အောင်ပန်းတွင်  ရန်ကုန်မှပြန်လာသူတစ်ဦး အပါအဝင် COVID 19 အတည်ပြုလူနာ ( ၉ )ဦး ထပ်တွေ့

Photo: အောင်ပန်း နာရေးကူညီမှုအသင်း
Photo: အောင်ပန်း နာရေးကူညီမှုအသင်း
အောင်ပန်းတွင်  ရန်ကုန်မှပြန်လာသူတစ်ဦး အပါအဝင် COVID 19 အတည်ပြုလူနာ ( ၉ )ဦး ထပ်တွေ့
ဇွန် 30, 2021 | Covid-19| ရှမ်းတောင်

ရှမ်း​ပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့၌ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် အတည်ပြုလူနာနှင့်ထိတွေ့သူများအပါအဝင် COVID 19 အတည်ပြုလူနာ (၉) ဦး ထပ်မံတွေ့ရှိပြီး ရန်ကုန်မှပြန်လာသူတစ်ဦးပါဝင်ကြောင်း သိရသည်။

အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ် သံသယလူနာ (၂၁) ဦးကို စစ်ဆေးရာ အတည်ပြုလူနာ (၈) ဦးတွေ့ရပြီး အမှတ် (၄) ရပ်ကွက်မှ ဖျားနာသူ (၁) ဦးအား စစ်ဆေးရာ COVID 19 စစ်ဆေးတွေ့ရကြောင်း သိရသည်။

အတည်ပြုလူနာ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၃)ဦးတို့မှာ မိုးကောင်းရပ်ကွက်၊ လက်မပင်ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ ပြည်ကျော်၊ အမှတ် (၂) ရပ်ကွက်၊ လှည်းရိုးရပ်ကွက်နှင့် ညောင်ပင်ထောင်ရပ်ကွက်တို့မှ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာများနှင့် ထိတွေ့သူ (၂၁) ဦးအား နာရေးကူညီမှုအသင်း (အောင်ပန်း)နှင့် အောင်ပြည့်စုံသွေးအသင်းတို့ ပူးပေါင်း၍ ကလောပြည်သူ့ဆေးရုံပို့စစ်ပေးခဲ့ရာ အတည်ပြုလူနာ (၈) ဦးတွေ့ရပြီး အမှတ် (၄) ရပ်ကွက်မှ ဖျားနာ၍ စဝ်စံထွန်းဆေးရုံတွင် သွားရောက်စစ်ဆေးမှုခံယူသူ (၁) ဦးမှာလည်း အတည်ပြုလူနာဖြစ်နေသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်သည်။

#TachileikNewsAgency