တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားရိွရာလမ္းမ်ားတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈေျဖရွင္းေရး ကြင္းဆင္းစစ္ေဆး

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားရိွရာလမ္းမ်ားတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈေျဖရွင္းေရး ကြင္းဆင္းစစ္ေဆး
သြဂုတ် 13, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္း အေျခခံပညာအထက္တန္းေက်ာင္းမ်ားရိွရာ လမ္းမ်ားတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားျဖစ္ပြားေန၍  ယာဥ္အႏၱရာယ္ကင္းရွင္းေရး ေဆာင္ရြက္ႏုိင္ရန္  တာခ်ီလိတ္ခရိုင္ယာဥ္စည္းကမ္းထိန္းသိမ္းေရး ႀကီးၾကပ္မွဳေကာ္မတီက ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၃) ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးသည္။

"အဓိက ကေတာ့ ဗိုလ္ခ်ဳပ္လမ္းမႀကီးေပၚမွာ အထက္တန္းေက်ာင္း (၃) ေက်ာင္းရိွတယ္။ ဆန္ဆိုင္းေက်ာင္းရယ္၊ ေဟာင္လိတ္ေက်ာင္းရယ္၊ အထက(တာခ်ီလိတ္)ရယ္ (၃) ေက်ာင္းရိွတာေပါ့။ ေက်ာင္းေတြရဲ႕ေရွ႕မွာ ဗိုလ္ခ်ဳပ္လမ္းျဖစ္ေနေတာ့ ယာဥ္ေၾကာၾကပ္တယ္။ ေက်ာင္းသားေတြ အသြားအလာမ်ားေနတယ္။ အဝင္အထြက္ေပါက္ေတြက တစ္ခ်ိဳ႕ (၁) ေပါက္ (၂) ေပါက္ပဲရိွေနတဲ့အတြက္ မိဘေတြ လာႀကိဳတဲ့ဟာေရာ ေက်ာင္းသားေတြ သြားလာတာေရာဆိုေတာ့ ယာဥ္ေၾကာၾကပ္တည္းမႈ အၿမဲတမ္းျဖစ္တယ္။ ေက်ာင္းသားေတြ အတြက္ အႏၱရာယ္ျဖစ္မွာစိုးလို႔ လာၾကည့္တာေပါ့။ ဒီမွာလူကူးမ်ဥ္းက်ားေတာ့ ရိွတယ္။ ေက်ာင္းသားေတြ အတြက္ ကူးဖို႔လံုေလာက္သလား၊ မလံုေလာက္သလား၊ လူကူးမ်ဥ္းက်ားကို ခ်ဲ႕ေပးရမလား၊ ေက်ာင္းရဲ႕ ၀င္ေပါက္ ထြက္ေပါက္ကို ခ်ဲ႕ေပးရမလားဆိုတာ လက္ေတြ႕ကြင္းဆင္းၿပီး လာၾကည့္တာေပါ့"ဟု တာခ်ီလိတ္ခရိုင္၊ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ႀကီးၾကပ္မွဳေကာ္မတီ ဥကၠဌျဖစ္သူ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း အဓိက လမ္းမႀကီးျဖစ္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရိွ အေျခခံပညာ အထက္ေက်ာင္း (၃) ေက်ာင္းျဖစ္သည့္ အထက(တာခ်ီလိတ္)၊ အထက(ေဟာင္လိတ္)ႏွင့္ အထက (ဆန္ဆုိင္း)တို႔၌ ေက်ာင္းတက္၊ ေက်ာင္းဆင္းခ်ိန္တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈအမ်ားဆံုးျဖစ္ေနသျဖင့္ ေက်ာင္းမ်ားေရွ႕ရိွ လူကူးမ်ဥ္းက်ားမ်ား အသံုးျပဳရန္ လံုေလာက္မႈရိွမရိွႏွင့္ အထက(ဆန္ဆိုင္း)တြင္ ေက်ာင္းဝင္ေပါက္ (၁)ခုသာရိွသျဖင့္ ေက်ာင္းဝင္ေပါက္ထပ္တိုးေပးရန္ လုိအပ္မည့္အေျခအေနမ်ားကို ကြင္းဆင္းစစ္ေဆးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ရိွ အေျခခံပညာအထက္တန္းေက်ာင္း (၄) ေက်ာင္းႏွင့္ အထက-ခြဲ(ပုန္းထြန္) အပါအ၀င္ အေျခခံပညာအလယ္တန္းေက်ာင္း (၂)ေက်ာင္းတို႔တြင္ စုစုေပါင္း ယာဥ္ထိန္းတပ္ဖြဲ႕ဝင္ (၁၁)ဦးက တာဝန္ယူၿပီး ယာဥ္အႏၱရာယ္ကင္းရွင္းေရးအတြက္ ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း အခြေခံပညာအထက်တန်းကျောင်းများရှိရာ လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားနေ၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နိုင်ရန် တာချီလိတ်ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။

"အဓိက ကတော့ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ အထက်တန်းကျောင်း (၃) ကျောင်းရှိတယ်။ ဆန်ဆိုင်းကျောင်းရယ်၊ ဟောင်လိတ်ကျောင်းရယ်၊ အထက(တာချီလိတ်)ရယ် (၃) ကျောင်းရှိတာပေါ့။ ကျောင်းတွေရဲ့ရှေ့မှာ ဗိုလ်ချုပ်လမ်းဖြစ်နေတော့ ယာဉ်ကြောကြပ်တယ်။ ကျောင်းသားတွေ အသွားအလာများနေတယ်။ အဝင်အထွက်ပေါက်တွေက တစ်ချို့ (၁) ပေါက် (၂) ပေါက်ပဲရှိနေတဲ့အတွက် မိဘတွေ လာကြိုတဲ့ဟာရော ကျောင်းသားတွေ သွားလာတာရောဆိုတော့ ယာဉ်ကြောကြပ်တည်းမှု အမြဲတမ်းဖြစ်တယ်။ ကျောင်းသားတွေ အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ လာကြည့်တာပေါ့။ ဒီမှာလူကူးမျဉ်းကျားတော့ ရှိတယ်။ ကျောင်းသားတွေ အတွက် ကူးဖို့လုံလောက်သလား၊ မလုံလောက်သလား၊ လူကူးမျဉ်းကျားကို ချဲ့ပေးရမလား၊ ကျောင်းရဲ့ ဝင်ပေါက် ထွက်ပေါက်ကို ချဲ့ပေးရမလားဆိုတာ လက်တွေ့ကွင်းဆင်းပြီး လာကြည့်တာပေါ့"ဟု တာချီလိတ်ခရိုင်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း အဓိက လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ အခြေခံပညာ အထက်ကျောင်း (၃) ကျောင်းဖြစ်သည့် အထက(တာချီလိတ်)၊ အထက(ဟောင်လိတ်)နှင့် အထက (ဆန်ဆိုင်း)တို့၌ ကျောင်းတက်၊ ကျောင်းဆင်းချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ်နေသဖြင့် ကျောင်းများရှေ့ရှိ လူကူးမျဉ်းကျားများ အသုံးပြုရန် လုံလောက်မှုရှိမရှိနှင့် အထက(ဆန်ဆိုင်း)တွင် ကျောင်းဝင်ပေါက် (၁)ခုသာရှိသဖြင့် ကျောင်းဝင်ပေါက်ထပ်တိုးပေးရန် လိုအပ်မည့်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်းနှင့် အထက-ခွဲ(ပုန်းထွန်) အပါအဝင် အခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်းတို့တွင် စုစုပေါင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင် (၁၁)ဦးက တာဝန်ယူပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်လ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net