တာခ်ီလိတ္တြင္ ေက်းရြာအတြင္း ဓါးကိုင္ေသာင္းက်န္းေနသူကို သြားေရာက္ ထိန္းသိမ္းရာမွ တူမီးေသနတ္ႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ေက်းရြာအတြင္း ဓါးကိုင္ေသာင္းက်န္းေနသူကို သြားေရာက္ ထိန္းသိမ္းရာမွ တူမီးေသနတ္ႏွင့္အတူ ဖမ္းဆီးရမိ
သြဂုတ် 11, 2019
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဟဲေက်းရြာအုပ္စု၊ ပန္နယ္ေက်းရြာအတြင္း အမ်ဳိးသားတစ္ဦး ဓါးကိုင္ေသာင္းက်န္းၿပီး မိသားစု၀င္မ်ားအား အႏၱရာယ္ျပဳႏုိင္ေၾကာင္း ရဲတပ္ဖြဲ႔သို႔ သတင္းေပးတုိင္တန္းခ်က္အရ သြားေရာက္စစ္ေဆးရာက တူမီးေသနတ္ႏွင့္အတူ ခဲယမ္းမ်ားျဖင့္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၁၁)ရက္ေန႔ နံနက္ (၁၀)နာရီခြဲ၀န္းက်င္အခ်ိန္က ေဟာင္လိတ္ရဲကင္းစခန္းမွ ဒုရဲအုပ္ေဇာ္မင္းထိုက္ ႏွင့္ အဖြဲ႔မွ  မိုင္းဟဲေက်းရြာအုပ္စု၊ ပန္နယ္ေက်းရြာသို႔ သြားေရာက္ စစ္ေဆးရာ အသက္(၃၀)၀န္းက်င္ရွိ က်မူဆိုသူသည္ အရွည္ (၂၀)လက္မခန္႔ရွိသည့္ ဓါးရွည္တစ္ေခ်ာင္း ကိုင္ေဆာင္ၿပီး ေနအိမ္ၿခံ၀န္းအတြင္း ေသာင္းက်န္းေနသည့္အတြက္ ၀ိုင္း၀န္းဖမ္းဆီး ထိန္းသိမ္းလိုက္ၾကၿပီးေနာက္ ၎သည္ တူမီးေသနတ္ကိုင္ေဆာင္ေလ့ရွိေၾကာင္း သိရွိရျခင္းေၾကာင့္ ေနအိမ္အတြင္း ၀င္ေရာက္ရွာေဖြ စစ္ေဆးရာက ၎အိပ္သည့္ အိပ္ခန္းအတြင္း၌ တူမီးေသနတ္(၁)လက္၊ ခဲသီး(၅)လံုး၊ ယမ္းကဒ္(၂၅)ခု ႏွင့္ ယမ္းမႈန္႔ (၆၀)ဂရမ္၀န္းက်င္တို႔အား ရွာေဖြေတြ႔ရွိ သိမ္းဆည္းရရွိျခင္း ျဖစ္ေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ တူမီးေသနတ္အား   ေတာလိုက္ရန္အတြက္ ေဆာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
ဓါးကိုင္ေသာင္းက်န္းၿပီး တူမီးေသနတ္ႏွင့္အတူ ဖမ္းဆီးရမိသည့္ က်မူ အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၅၈/၂၀၁၉၊  ရွမ္းလက္နက္ဥပေဒအမိန္႔အမွတ္ ၁၂(က)အရ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်တွင် ကျေးရွာအတွင်း ဓါးကိုင်သောင်းကျန်းနေသူကို သွားရောက် ထိန်းသိမ်းရာမှ တူမီးသေနတ်နှင့်အတူ ဖမ်းဆီးရမိ
********
တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ပန်နယ်ကျေးရွာအတွင်း အမျိုးသားတစ်ဦး ဓါးကိုင်သောင်းကျန်းပြီး မိသားစုဝင်များအား အန္တရာယ်ပြုနိုင်ကြောင်း ရဲတပ်ဖွဲ့သို့ သတင်းပေးတိုင်တန်းချက်အရ သွားရောက်စစ်ဆေးရာက တူမီးသေနတ်နှင့်အတူ ခဲယမ်းများဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် သြဂုတ်လ(၁၁)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်အချိန်က ဟောင်လိတ်ရဲကင်းစခန်းမှ ဒုရဲအုပ်ဇော်မင်းထိုက် နှင့် အဖွဲ့မှ  မိုင်းဟဲကျေးရွာအုပ်စု၊ ပန်နယ်ကျေးရွာသို့ သွားရောက် စစ်ဆေးရာ အသက်(၃၀)၀န်းကျင်ရှိ ကျမူဆိုသူသည် အရှည် (၂၀)လက်မခန့်ရှိသည့် ဓါးရှည်တစ်ချောင်း ကိုင်ဆောင်ပြီး နေအိမ်ခြံဝန်းအတွင်း သောင်းကျန်းနေသည့်အတွက် ၀ိုင်းဝန်းဖမ်းဆီး ထိန်းသိမ်းလိုက်ကြပြီးနောက် ၎င်းသည် တူမီးသေနတ်ကိုင်ဆောင်လေ့ရှိကြောင်း သိရှိရခြင်းကြောင့် နေအိမ်အတွင်း ၀င်ရောက်ရှာဖွေ စစ်ဆေးရာက ၎င်းအိပ်သည့် အိပ်ခန်းအတွင်း၌ တူမီးသေနတ်(၁)လက်၊ ခဲသီး(၅)လုံး၊ ယမ်းကဒ်(၂၅)ခု နှင့် ယမ်းမှုန့် (၆၀)ဂရမ်ဝန်းကျင်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရရှိခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် တူမီးသေနတ်အား   တောလိုက်ရန်အတွက် ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဓါးကိုင်သောင်းကျန်းပြီး တူမီးသေနတ်နှင့်အတူ ဖမ်းဆီးရမိသည့် ကျမူ အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၅၈/၂၀၁၉၊  ရှမ်းလက်နက်ဥပဒေအမိန့်အမှတ် ၁၂(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net