှင့်အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ် ဖေါက်ကားမှုနှင့် ပတ်သက်၍ ဒေသတွင်းအရောင်းဆိုင်များသို့ စည်းရုံးဟောပြောမှုများ မလုပ်ဆောင်နိုင်ခဲ့သေးကြောင်း သိရသည်။


တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖေါက်ကားမှုတွင် မြန်မာနိုင်ငံက ကမ္ဘာတွင် စတုတ္ထအဆင့်သို့ ရောက်နေပြီး မြန်မာနိုင်ငံ၏ ရွှေတြိဂံဒေသမှ ကမ္ဘာ့ဈေးကွက်သို့ အများအပြား ရောက်ရှိသည်ဟု WWF က ဆိုသည်။

တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖေါက်ကားမှုများ မြင့်မားနေ၍ တားဆီးကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတွင်း သာမက အိမ်နီးချင်းနိုင်ငံများဖြင့်ပါ ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက တာချီလိတ်မြို့တွင် စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ WWF နှင့် သစ်တောဦးစီးဌာန၊ မိတ်ဖက်ဌာနများတက်ရောက်နေသည့် တတိယအကြိမ် သားငှက်တိရ စ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။

Tachileik News Agency
Photo: Dan Bennett


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း သားငှက်တိရစာ္ဆန်နှင့် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုဖြင့် ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိခြင်းမရှိသော်လည်း ဒေသတွင်း အရောင်းဆိုင်များအား အသိပညာပေးစည်းရုံးမှုများ လုပ်ဆောင်သွားမည်ဟု သစ်တောဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူးက ဆိုသည်။

“ဥပမာဆိုရင် ဒေသထွက်ပစ္စည်း ရိုးရာဓလေ့အရ သားကောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေကို စည်းရုံးမယ်။ လက်ကမ်းစာစောင်လေးတွေ ပေးမယ်။ ဒါတွေကတော့ ဥပဒေနဲ့မညီဘူး။ ဒါတွေ မလုပ်ပါနဲ့ စသဖြင့်ပေါ့။ နောက် ဗီနိုင်းလေးတွေ လုပ်မယ်ပေါ့။ ဒီဆိုင်တွင် သားငှက်တိရစ္ဆာန်တွေ အစိတ်အပိုင်းတွေ မရောင်းဘူး ဆိုတာမျိုးပေါ့။ နောက်ပိုင်းမှာ ရုံးကိုခေါ်ပြီး စည်းရုံးရေးတော့ လုပ်ပါအုံးမယ်”ဟု သစ်တောဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးရီထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောရိုင်းတိရစာ္ဆန်များနှင့် အစိတ်အပိုင်းများကို ရောင်းဝယ်ဖောက်ကားခွင့် မရှိသော်လည်း ဒေသတွင်း ရောင်းဝယ်ဖောက်ကားသည့် ဆိုင်များရှိနေသဖြင့် ယင်းကဲ့သို့ အသိပညာပေးလုပ်ငန်းများဖြင့် စည်းရုံးခြင်းကို လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ခရိုင်သစ်တောဦးစီးမှူးက ဆိုသည်။

“ဒေသတွင်း ရောင်းတဲ့ဆိုင်လေးတွေကတော့ ရှိတာပေါ့။ ဒေသတွင်း အမှတ်တရတို့ ဘာလေးတွေကတော့ မတွေ့ချင်မှ အဆုံးပေါ့နော်။ တာလော့ဈေးထဲမှာလည်း ရှိတာပဲ။ အာခါဈေးထဲမှာလည်း ရှိပါတယ်။ ဒေသဆိုင်လေးတွေကတော့ ရှိတာပေါ့။ နိုင်ငံတကာကို ဖြတ်ကျော်ဖောက်ကားမှုကတော့ ဒီမှာက မရှိသလောက်ပဲ။ မရှိတာက ဝန်ထမ်းက အဂတိလိုက်စားလို့ မရှိတာမဟုတ်ဘူး။ သူ့ရဲ့လမ်းကြောကိုက မရှိတာ။ ဒီဘက်ကို လာမယ့်အစား မိုင်းလားကို သွားကြတာ”ဟု တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရီထွေးက ပြောသည်။

တာချီလိတ်ခရိုင်သစ်တောဦးစီးဌာန အနဖြေင့် သက်ဆိုင်ရာ ဘိနယ်များအလိုက် တာဝန်ယူထားသည့် ဝန်ထမ်းများဖြင့် လစဉ် စည်းရုံးရေး လုပ်ဆောင်နေသော်လည်း စည်းရုံးဟောပြောရသည့် ခေါင်းစဉ် များပြားသဖြင့် တောရိုင်းတိရစ္ဆာန်နှင့်အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ် ဖောက်ကားမှုနှင့် ပတ်သက်၍ ဒေသတွင်းအရောင်းဆိုင်များသို့ စည်းရုံးဟောပြောမှုများ မလုပ်ဆောင်နိုင်ခဲ့သေးကြောင်း သိရသည်။

“ အရင်က ဆိုင်တွေမှာတော့ မလုပ်ဘူးပေါ့။ ရွာတွေတို့ ဘာတွေမှာ အမဲမလိုက်ဖို့တို့ ဘာတို့ စည်းရုံးတာတွေတော့ ရှိတာပေါ့။ မြို့ပေါ်မှာတော့ အကြီးအကျယ်ကြီးတော့ မလုပ်ခဲ့ဖူးသေးဘူး။ အရင်က တာဝန်ယူသွားတဲ့သူ လက်ထက်ရော အခုရောပေါ့နော်။ အရေးယူခဲ့ရတာတော့ မရှိသေးပါဘူး။ ဥပမာ မိုင်းဖြတ်ဆိုရင် သူတို့ဘိနယ်အလိုက်ကို စည်းရုံးရေး ဆင်းရတယ်ပေါ့။ သူတို့ဘိနယ်အလိုက် စည်းရုံးကြရတော့ ကျွန်တော်ထင်တယ် ဒီမြို့နယ်နှစ်ခုမှာ ဒီနှစ်ထဲမှာ (၆)ကြိမ်လောက်တော့ရှိပြီ ထင်တယ်။ သူတို့ကလည်း ဒီတစ်ခုထဲ လစဉ် စည်းရုံးရတာမဟုတ်ဘူး။ သီးနှံသစ်တောရောနှောစိုက်ဖို့၊ ရွှေ့ပြောင်းတောင်ယာမလုပ်ဖို့၊ ဒေသအစုအဖွဲ့ပိုင်သစ်တောတွေ လုပ်မယ်ဆိုရင် လျှောက်လို့ရပါတယ်။ ဒါမျိုးတွေကို လုပ်ရတာပေါ့”ဟု တာချီလိတ်ခရိုင် သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရီထွေးက ပြောသည်။

တောရိုင်းတိရစာ္ဆန်နှင့် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွင် မြန်မာနိုင်ငံက ကမ္ဘာတွင် စတုတ္ထအဆင့်သို့ ရောက်နပြေီး မြန်မာနိုင်ငံ၏ ရွှတြေိဂံဒေသမှ ကမ္ဘာ့ဈေးကွက်သို့ အများအပြား ရောက်ရှိသည်ဟု WWF က ဆိုသည်။

တောရိုင်းတိရစာ္ဆန်နှင့် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ မြင့်မားနေ၍ တားဆီးကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတွင်း သာမက အိမ်နီးချင်းနိုင်ငံများဖြင့်ပါ ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက တာချီလိတ်မြို့တွင် စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ WWF နှင့် သစ်တောဦးစီးဌာန၊ မိတ်ဖက်ဌာနများတက်ရောက်နေသည့် တတိယအကြိမ် သားငှက်တိရ စ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။

Tachileik News Agency
Photo: Dan Bennett

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net