တာချီလိတ်မြို့အ၀င်တွင် ညပိုင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေး

တာချီလိတ်မြို့အ၀င်တွင် ညပိုင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေး
ဇူလိုငျ 21, 2019
By Tachileik News Agency



Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ညပိုင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေမှုအဖြစ် တာချီလိတ် - ကျိုင်းတုံသွားလမ်း ဟောင်လိတ်မီးပွိုင့်လမ်းဆုံ အနီးတွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ ညပိုင်းက စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရာတွင် တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်မင်းမင်းအောင် ဦးစီးသည့်အဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ)မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ တပ်ဖွဲ့ဝင်များ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် သက်ဆိုင်ပူးပေါင်းအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်တွင် နေ့ပိုင်း၌ ရှောင်တခင် စစ်ဆေးမှုအဖြစ် ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြုလုပ်လျက်ရှိပြီး ညပိုင်းတွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net