တာချီလိတ်မြို့တွင် (၆)လတာ ကာလအတွက် ဆိုင်းဘုတ်တပ်ဆင်ခွင့် အခွန်အခများကို စည်ပင်က လိုက်လံ ကောက်ခံ

တာချီလိတ်မြို့တွင် (၆)လတာ ကာလအတွက် ဆိုင်းဘုတ်တပ်ဆင်ခွင့် အခွန်အခများကို စည်ပင်က လိုက်လံ ကောက်ခံ
ဒီဇင်ဘာ 16, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဆိုင်များမှ ဆိုင်းဘုတ်တပ်ဆင်ခွင့် အခွန်အခများကို လိုက်လံကောက်ခံနေလျက်ရှိသည်။

မနေ့က စည်ပင်ကလူတွေ ယူနီဖောင်းမဝင်ထားဘူး။ အရပ်ဝတ်နဲ့ပဲ ဆိုင်းဘုတ်အခွန် လိုက်ကောက်နေတာ။ တချို့လည်း တခါတည်း ပေးလိုက်ကြတာရှိသလို၊ တချို့လည်း ရုံးကို သွားပေးမယ်လို့ပဲ ပြောကြတာတွေရှိတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency ပြောသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၁ - ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အောက်တိုဘာလ မှ မတ်လအထိ (၆)လတာကာလအတွင်း ကောက်ခံခြင်း ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency