ႏုိင္ငံတကာမူးယစ္ဂိုဏ္းႏွင့္ ဆက္စပ္မႈရိွသည္ ယူဆရသည့္ ထုိင္ဝမ္တစ္ဦး တာခ်ီလိတ္မွ ျပန္လာၿပီး (၄)ရက္အၾကာတြင္ ရန္ကုန္၌ မူးယစ္ေဆးမ်ားႏွင့္ ဖမ္းမိ

ႏုိင္ငံတကာမူးယစ္ဂိုဏ္းႏွင့္ ဆက္စပ္မႈရိွသည္ ယူဆရသည့္ ထုိင္ဝမ္တစ္ဦး တာခ်ီလိတ္မွ ျပန္လာၿပီး (၄)ရက္အၾကာတြင္ ရန္ကုန္၌ မူးယစ္ေဆးမ်ားႏွင့္ ဖမ္းမိ
သြဂုတ် 10, 2019
By 🌸
နိုင္ငံတကာမူးယစ္ေဆးဝါးဂိုဏ္းႏွင့္ ဆက္စပ္မႈရွိသည္ဟု သံသယရွိသည့္ တ႐ုတ္(ထိုင္ဝမ္)ႏုိင္ငံသားတစ္ဦးကို ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မွ ျပန္လာၿပီး (၄)ရက္ေျမာက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိထားေၾကာင္း သိရသည္။

ဩစေၾတးလ်ျပည္ေထာင္စုရဲတပ္ဖြဲ႕(AFP)၏သတင္းဖလွယ္မႈျဖင့္ နိုင္ငံတကာမူးယစ္ေဆးဝါးဂိုဏ္းႏွင့္ ဆက္စပ္မႈရွိသည့္ သံသယရွိသူ တ႐ုတ္(ထိုင္ဝမ္)ႏိုင္ငံသားအား စံုစမ္းေဖၚထုတ္ရာမွ ထုိင္ဝမ္ (၂)ဦးႏွင့္ ျမန္မာ(၁)ဦး စုစုေပါင္း (၃)ဦးကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၀)ရက္ေန႔က အိုက္စ္ (၇၄) ကီလိုႏွင့္အတူ ရန္ကုန္ၿမိဳ႕တြင္ ဖမ္းမိေၾကာင္း သိရသည္။

နိုင္ငံတကာမူးယစ္ေဆးဝါးဂိုဏ္းႏွင့္ ဆက္စပ္မႈရွိသည့္ သံသယရွိသူ တ႐ုတ္(ထိုင္ဝမ္) Chen Ying Chou သည္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၃၀) ရက္ေန႔တြင္ ေဟာင္ေကာင္မွ ရန္ကုန္သို႔ေရာက္ရွိခဲ့ၿပီး ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၁၄/၂)ရပ္ကြက္၊ အမွတ္(၅/၁)ေနအိမ္၌ ငွားရမ္းေနထိုင္ခဲ့ၿပီးေနာက္ ဩဂုတ္လ (၄) ရက္ေန႔တြင္ ေလေၾကာင္းျဖင့္ တာခ်ီလိတ္ၿမိဳ႕သို႔ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Chen Ying Chou သည္ တာခ်ီလိတ္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ၾသဂုတ္လ (၆)ရက္ေန႔တြင္ ျပန္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ၾသဂုတ္လ (၉)ရက္ေန႔ ညေန (၆)နာရီဝန္းက်င္တြင္ ၎ငွားရမ္းေနထုိင္သည့္အိမ္သို႔ တ႐ုတ္(ထိုင္ဝမ္)လူမ်ိဳး KuoChia-En ႏွင့္ ျမန္မာနိုင္ငံသား(တ႐ုတ္စကားျပန္)သန္းနိုင္(ခ)ၿဖိဳးေဝလင္းတို႔ ေရာက္ရိွလာခ်ိန္တြင္ ရဲတပ္ဖြဲ႕က ဝင္ေရာက္စစ္ေဆးရွာေဖြရာ အိုက္စ္ (၇၄) ကီလို၊ ဖုန္း (၅) လုံး၊ ေမာ္ေတာ္ယာဥ္မ်ားတြင္အသုံးျပဳသည့္ ကရိုင္းရွပ္ (၃၁) ေခ်ာင္းတို႔ႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါေမာ္ေတာ္ယာဥ္ ကရိုင္းရွပ္မ်ားမွာ မူးယစ္ေဆးမ်ားထည့္သြင္းၿပီး DHL ပါဆယ္ပစၥည္း ပို႔ေဆာင္ေရးလုပ္ငန္းျဖင့္ တ႐ုတ္(ထိုင္ဝမ္)မွ ျမန္မာနိုင္ငံသို႔ ေလေၾကာင္းလိုင္းျဖင့္ တင္ပို႔ခဲ့ၿပီးေနာက္ မရမ္းကုန္းၿမိဳ႕နယ္ရွိ စက္မႈလက္မႈအလုပ္႐ုံတစ္ခု၌ လွည့္ဖြင့္ပိတ္နိုင္သည့္ အေပါက္ေဖာက္လိုင္းရစ္မ်ားေဖာ္ကာ ေနအိမ္၌ ကရိုင္းရွပ္မ်ားအတြင္း အိုက္စ္မ်ားထည့္သြင္းၿပီး ဩစေၾတးလ်နိုင္ငံသို႔ တင္ပို႔ရန္ ေဆာင္ရြက္ေနျခင္းျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္ ဖမ္းဆီးရမိသူ (၃)ဦးကို ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းတြင္ မူးယစ္(ပ)၃၀/၂၀၁၉၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၁ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
Photo: CCDAC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံတကာမူးယစ်ဂိုဏ်းနှင့် ဆက်စပ်မှုရှိသည် ယူဆရသည့် ထိုင်ဝမ်တစ်ဦး တာချီလိတ်မှ ပြန်လာပြီး (၄)ရက်အကြာတွင် ရန်ကုန်၌ မူးယစ်ဆေးများနှင့် ဖမ်းမိ
***************
နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသည့် တရုတ်(ထိုင်ဝမ်)နိုင်ငံသားတစ်ဦးကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ပြန်လာပြီး (၄)ရက်မြောက်နေ့တွင် ရန်ကုန်မြို့၌ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိထားကြောင်း သိရသည်။

ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့(AFP)၏သတင်းဖလှယ်မှုဖြင့် နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်မှုရှိသည့် သံသယရှိသူ တရုတ်(ထိုင်ဝမ်)နိုင်ငံသားအား စုံစမ်းဖေါ်ထုတ်ရာမှ ထိုင်ဝမ် (၂)ဦးနှင့် မြန်မာ(၁)ဦး စုစုပေါင်း (၃)ဦးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့က အိုက်စ် (၇၄) ကီလိုနှင့်အတူ ရန်ကုန်မြို့တွင် ဖမ်းမိကြောင်း သိရသည်။

နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်မှုရှိသည့် သံသယရှိသူ တရုတ်(ထိုင်ဝမ်) Chen Ying Chou သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် ဟောင်ကောင်မှ ရန်ကုန်သို့ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂)ရပ်ကွက်၊ အမှတ်(၅/၁)နေအိမ်၌ ငှားရမ်းနေထိုင်ခဲ့ပြီးနောက် ဩဂုတ်လ (၄) ရက်နေ့တွင် လေကြောင်းဖြင့် တာချီလိတ်မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Chen Ying Chou သည် တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ သြဂုတ်လ (၆)ရက်နေ့တွင် ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် သြဂုတ်လ (၉)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်တွင် ၎င်းငှားရမ်းနေထိုင်သည့်အိမ်သို့ တရုတ်(ထိုင်ဝမ်)လူမျိုး KuoChia-En နှင့် မြန်မာနိုင်ငံသား(တရုတ်စကားပြန်)သန်းနိုင်(ခ)ဖြိုးဝေလင်းတို့ ရောက်ရှိလာချိန်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရှာဖွေရာ အိုက်စ် (၇၄) ကီလို၊ ဖုန်း (၅) လုံး၊ မော်တော်ယာဉ်များတွင်အသုံးပြုသည့် ကရိုင်းရှပ် (၃၁) ချောင်းတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ် ကရိုင်းရှပ်များမှာ မူးယစ်ဆေးများထည့်သွင်းပြီး DHL ပါဆယ်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်းဖြင့် တရုတ်(ထိုင်ဝမ်)မှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် တင်ပို့ခဲ့ပြီးနောက် မရမ်းကုန်းမြို့နယ်ရှိ စက်မှုလက်မှုအလုပ်ရုံတစ်ခု၌ လှည့်ဖွင့်ပိတ်နိုင်သည့် အပေါက်ဖောက်လိုင်းရစ်များဖော်ကာ နေအိမ်၌ ကရိုင်းရှပ်များအတွင်း အိုက်စ်များထည့်သွင်းပြီး ဩစတြေးလျနိုင်ငံသို့ တင်ပို့ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိသူ (၃)ဦးကို တောင်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်(ပ)၃၀/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
Photo: CCDAC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net