“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက ကိုရင်ကြီးတစ်ပါးတွင် Covid-19 တွေ့ရှိ၍ လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် နောင်ချိုမြို့က အမည်မသိ ယာဉ်မောင်းအနေဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ရန်လိုအပ်နေ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက ကိုရင်ကြီးတစ်ပါးတွင် Covid-19 တွေ့ရှိ၍ လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် နောင်ချိုမြို့က အမည်မသိ ယာဉ်မောင်းအနေဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ရန်လိုအပ်နေ
နိုဝင်ဘာ 19, 2020
By Tachileik News Agency
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက ကိုရင်ကြီးတစ်ပါးတွင် Covid-19 တွေ့ရှိ၍ လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် နောင်ချိုမြို့က အမည်မသိ ယာဉ်မောင်းအနေဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ရန်လိုအပ်နေ
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် COVID 19 အတည်ပြုလူနာ ဖြစ်သည့် ရဟန်းတစ်ပါးအား နောင်ချိုမြို့မှ လိုက်ပါပို့ဆောင်ပေးခဲ့သူအနေဖြင့် အမြန်ဆုံး COVID 19 စစ်ဆေးမှုခံယူရန် နောင်ချိုမြို့နယ်ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့က အသိပေးကြေညာထားသည်။
ဟိုပန်မြို့ရှိ ကောင်းဟုန်းဘုန်းတော်ကြီးကျောင်းမှ ကိုရင်ကြီးတစ်ပါး၏ ဓာတ်ခွဲအဖြေတွင် COVID 19 ပိုးတွေ့ရသဖြင့် ထိတွေ့မှုရှိသူများအား စစ်ဆေးနေရာ အဆိုပါ ကိုရင်ကြီးအား ဟိုပန်မြို့သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည့် နောင်ချိုမြို့မှ မော်တော်ယာဉ်မောင်းကို မမှတ်မိသဖြင့် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုရင်ကြီး သီတင်းသုံးနေထိုင်သည့် ကောင်းဟုန်းကျောင်းမှ သံဃာ (၇)ပါးနှင့် ကိုရင်၏မိသားစုဝင် (၃)ဦးတို့ကို စစ်ဆေးထားပြီး COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~