တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ၀တၱကေျမဧရိယာအတြင္းရွိ က်ဳိးက်လဲၿပိဳႏိုင္သည့္ သစ္ပင္မ်ားကို ဆက္လက္ ရွင္းလင္းဖယ္ရွားမည္

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ၀တၱကေျမဧရိယာအတြင္းရွိ က်ဳိးက်လဲၿပိဳႏိုင္သည့္ သစ္ပင္မ်ားကို ဆက္လက္ ရွင္းလင္းဖယ္ရွားမည္
ဇူလိုင် 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မကာအိုခမ္းရပ္ကြက္အတြင္းရိွ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္၏ ၀တၱကေျမ ဧရိယာအတြင္း လဲက်မႈအႏၱရာယ္ရိွႏိုင္သည့္ သစ္ပင္ႀကီးမ်ားကို သက္ဆိုင္ရာဌာနမ်ားႏွင့္ ညိႇႏိုင္းၿပီး ရွင္းလင္းဖယ္ရွားမႈမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေရႊတိဂံုေဂါပကအဖြဲ႕ေတြနဲ႔ ေပါင္းစပ္ၿပီးေဆာင္ရြက္သြားမွာပါ။ ေတြ႕ေနရတဲ့အပင္ေတြက လမ္းသြားလမ္းလာေတြအတြက္ အႏၱရာယ္ရိွတာေပါ့။ ဖုန္းႀကိဳးေတြ၊ မီးႀကိဳးေတြနဲ႔ မလြတ္ေတာေတြရိွတယ္။ သက္ဆိုင္ရာ ေရႊတိဂံုေဂါပကအဖြဲ႕နဲ႔ ညိႇႏိုွင္းၿပီးေတာ့ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕အားနဲ႔ ေဆာင္ရြက္သြားဖို႔ ရိွပါတယ္"ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္း တာခ်ီလိတ္ေရႊတိဂံုအေနာက္ဘက္ ယာေျမ(ျမတ္ေလးလမ္း)တြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၂၇)ရက္ေန႔ ေန႔လည္(၁)နာရီခြဲ ဝန္းက်င္က တာခ်ီလိတ္ေရႊတိဂံုေစတီ၏ ဝတၱကေျမ အတြင္းရွိ သစ္ပင္ႀကီးလဲက်မႈေၾကာင့္ ဓါတ္တိုင္က်ဳိးက်ရာမွ ျမတ္ေလးလမ္းတစ္ေလွ်ာက္ လွ်ပ္စစ္မီး ျပတ္ေတာက္သြားၿပီး လမ္းပိတ္ဆို႔မႈမ်ားျဖစ္ေပၚခဲ့ရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုးႏွင့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕တို႔မွ လဲက်သစ္ပင္ရွင္းလင္းျခင္းႏွင့္ မီးတိုင္မ်ားလဲလွယ္ျခင္းမ်ားေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါသစ္ပင္လဲက်မႈေၾကာင့္ အနီးရွိ အိမ္ေခါင္မိုးမွာ ပ်က္စီးမႈျဖစ္ေပၚခဲ့ေသာ္လည္း အနီးအနား ေနထိုင္သူမ်ားမွ ေဘးအႏၱရာယ္ကင္းလြတ္ခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ မီးသတ္ဌာနအေနနဲ႔ အသင့္ပါပဲ။ သစ္ပင္ႀကီးေတြအႏၱရာယ္ရိွတယ္။ ဓာတ္ႀကိဳးေတြ အိမ္ေတြေပၚမွာ လူေတြေပၚမွာက်ႏိုင္တယ္ လမ္းေတြေပၚမွာ ပိတ္ဆို႔ၿပီးက်ႏိုင္တဲ့ဟာေတြကို ရွင္းလင္းခိုင္းမယ္ဆိုရင္လည္း ကၽြန္ေတာ္တို႔က အသင့္ပါပဲ။ ျဖစ္လာခဲ့ရင္လည္း အသင့္ပါပဲ။ ကၽြန္ေတာ္တို႔က ၂၄ နာရီအသင့္ပါပဲ"ဟု တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနမွ ဒုဦးစီးမွဴး ေအာင္မ်ိဳးမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သစ္ပင္လဲၿပိဳမႈေၾကာင့္ ဓာတ္တိုင္ (၃) တိုင္လဲၿပိဳခဲ့ၿပီး ေမာ္ေတာ္ယာဥ္ (၂) စီးလည္း သစ္ပင္လဲၿပိဳမႈေၾကာင့္ ပ်င္စီးသြားခဲ့မႈ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ေမလ (၃၀) ရက္ေန႔ညပိုင္းတြင္က တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းတိုက္သြားလမ္းတြင္လည္း ျဖစ္ပြားခဲ့သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက်အတွင်းရှိ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဝတ္တကမြေ ဧရိယာအတွင်း လဲကျမှုအန္တရာယ်ရှိနိုင်သည့် သစ်ပင်ကြီးများကို သက်ဆိုင်ရာဌာနများနှင့် ညှိနိုင်းပြီး ရှင်းလင်းဖယ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရွှေတိဂုံဂေါပကအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးဆောင်ရွက်သွားမှာပါ။ တွေ့နေရတဲ့အပင်တွေက လမ်းသွားလမ်းလာတွေအတွက် အန္တရာယ်ရှိတာပေါ့။ ဖုန်းကြိုးတွေ၊ မီးကြိုးတွေနဲ့ မလွတ်တောတွေရှိတယ်။ သက်ဆိုင်ရာ ရွှေတိဂုံဂေါပကအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အားနဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း တာချီလိတ်ရွှေတိဂုံအနောက်ဘက် ယာမြေ(မြတ်လေးလမ်း)တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့ နေ့လည်(၁)နာရီခွဲ ဝန်းကျင်က တာချီလိတ်ရွှေတိဂုံစေတီ၏ ဝတ္တကမြေ အတွင်းရှိ သစ်ပင်ကြီးလဲကျမှုကြောင့် ဓာတ်တိုင်ကျိုးကျရာမှ မြတ်လေးလမ်းတစ်လျှောက် လျှပ်စစ်မီး ပြတ်တောက်သွားပြီး လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ တာချီလိတ်မြို့မီးလင်းရေးရုံးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ လဲကျသစ်ပင်ရှင်းလင်းခြင်းနှင့် မီးတိုင်များလဲလှယ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ မီးသတ်ဌာနအနေနဲ့ အသင့်ပါပဲ။ သစ်ပင်ကြီးတွေအန္တရာယ်ရှိတယ်။ ဓာတ်ကြိုးတွေ အိမ်တွေပေါ်မှာ လူတွေပေါ်မှာကျနိုင်တယ် လမ်းတွေပေါ်မှာ ပိတ်ဆို့ပြီးကျနိုင်တဲ့ဟာတွေကို ရှင်းလင်းခိုင်းမယ်ဆိုရင်လည်း ကျွန်တော်တို့က အသင့်ပါပဲ။ ဖြစ်လာခဲ့ရင်လည်း အသင့်ပါပဲ။ ကျွန်တော်တို့က ၂၄ နာရီအသင့်ပါပဲ"ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး အောင်မျိုးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်ပင်လဲပြိုမှုကြောင့် ဓာတ်တိုင် (၃) တိုင်လဲပြိုခဲ့ပြီး မော်တော်ယာဉ် (၂) စီးလည်း သစ်ပင်လဲပြိုမှုကြောင့် ပျင်စီးသွားခဲ့မှု ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ (၃၀) ရက်နေ့ညပိုင်းတွင်က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်သွားလမ်းတွင်လည်း ဖြစ်ပွားခဲ့သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net