Update News

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ကယ်မောင်းလိုင်စင် တစ်ရက်တာကွင်းဆင်းဆောင်ရွက်ပေးမှု (၆၅) ဦးရှိခဲ့ပြီး ဇူလိုင် (၁၂) ရက်နေ့တွင် ထပ်မံဆောင်ရွက်ပေးမည်




ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,၀၀၀)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,၀၀၀) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက်  ကျပ် (၁၉,၀၀၀)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,၀၀၀) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချီိလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် မှတ်ပုံတင် မူရင်း/မိတ္တူ၊ လိုင်စင်ဓါတ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုလို ပြုလုပ်ပေးနေခြင်းသည် ဆိုင်ကယ်မောင်းလိုင်စင်မရှိသေးသူများအတွက်သာဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ လာရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း ရုံးဖွင့်ရက်များတွင် နေ့စဉ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ကယ်မောင်းလိုင်စင်များကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ (၆၅) ဦးလာရောက်လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

"ဒီနေ့လာလုပ်တဲ့သူတွေကို ဇူလိုင် (၂၉) ရက်နေ့မှာ လိုင်စင်ထုတ်ပေးမှာပေါ့။ မနက်ဖြန်လာလုပ်တဲ့သူတွေကို သြဂုတ်လ (၂) ရက်နေ့မှာ လိုင်စင်ထုတ်ပေးမယ်"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အစီအစဉ်ကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်)နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး နံနက် (၉)နာရီမှ နေ့လယ် (၂)နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။

ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချိီလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် မှတ်ပုံတင် မူရင်း/မိတ္တူ၊ လိုင်စင်ဓာတ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုလို ပြုလုပ်ပေးနခြေင်းသည် ဆိုင်ကယ်မောင်းလိုင်စင်မရှိသေးသူများအတွက်သာဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနဖြေင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ လာရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း ရုံးဖွင့်ရက်များတွင် နေ့စဉ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

Note: Only a member of this blog may post a comment.