ေတာင္ႀကီး - က်ဳိင္းတံုသြားလမ္းေပၚရွိ ခံႏိုင္၀န္ တန္(၆၀)အထိရွိမည့္ သံလြင္ျမစ္ကူးတံတားသစ္(တာေကာ္)အတြက္ စတင္ ပႏၷက္တင္

ေတာင္ႀကီး - က်ဳိင္းတံုသြားလမ္းေပၚရွိ ခံႏိုင္၀န္ တန္(၆၀)အထိရွိမည့္ သံလြင္ျမစ္ကူးတံတားသစ္(တာေကာ္)အတြက္ စတင္ ပႏၷက္တင္
ဇူလိုင် 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)အၾကား ေတာင္ႀကီး ႏွင့္ က်ဳိင္းတံုသြားလမ္းေပၚ သံလြင္ျမစ္ကူးတံတား(တာေကာ္)အား ခံႏိုင္၀န္ တန္(၆၀)အထိရွိမည့္ တံတားသစ္ စတင္တည္ေဆာက္ရန္အတြက္ ပႏၷက္တင္ျခင္း အခမ္းအနားကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၁)ရက္ေန႔ နံနက္(၉)နာရီေက်ာ္က က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

လက္ရွိတံတားေဟာင္းမွာ သက္တမ္းအားျဖင့္ (၄၅)ႏွစ္ၾကာျမင့္ေနၿပီး ခံႏိုင္၀န္အား (၂၄)တန္အထိ ေလွ်ာ့ခ်ခြင့္ျပဳထားသည့္အတြက္ အသစ္တည္ေဆာက္မည့္  သံလြင္ျမစ္ကူးတံတား(တာေကာ္)အား ခံႏိုင္၀န္ တန္(၆၀)အထက္ တည္ေဆာက္မည္ျဖစ္ၿပီး တံတား၏ ေပအရွည္မွာ (၃၅၁)မီတာရွိမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တံတားသစ္အတြက္  ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလံုးဆိုင္၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးဗိုလ္ခ်ဳပ္သန္းလႈိင္၊ ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ဦးေက်ာ္လင္း၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦးခြန္ရဲေထြး၊ တံတားဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေနေအာင္ရဲျမင့္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းစိန္ ႏွင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းခင္ေစာတို႔က ပႏၷက္ရိုက္သြင္းျခင္းႏွင့္ အေမႊးနံ႔သာေရမ်ား ပက္ျဖန္းျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဆက္စပ္ေနသည့္ မိုင္းတံု - မိုင္းပန္သြားလမ္းရွိ သံလြင္တံတား(တာဆန္း)အား အသစ္တည္ေဆာက္ရန္အတြက္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၆)ရက္ေန႔က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္လာေရာက္ကာ သံလြင္တံတား(တာဆန္း) တည္ေဆာက္ေရး စီမံကိန္းအတြက္ ပႏၷက္တင္ေပးခဲ့ၿပီး အခမ္းအနားတြင္ ရွမ္းျပည္နယ္တြင္ သံလြင္ျမစ္ကိုု ျဖတ္သန္းတည္ေဆာက္ထားသည့္ တံတား (၅) စင္းရိွသည့္အနက္ သက္တမ္း (၅၀)ရိွေနသည့္ ကြမ္လံုတံတားႏွင့္ သက္တမ္း (၄၅)ႏွစ္ ရိွေနသည့္ တာေကာ္တံတား တုိ႔ကိုလည္း အသစ္ျပန္လည္ျပဳျပင္တည္ေဆာက္ရန္ အစီအစဥ္ရွိေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ (၄)လေက်ာ္အၾကာတြင္ သံလြင္ျမစ္ကူးတံတား(တာေကာ္)သစ္အတြက္ ပႏၷက္တင္ျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ရွမ္းျပည္နယ္အစိုးရအဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အကြား တောင်ကြီး နှင့် ကျိုင်းတုံသွားလမ်းပေါ် သံလွင်မြစ်ကူးတံတား(တာကော်)အား ခံနိုင်ဝန် တန်(၆၀)အထိရှိမည့် တံတားသစ် စတင်တည်ဆောက်ရန်အတွက် ပန္နက်တင်ခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့ နံနက်(၉)နာရီကျော်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

လက်ရှိတံတားဟောင်းမှာ သက်တမ်းအားဖြင့် (၄၅)နှစ်ကြာမြင့်နပြေီး ခံနိုင်ဝန်အား (၂၄)တန်အထိ လျှော့ချခွင့်ပြုထားသည့်အတွက် အသစ်တည်ဆောက်မည့် သံလွင်မြစ်ကူးတံတား(တာကော်)အား ခံနိုင်ဝန် တန်(၆၀)အထက် တည်ဆောက်မည်ဖြစ်ပြီး တံတား၏ ပေအရှည်မှာ (၃၅၁)မီတာရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားသစ်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောတို့က ပန္နက်ရိုက်သွင်းခြင်းနှင့် အမွှေးနံ့သာရေများ ပက်ဖြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆက်စပ်နေသည့် မိုင်းတုံ - မိုင်းပန်သွားလမ်းရှိ သံလွင်တံတား(တာဆန်း)အား အသစ်တည်ဆောက်ရန်အတွက် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက်ကာ သံလွင်တံတား(တာဆန်း) တည်ဆောက်ရေး စီမံကိန်းအတွက် ပန္နက်တင်ပေးခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်တွင် သံလွင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတား (၅) စင်းရှိသည့်အနက် သက်တမ်း (၅၀)ရှိနေသည့် ကွမ်လုံတံတားနှင့် သက်တမ်း (၄၅)နှစ် ရှိနေသည့် တာကော်တံတား တို့ကိုလည်း အသစ်ပြန်လည်ပြုပြင်တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် (၄)လကျော်အကြာတွင် သံလွင်မြစ်ကူးတံတား(တာကော်)သစ်အတွက် ပန္နက်တင်ခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net