ထိုင်းနိုင်ငံဘက်မှ နယ်စပ်တံတား (၂)စင် းပိတ်လိုက်၍ တာချီလိတ်တွင် ကုန်ဈေးနှုန်း မတက်စေရေး ခရိုင်စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ချက်များ ထုတ်ပြန်

ထိုင်းနိုင်ငံဘက်မှ နယ်စပ်တံတား (၂)စင် းပိတ်လိုက်၍ တာချီလိတ်တွင် ကုန်ဈေးနှုန်း မတက်စေရေး ခရိုင်စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ချက်များ ထုတ်ပြန်
မတ် 21, 2020
By Tachileik News Agency

ထိုင်းနိုင်ငံဘက်မှ နယ်စပ်တံတား (၂)စင် းပိတ်လိုက်၍ တာချီလိတ်တွင် ကုန်ဈေးနှုန်း မတက်စေရေး ခရိုင်စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ချက်များ ထုတ်ပြန်

တာချီလိတ်တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)စင်းလုံးကို ထိုင်းဘက်မှ ပိတ်မည်ဖြစ်၍ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ ည (၉)နာရီတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက အရေးပေါ် အစည်းအဝေးကျင်းပကာ ဒေသတွင်း ကုန်ဈေးနှုန်းမတက်စေရေးအတွက် လုပ်ဆောင်မည့် ကိစ္စများကို ဆွေးနွေးညှိနှိုင်းပြီး ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

- သတိပေးကြေငြာချက် ထုတ်ပြန်ခြင်း -
                                                    ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်  မတ်လ  ၂၁ ရက်

၁။ Corona Virus COVID-19  ဖြစ်ပွားနေမှု ထိန်းချုပ်သည့်အနေဖြင့်  မြန်မာ-ထိုင်း နှစ်နိုင်ငံ အမှတ်(၂)ချစ်ကြည်ရေးတံတားကို(၂၁-၃-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်မှ စတင် ပိတ်ထားပြီးဖြစ်ပါသည်။ ထိုင်းနိုင်ငံမှ ထပ်မံညှိနှိုင်းလာချက်အရ  အမှတ်(၁) ချစ်ကြည်ရေး တံတား ကို  (၂၃-၃-၂၀၂၀) ရက်နေ့ (တနင်္လာနေ့)တွင် စတင်၍ ပိတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂။ ထိုင်းနိုင်ငံမှ တရားဝင်အကြောင်းကြားစာ လက်ခံရရှိခြင်းမရှိသေးသော်လည်း ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ နှစ်နိုင်ငံချစ်ကြည်ရေးတံတားများအား ပိတ်ထားသော်လည်း တာချီလိတ် ဒေသအတွက်လိုအပ်သည့် စက်သုံးဆီနှင့် အခြားလိုအပ်သော ကုန်ပစ္စည်းများကို အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တင်သွင်းခွင့်ရရှိရေး ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများနှင့်  ညှိနှိုင်းဆောင်ရွက် လျက်ရှိပါသည်။

၃။ တာချီလိတ်မြို့ စက်သုံးဆီအသင်းအနေဖြင့် စက်သုံးဆီဆိုင်များ၌ ဒီဇယ်လီတာ (၆၈၀,၀၀၀) သိန်းခန့်နှင့် ဓါတ်ဆီလီတာ (၇၀၀,၀၀၀)ခန့် သိုလှောင်ထားရှိသည့်အတွက် ဒေသခံပြည်သူ များ၏ အိမ်သုံးမော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသယ်တင်မော်တော်ယာဉ်လိုင်းများကို ယခင် စျေးနှုန်းများအတိုင်း ဦးစားပေးရောင်းချရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

၄။ တာချီလိတ်မြို့နယ် ဒေသခံပြည်သူများအနေဖြင့် ကောလဟာလသတင်းများကြောင့် အထိတ်အလန့်မဖြစ်စေရေးနှင့် သတင်းအမှန်ကိုသာ စောင့်ကြည့်ဆောင်ရွက်ကြပါရန် အသိပေးနှိုး ဆော်အပ်ပါသည်။

                                                                                          ခရိုင်စီမံခန့်ခွဲမှုကော်မတီ
                                                                                         တာချီလိတ်မြို့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~