ရွမ္းျပည္နယ္အတြင္း ပိုင္ရွင္မဲ့ေခြးေလေခြးလြင့္မ်ား ထိန္းခ်ဳပ္ႏိုင္ရန္ သက္ဆုိင္ရာဌာနမ်ားႏွင့္ ျပည္သူပူးေပါင္းပါဝင္ရန္ လိုအပ္ေန

ရွမ္းျပည္နယ္အတြင္း ပိုင္ရွင္မဲ့ေခြးေလေခြးလြင့္မ်ား ထိန္းခ်ဳပ္ႏိုင္ရန္ သက္ဆုိင္ရာဌာနမ်ားႏွင့္ ျပည္သူပူးေပါင္းပါဝင္ရန္ လိုအပ္ေန
စက်တင်ဘာ 25, 2019
By Tachileik News Agency

ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ လူ (၁၀၀၀) ခန္႔ ေခြးရူးေရာဂါျဖင့္ ေသဆံုးေနရသျဖင့္ ရွမ္းျပည္နယ္တြင္း ေခြးရူးေရာဂါ ကာကြယ္ေဆးထိုးျခင္းႏွင့္ ပိုင္ရွင္မဲ့ေခြး၊ေၾကာင္မ်ားအား သားဆက္ျခားျခင္းကို ေဆာင္ရြက္ေနေသာ္လည္း သက္ဆုိင္ရာဌာနမ်ားနွင့္အတူ လူထုပူးေပါင္းပါဝင္မႈ လုိအပ္ေနဆဲျဖစ္ေၾကာင္း ျပည္နယ္လူမႈေရးဝန္ႀကီးက ေျပာၾကားသည္။

၂၀၁၈-၁၉ ဘ႑ာေရးနွစ္တြင္ ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္ေပါင္း (၅၀)တြင္ ပိုင္ရွင္ရိွ ေခြးႏွင့္ေၾကာင္၊ ပိုင္ရွင္မဲ့ ေခြးႏွင့္ေၾကာင္ (၄၇၀၀) ေကာင္ကိုသာ ေခြးရူးေရာဂါကာကြယ္ေဆးထိုးႏွံေပးျခင္း၊ သားဆက္ျခားျခင္း လုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးႏုိင္ခဲ့ေၾကာင္း သိရသည္။

ပိုင္ရွင္မဲ့ေခြးေလေခြးလြင့္မ်ားကို ကာကြယ္ေဆးထိုးႏွံႏိုင္ေရးႏွင့္ မ်ိဳးပြားမႈထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာမွာ ဖမ္းဆီးကိုင္တြယ္ေပးမည့္သူမရိွသျဖင့္ လုပ္ငန္းေဆာင္ရြက္ရန္ အဟန္႔အတားျဖစ္ေနရေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္းမွ ျပည္သူလူထုမွာ ေခြးရူးေရာဂါႏွင့္ပတ္သက္သည့္ က်န္းမာေရးအသိပညာရရိွၾကသျဖင့္ ေခြးကိုက္ခံရသည္ႏွင့္ ေဆးရံုသို႔လာေရာက္ၿပီး ကာကြယ္ေဆးထိုးႏွံမႈ လုပ္ေဆာင္ေလ့ရိွသည္ကို ေတြ႔လာရၿပီး  ေခြးရူးေရာဂါကာကြယ္ေဆးမ်ားကို တိုက္နယ္ေဆးရံုမ်ားအထိ ျဖန္႔ေဝေပးထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ေခြးရူးေရာဂါကာကြယ္ေရးအတြက္ ပိုင္ရွင္မဲ့ေခြးေလေခြးလြင့္မ်ား ထိန္းခ်ဳပ္ႏိုင္ရန္ မိတ္ဖက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ အေထြေထြအုပ္ခ်ဳပ္ေရး၊ က်န္းမာေရးႏွင့္ စည္ပင္သာယာေရးဌာန တို႔ႏွင့္အတူ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ျပည္သူမ်ားပူးေပါင္းပါဝင္ရန္လိုအပ္ေၾကာင္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၆) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ဆဌမေန႔တြင္ ရွမ္းျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အတြင္းရိွ ၿမိဳ႕နယ္အသီးသီးတြင္ ပိုင္ရွင္ရိွ၊ ပိုင္ရွင္မဲ့ ေခြးႏွင့္ေၾကာင္တို႔အား ေခြးရူးေရာဂါ ကာကြယ္ေဆးထိုးေပးရန္ႏွင့္ မ်ိဳးပြားမႈထိန္းခ်ဳပ္ရန္အတြက္ မည္သို႔စီမံေဆာင္ရြက္ေပးမည္နည္း ပင္းတယၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ(ခ)ဦးညီေလးခ်မ္းက ေမးျမန္းခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ေခြးေကာင္ေရ (၄) သန္းရိွေနၿပီး ႏွစ္စဥ္ လူ (၁၀၀၀) ခန္႔မွာ ေခြးရူးေရာဂါျဖင့္ ေသဆံုးေနရကာ (၈၀) ရာခိုင္ႏႈန္းခန္႔မွာ လမ္းေဘးေခြးေလေခြးလြင့္မ်ား၏ ကိုက္ခံရမႈေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ရွမ္းျပည္နယ္လႊတ္ေတာ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံတွင် နှစ်စဉ် လူ (၁၀၀၀) ခန့် ခွေးရူးရောဂါဖြင့် သေဆုံးနေရသဖြင့် ရှမ်းပြည်နယ်တွင်း ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်းနှင့် ပိုင်ရှင်မဲ့ခွေး၊ကြောင်များအား သားဆက်ခြားခြင်းကို ဆောင်ရွက်နေသော်လည်း သက်ဆိုင်ရာဌာနများနှင့်အတူ လူထုပူးပေါင်းပါဝင်မှု လိုအပ်နေဆဲဖြစ်ကြောင်း ပြည်နယ်လူမှုရေးဝန်ကြီးက ပြောကြားသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း (၅၀)တွင် ပိုင်ရှင်ရှိ ခွေးနှင့်ကြောင်၊ ပိုင်ရှင်မဲ့ ခွေးနှင့်ကြောင် (၄၇၀၀) ကောင်ကိုသာ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ သားဆက်ခြားခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်များကို ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် မျိုးပွားမှုထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖမ်းဆီးကိုင်တွယ်ပေးမည့်သူမရှိသဖြင့် လုပ်ငန်းဆောင်ရွက်ရန် အဟန့်အတားဖြစ်နေရကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းမှ ပြည်သူလူထုမှာ ခွေးရူးရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာရရှိကြသဖြင့် ခွေးကိုက်ခံရသည်နှင့် ဆေးရုံသို့လာရောက်ပြီး ကာကွယ်ဆေးထိုးနှံမှု လုပ်ဆောင်လေ့ရှိသည်ကို တွေ့လာရပြီး ခွေးရူးရောဂါကာကွယ်ဆေးများကို တိုက်နယ်ဆေးရုံများအထိ ဖြန့်ဝေပေးထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ခွေးရူးရောဂါကာကွယ်ရေးအတွက် ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်များ ထိန်းချုပ်နိုင်ရန် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး၊ ကျန်းမာရေးနှင့် စည်ပင်သာယာရေးဌာန တို့နှင့်အတူ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖြကြေားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပိုင်ရှင်ရှိ၊ ပိုင်ရှင်မဲ့ ခွေးနှင့်ကြောင်တို့အား ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးရန်နှင့် မျိုးပွားမှုထိန်းချုပ်ရန်အတွက် မည်သို့စီမံဆောင်ရွက်ပေးမည်နည်း ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ (၄) သန်းရှိနပြေီး နှစ်စဉ် လူ (၁၀၀၀) ခန့်မှာ ခွေးရူးရောဂါဖြင့် သေဆုံးနေရကာ (၈၀) ရာခိုင်နှုန်းခန့်မှာ လမ်းဘေးခွေးလေခွေးလွင့်များ၏ ကိုက်ခံရမှုကြောင့်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net