KNDF နယ်မြေတွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်လှစ်ရန် ဘုန်းတော်ကြီးများကို အသုံးချနေ ဟု KNDF တပ်ရင်း(၃) ထုတ်ပြန်

Photo: Karenni Nationalities Defence Force - KNDF - Pekhon Zone
Photo: Karenni Nationalities Defence Force - KNDF - Pekhon Zone
KNDF နယ်မြေတွင် စစ်ကောင်စီက စာသင်ကျောင်းများ ဖွင့်လှစ်ရန် ဘုန်းတော်ကြီးများကို အသုံးချနေ ဟု KNDF တပ်ရင်း(၃) ထုတ်ပြန်

ကယား(ကရင်နီ)ပြည်နယ်အတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ ကျောင်းများ ဖွင့်လှစ်နိုင်ရန် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးများကို အသုံးချနေကြောင်း KNDF က ထုတ်ပြန်လိုက်သည်။

"KNDF တပ်ရင်း(၃) ၏ လှုပ်ရှားနယ်‌မြေဖြစ်သော ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီမှ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးများကို အခြေပြု၍ စစ်ကောင်စီခန့်အပ်သည့် ပညာရေး ဆရာ/မ များဖြင့် ပညာသင်ကြားရန် ကြိုးပမ်းဆောင်ရွက်နေသည့်အပေါ် မိမိတို့မှ ကန့်ကွက်ပါသည်" ဟု မေလ (၂၀)ရက်တွင် ထုတ်ပြန်ထားသည်။

KNDF တပ်ရင်း(၃) အနေဖြင့် ဖယ်ခုံမြို့နယ်တွင် ပညာရေး အကောင်ထည်ဖော်မှုများနှင့် ပတ်သက်၍ NUG နှင့် KSCC တို့၏ ဦးဆောင်သော CDM အခြေပြု ဒေသပညာရေးကိုသာ လက်ခံမည်ဟု ဆိုသည်။

ဖယ်ခုံ မြို့နယ်ရှိ လူထုများအနေဖြင့်လည်း ဘာသာရေးအရသော် လည်းကောင်း၊ လူမျိုးရေးအရ သော်လည်းကောင်း သွေးခွဲ‌မည့် စစ်ကောင်စီ၏ ယန္တရားမှ မည်သည့်လုပ်ငန်းကိုမဆို ထောက်ခံခြင်း၊ အားပေးခြင်း မပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

ဖယ်ခုံမြို့နယ်တွင် နေထိုင်သည့် လူထုများအကြား ဘာသာရေးအရသော် လည်းကောင်း၊ တော်လှန်ရေးအင်အားစုများအကြားတွင် သော်လည်းကောင်း ‌‌‌‌သွေးခွဲစေသော ထိုလုပ်ရပ်များကို ဆက်လက်ကျူးလွန်လျင်လည်း မည်သည့် လူပုဂ္ဂိုလ်မဆို တော်လှန်ရေး အင်အားစုများမှ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။ 

#TachileikNewsAgency