ေက်ာက္မဲ - မိုးကုတ္သြားလမ္းေပၚတြင္ အမ်ဳိးသားႏွစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ

ေက်ာက္မဲ - မိုးကုတ္သြားလမ္းေပၚတြင္ အမ်ဳိးသားႏွစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊  ေက်ာက္မဲ - မိုးကုတ္သြားလမ္းေပၚ ေက်ာက္မဲၿမိဳ႕အပိုင္း၊ ေတာင္ေနာက္ေက်းရြာအနီးတြင္ ပူးေပါင္းအဖြဲ႔ျဖင့္ ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာက ဆိုင္ကယ္ျဖင့္လာသည့္ အမ်ဳိးသားႏွစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္ဆီးရမိေၾကာင္း သိရသည္။

အဆိုပါ လမ္းေပၚတြင္ စစ္ဘက္ဆိုင္ရာလုံၿခံဳေရးတပ္ဖြဲ႔ႏွင့္ ၿမိဳ႕မရဲတပ္ဖြဲ႔တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔က မူးယစ္ေဆးဝါးသတင္းအရ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၆)ရက္ေန႔ နံနက္(၁၁)နာရီ၀န္းက်င္အခ်ိန္က ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္စဥ္  ေက်ာက္မဲဘက္မွ မိုးကုတ္ဘက္သို႔ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးအား စစ္ေဆး ရွာေဖြရာ ဆိုင္ကယ္ခြၾကားတြင္ညွပ္တင္လာေသာ ဆာလာအိတ္အတြင္းမွ အေလးခ်ိန္ စုစုေပါင္း (၁၁၀)ဂရမ္ ႏွင့္  စိတ္ၾကြရူးသြပ္ေဆးျပား  စုစုေပါင္း ( ၁၇၃၉ ) ျပား တို႔ကို ရွာေဖြေတြ႔ရွိရ၍ ဖမ္းဆီးသိမ္းဆည္းလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ မူးယစ္ေဆး၀ါးမ်ားႏွင့္ ပတ္သက္၍ ကြင္းဆက္တရားခံမ်ားအား ေဖာ္ထုတ္ေနေၾကာင္း ႏွင့္ လက္ရွိတြင္ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့့္  အသက္(၃၇)ႏွစ္ရွိ အိုက္ကီး ႏွင့္ (၂၃)ႏွစ္ရွိ စိုင္းပန္းဥာဏ္တို႔အား   ေက်ာက္မဲၿမိဳ႕မရဲ စခန္းတြင္ မယ(ပ )၄၂/၂၀၁၉၊ မူး/ စိတ္ ပုဒ္မ ၁၉( က )/ ၂၁ အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ေစာမင္းၾကဴ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ - မိုးကုတ်သွားလမ်းပေါ် ကျောက်မဲမြို့အပိုင်း၊ တောင်နောက်ကျေးရွာအနီးတွင် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာက ဆိုင်ကယ်ဖြင့်လာသည့် အမျိုးသားနှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်ဆီးရမိကြောင်း သိရသည်။

အဆိုပါ လမ်းပေါ်တွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၉ခုနှစ် ဇူလိုင်လ(၆)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်စဉ် ကျောက်မဲဘက်မှ မိုးကုတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးအား စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်ညှပ်တင်လာသော ဆာလာအိတ်အတွင်းမှ အလေးချိန် စုစုပေါင်း (၁၁၀)ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ( ၁၇၃၉ ) ပြား တို့ကို ရှာဖွေတွေ့ရှိရ၍ ဖမ်းဆီးသိမ်းဆည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ကွင်းဆက်တရားခံများအား ဖော်ထုတ်နေကြောင်း နှင့် လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၃၇)နှစ်ရှိ အိုက်ကီး နှင့် (၂၃)နှစ်ရှိ စိုင်းပန်းဉာဏ်တို့အား ကျောက်မဲမြို့မရဲ စခန်းတွင် မယ(ပ )၄၂/၂၀၁၉၊ မူး/ စိတ် ပုဒ်မ ၁၉( က )/ ၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စောမင်းကြူ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net