မႏၱေလး - လားရိႈး ရထားခရီးစဥ္မ်ား လံုၿခံဳေရးအေျခအေနေၾကာင့္ ရက္အကန္႔အသတ္မရိွ ရပ္နား

မႏၱေလး - လားရိႈး ရထားခရီးစဥ္မ်ား လံုၿခံဳေရးအေျခအေနေၾကာင့္ ရက္အကန္႔အသတ္မရိွ ရပ္နား
သြဂုတ် 16, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳႏွင့္ မႏၱေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕တို႔တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅) ရက္ေန႔က တိုက္ပြဲမ်ားျဖစ္ပြားသြားၿပီး ဂုတ္တြင္းလမ္းတံတားအား မိုင္းခြဲတိုက္ခိုက္ခံခဲ့ရမႈမ်ားေၾကာင့္ မႏၱေလးႏွင့္ လားရိႈးသို႔ ေျပးဆြဲေနသည့္ ရထားခရီးစဥ္မ်ားကို ၾသဂုတ္လ (၁၆) ရက္ေန႔မွစတင္၍ အကန္႔အသတ္မရွိ ရပ္နားထားၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထား(ေက်ာက္မဲ) တာဝန္ရိွသူထံမွ သိရသည္။

"ေဒသအေျခအေနက မယံုၾကည္ရတဲ့အတြက္ ရထားခရီးစဥ္ေတြကို ရပ္နားလိုက္တာျဖစ္ပါတယ္။ ျဖစ္တဲ့ေန႔ ကတည္းက မႏၱေလးကလာတဲ့ရထားဟာ ဝက္ဝံဘူတာကေန ျပန္လွွည့္သြားရသလို လားရိႈးကလာတဲ့ရထား ကလည္း သီေပါဘူတာကေန ျပန္လွည့္သြားရတယ္။ ဒီေန႔ေတာ့ ဘယ္ရထားမွ မထြက္ရဘူး။ ရပ္နားထားရမယ့္ ရက္ အကန္႔အသတ္ကိုလည္း မညႊန္ၾကားထားေသးဘူး" ဟု ျမန္မာ့မီးရထား ေက်ာက္မဲဘူတာမွ ရံုပိုင္ ဦးေဇယ်ကိုကိုက  တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ျမန္မာ့မီးရထားက ေန႔စဥ္ေျပးဆြဲေပးေနသည့္ မႏၱေလး - လားရိႈး လူစီးရထား အမွတ္ (၁၃၁) အဆန္ႏွင့္ လားရိႈး- မႏၱေလး လူစီးရထား အမွတ္ (၁၃၂) အဆန္ ႏွစ္စင္းလံုးကို ရက္အကန္႔အသတ္မရွိ ရပ္နားထားျခင္းျဖစ္ၿပီး  တစ္ပတ္လွ်င္ တစ္ႀကိမ္က် ေျပးဆြဲေပးေနသည့္ ကုန္တင္ရထားမ်ားကိုပါ ရပ္ဆုိင္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မႏၱေလး - လားရိႈး ရထားခရီးစဥ္တစ္ေၾကာင္းတြင္ ရထားစီးခရီးသည္ဦးေရသည္ ေန႔စဥ္ ပ်မ္းမွ် စုစုေပါင္း (၇၀၀)ဝန္းက်င္၇ိွသျဖင့္ ခရီးသည္မ်ား၏ အသက္အႏၱရာယ္မလံုၿခံဳသည့္ကာလျဖစ္၍ ခရီးစဥ္မ်ား ရပ္နား လိုက္ျခင္းျဖစ္သည္ဟု သိရသည္။

TNLA၊ AA ႏွင့္ MNDAA တို႔ပူးေပါင္းအဖြဲ႕ျဖင့္ ၾသဂုတ္လ (၁၅)ရက္ေန႔က ျပင္ဦးလြင္၊ ေနာင္ခ်ိဳတုိ႔တြင္ တုိက္ခိုက္မႈတို႔ေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၏ အဓိကကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးရိွ ဂုတ္တြင္းလမ္း ေခ်ာင္းကူးတံတား ဖ်က္ဆီးခံခဲ့ရကာ ဆက္သြယ္ေရး ျပတ္ေတာက္သြားသျဖင့္ ဂုတ္တြင္းတံတားအား ျပန္လည္ျပင္ဆင္ေနခ်ိန္တြင္ ရထားခရီးစဥ္မ်ားလည္း ရပ္ဆုိင္းေနျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု-ေနမ်ိဳး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မန္တလေး - လားရှိုး ရထားခရီးစဉ်များ လုံခြုံရေးအခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ရပ်နား
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့က တိုက်ပွဲများဖြစ်ပွားသွားပြီး ဂုတ်တွင်းလမ်းတံတားအား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရမှုများကြောင့် မန္တလေးနှင့် လားရှိုးသို့ ပြေးဆွဲနေသည့် ရထားခရီးစဉ်များကို သြဂုတ်လ (၁၆) ရက်နေ့မှစတင်၍ အကန့်အသတ်မရှိ ရပ်နားထားပြီဖြစ်ကြောင်း မြန်မာ့မီးရထား(ကျောက်မဲ) တာဝန်ရှိသူထံမှ သိရသည်။

"ဒေသအခြေအနေက မယုံကြည်ရတဲ့အတွက် ရထားခရီးစဉ်တွေကို ရပ်နားလိုက်တာဖြစ်ပါတယ်။ ဖြစ်တဲ့နေ့ ကတည်းက မန္တလေးကလာတဲ့ရထားဟာ ဝက်ဝံဘူတာကနေ ပြန်လှှည့်သွားရသလို လားရှိုးကလာတဲ့ရထား ကလည်း သီပေါဘူတာကနေ ပြန်လှည့်သွားရတယ်။ ဒီနေ့တော့ ဘယ်ရထားမှ မထွက်ရဘူး။ ရပ်နားထားရမယ့် ရက် အကန့်အသတ်ကိုလည်း မညွှန်ကြားထားသေးဘူး" ဟု မြန်မာ့မီးရထား ကျောက်မဲဘူတာမှ ရုံပိုင် ဦးဇေယျကိုကိုက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ့မီးရထားက နေ့စဉ်ပြေးဆွဲပေးနေသည့် မန္တလေး - လားရှိုး လူစီးရထား အမှတ် (၁၃၁) အဆန်နှင့် လားရှိုး- မန္တလေး လူစီးရထား အမှတ် (၁၃၂) အဆန် နှစ်စင်းလုံးကို ရက်အကန့်အသတ်မရှိ ရပ်နားထားခြင်းဖြစ်ပြီး  တစ်ပတ်လျှင် တစ်ကြိမ်ကျ ပြေးဆွဲပေးနေသည့် ကုန်တင်ရထားများကိုပါ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး - လားရှိုး ရထားခရီးစဉ်တစ်ကြောင်းတွင် ရထားစီးခရီးသည်ဦးရေသည် နေ့စဉ် ပျမ်းမျှ စုစုပေါင်း (၇၀၀)ဝန်းကျင်ရှိသဖြင့် ခရီးသည်များ၏ အသက်အန္တရာယ်မလုံခြံုသည့်ကာလဖြစ်၍ ခရီးစဉ်များ ရပ်နား လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

TNLA၊ AA နှင့် MNDAA တို့ပူးပေါင်းအဖွဲ့ဖြင့် သြဂုတ်လ (၁၅)ရက်နေ့က ပြင်ဦးလွင်၊ နောင်ချိုတို့တွင် တိုက်ခိုက်မှုတို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးရှိ ဂုတ်တွင်းလမ်း ချောင်းကူးတံတား ဖျက်ဆီးခံခဲ့ရကာ ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် ဂုတ်တွင်းတံတားအား ပြန်လည်ပြင်ဆင်နေချိန်တွင် ရထားခရီးစဉ်များလည်း ရပ်ဆိုင်းနေခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ-နေမျိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net